Shwe Dagon

Shwe Dagon

Saturday, January 31, 2015

မဖုံးနိုင် မဖိနိုင် အတွင်းစိတ်


မဖုံးနိုင် မဖိနိုင် အတွင်းစိတ်
အတွင်းစိတ်

လွတ်လပ်ရေးနေ့ဗိုလ်ရှုခံအခမ်းအနားအကြို ဇန်နဝါရီ ၃ ရက်နေ့က နေပြည်တော်မှာ UWSA နဲ့ တွေ့ဆုံရာမှာ နာမယ်ဆိုးနဲ့ဟိုးဟိုးကျော်တဲ့ အောင်သောင်းက အခုလိုပြောခဲ့တယ်။

ဦးအောင်သောင်း -
"…စုကြည်၊ ခွန်ထွန်းဦး၊ ဆေထင်တို့က ပဒေသရာဇ်စနစ်ကို အကောင်အထည်ဖော်ဖို့လုပ်နေတယ်။ ကျနော်တို့ရည်ရွယ်ချက်နဲ့ မတူဘူး။ သူတို့က ကျနော်တို့ကို ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးနေတယ်လို့ပြောသလို ခွန်ထွန်းဦး၊ ဆေထင်တို့လဲ ရှမ်းလူမျိုးကြီးဝါဒကို လုပ်နေတာဘဲဖြစ်တယ်။ နောက်ဆုံးခွဲထွက်ဖို့အထိ အန္တရာယ်ရှိတယ်။
SSPP အဖွဲ့ကို ဆွဲနိုင်သမျှ ပြန်ဆွဲထားပါ။ ဆေးထင်က UNA ကိုလဲ ဝင်ထားတယ်။ UNA က ခွန်ထွန်းဦးဦးဆောင်နေ တယ်။ သူတို့ကို ဆွဲဆောင်နိုင်သမျှ ဆွဲထားပါ။ စွန့်ပစ်လိုက်ရင် သူတို့က လေလွင့်တဲ့ခွေးဖြစ်သွားမယ်။ အထူး(၂)၊ အထူး(၄) လုပ်နေတာ ကောင်းတယ်။ SSPP ယိမ်းကနေတာကို စိုးရိမ်နေရတယ်။ SSPP ရဲ့ခွဲထွက်မှုက မကောင်းဘူး။…

MPC ကို ကျနော် လုံးဝ အယုံအကြည်မရှိဘူး။ ဘုန်းကြီးလူထွက်လိုဘဲ၊ လူမှုရေး၊ ကျန်းမာရေး ဘာမှနားမလည်ဘူး။ နောက်ဆုံး မိန်းမလောက်တောင် အသုံးမကျဘူး။ အမေရိကန်မှာပညာသင်ပြီး မြန်မာပြည်အကြောင်းလုံးဝမသိဘဲ စာအုပ်ဖတ်ပြီး စာအုပ်ထဲကအတိုင်း လုပ်နေတာဘဲဖြစ်တယ်။ ဆေးဆရာလိုဘဲ မျက်ဖြူဆိုက်လေ ဆရာဝန်ကြိုက်လေ။…

ဂျာနယ်တွေလာရင် လက်မခံနဲ့။ ဂျာနယ်တွေက အဆင့်အတန်းနိမ့်နေသေးတယ်။ သမာသမတ်မရှိ၊ သိက္ခာမရှိကြဘူး။ လူကြိုက်များဖို့၊ရောင်းရဖို့ဘဲ စဉ်းစားတာ။ အဆင့်အတန်းမြင့်တာကို မရေးဘူး၊ မဟုတ်တာတွေဘဲ ရေးတယ်။ သေချာစဉ်းစားပြီး ဂျာနယ်တွေကို လက်မခံပါနဲ့၊ လက်မခံတာ အကောင်းဆုံးဘဲ။…"

အောင်သောင်းရဲ့စကားဟာ စစ်အုပ်စုကိုကိုယ်စားပြုတဲ့စကားဖြစ်တယ်။ ဒီစကားကိုကြည့်ရင် သိန်းစိန်-ရွှေမန်း-မင်းအောင်လှိုင်တို့ရဲ့ ဒေါ်စုအပေါ်သဘောထားဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတိုင်း အပြောင်းအလဲမရှိတာတွေ့နိုင်တယ်။ 'စုကြည်' ဆိုတဲ့အခေါ်အဝေါ်ကိုဘဲ ဆက်သုံးနေတာ သူတို့သဘောထားကို ရှင်းရှင်းကြီးပြနေတယ်။

စစ်အုပ်စုဟာ တိုင်းရင်းသားလူမျိုးတွေကို တမျိုးနဲ့တမျိုး သွေးခွဲရန်တိုက်ပေးတဲ့ လမ်းစဉ်ကျင့်သုံးနေတာလဲ ရှင်းရှင်းလင်းလင်းတွေ့ရတယ်။ UWSA ဝ အဖွဲ့နဲ့တွေ့ရင် SSA ရှမ်း မကောင်းကြောင်းပြော၊ SSA ရှမ်းအဖွဲ့ကို UWSA နဲ့ ရန်တိုက်၊ SSPP/SSA ရှမ်းမြောက်အဖွဲ့ကို RCSS/SSA ရှမ်းတောင်အဖွဲ့မကောင်းကြောင်းပြော၊ RCSS/SSA ရှမ်းတောင် အဖွဲ့နဲ့တွေ့ရင် SSPP/SSA ရှမ်းမြောက်အဖွဲ့အပုပ်ချ၊ KNU ကို DKBA မကောင်းကြောင်းပြော၊ DKBA ကို KNU နဲ့ရန်တိုက် စသဖြင့် ယုတ်ကန်းညစ်ပတ်မှုတွေတောက်လျှောက် လုပ်နေတဲ့ သက်သေဖြစ်တယ်။

အဓိက က UNFC နဲ့ NCCT လမ်းကြောင်းကိုပစ်ပယ်ပြီး အရေးကြီးဆုံးအချက်တွေ မပြတ်သေးဘဲနဲ့ NCA ဆိုတဲ့တပြည်လုံးအပစ်ရပ်စာချုပ်ကို တိုင်းရင်းသားတပ်ဖွဲ့တွေ တဖွဲ့ချင်းလာ လက်မှတ်ထိုးအောင်ရည်ရွယ်တာဖြစ်တယ်။ ဒါဟာ အနှစ်သာရအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖြိုခွဲနေတာဖြစ်တယ်။ ဒီလို တိုင်းရင်းသားတွေ တကွဲတပြားဖြစ်မှ သူတို့လိုချင်တဲ့ပုံစံအတိုင်း စစ်ကျွန်ဇာတ်သွင်းနိုင်မှာဖြစ်တယ်။ ဒါကြောင့် လာမယ့်ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ အတင်းလက်မှတ်ထိုးဖို့ဖိအားပေးနေတာဖြစ်တယ်။

အောင်သောင်းစကားထဲမှာ စစ်အုပ်စုရဲ့ မီဒီယာအပေါ်သဘောထားဟာ အများမြင်အောင် အပေါ်ယံပြထားတာနဲ့ လုံးဝ ဆန့်ကျင်နေတာလဲ ထင်ထင်ရှားရှားတွေ့ရတယ်။ မီဒီယာကို ရန်သူလို သဘောထားနေဆဲဖြစ်တာတွေ့ရတယ်။ ပွင့်လင်းမြင်သာရေးတို့၊ မီဒီယာလွတ်လပ်ခွင့်တို့ဆိုတာ လူကြားကောင်းရုံအော်နေတာ ထင်ရှားတယ်။

အောင်သောင်းရဲ့ MPC အပေါ်အမြင်ကတော့ အောင်မင်းနဲ့ပဋိပက္ခကို ထင်ဟပ်နေတယ်။ သန်းရွှေ-သိန်းစိန်တို့ရဲ့ပစားပေးမှုကို စားခွက်လုနေကြတဲ့အဓိပ္ပါယ်ဖြစ်တယ်။

ဒါ့အပြင် အမျိုးသမီးတွေကို ကာမဆန္ဒဖြည့်ဆီးရေးကိရိယာအဖြစ်ထားတဲ့ ဖက်ဆစ်သဘောထားကိုလဲ ပြလိုက်သေးတယ်။ ကာမဆန္ဒဖြည့်ဆီး ဝန်ဆောင်မှုပေးနိုင်စွမ်းကို စံအဖြစ်သတ်မှတ်ထားတဲ့ စစ်ဝါဒီစိတ်ဓာတ်ကို ဘွင်းဘွင်းပြတာဖြစ်တယ်။ ဒါဟာ နမ့်ခမ်းက ကချင်ဆရာမ ၂ ယောက်အပေါ် လူသတ်မုဒိန်းမှုနောက်ကွယ်က အတွေးအခေါ်ကို ထင်ဟပ်နေတယ်။

အောင်သဇင်

No comments:

Post a Comment