Shwe Dagon

Shwe Dagon

Friday, January 23, 2015

ပါတီတွင်း စိတ်ဝမ်းကြွဲပားမည်စိုး၍ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ရာထူးနေရာအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်မည့် အစီအစဉ်ဖျက်ခဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း ဥက္ကဋ္ဌနှင့် သမ္မတလောင်းဖြစ်လာနိုင်





ပါတီတွင်း စိတ်ဝမ်းကြွဲပားမည်စိုး၍ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ
ရာထူးနေရာအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ကို မဲစနစ်ဖြင့်
ပြန်လည်ရွေးချယ်မည့် အစီအစဉ်ဖျက်ခဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း
ဥက္ကဋ္ဌနှင့် သမ္မတလောင်းဖြစ်လာနိုင်
နေပြည်တော်တွင် ဇန်န၀ါရီ ၁၇၊ ၁၈ ရက်များ၌ ကျင်းပခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေး၌ ပါတီဗဟိုကော်မတီ ဥက္ကဋ္ဌ ရာထူးနေရာအတွက်
သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို မဲပေးရွေးချယ်မည့်
အစီအစဉ်အား ပါတီ တွင်း စိတ်ဝမ်း ကြွဲပားမှုများ ဖြစ်ပေါ် စေနိုင်သည့်အတကွ် ဆိုင်းငံ့ခဲ့ကြောင်း
တပ်မတော် အကြီးအကဲများ၊ အာဏာရပါတီ အစိုးရအဖွဲ့ဝင်များနှင့် ရင်းနှီးသော နိုင်ငံတော်သမ္မတရုံး
အကြံပေး ပုဂ္ဂိုလ်တစ်ဦး က မြန်မာသံတော်ဆင့် သို့ ပြောကြားလိုက်သည်။
ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော် ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ရာ
မီဒီယာများကို ကန့သ် တ်မှု စနစ်ဖြင့် ၀င်ရောက်စေခဲ့ပြီး အာဏာရပါတီနှင့် အစိုးရအဖွဲ့အပေါ် ပြင်းပြင်း
ထန်ထန် ဝေဖန် ရေးသား လျက်ရှိသော မြန်မာသံတော်ဆင့် သတင်းဌာနကိုမူ အစည်းအဝေး မတိုင်မီ
ပါတီဌာနချုပ်ရုံး တာဝန်ရှိသူတစ်ဦးက တယ်လီဖုန်းဖြင့် ဆက်သွယ် ဖိတ်ကြားခဲ့သော်လည်း
အမှန်တကယ် အစည်းအဝေး ကာလတွင်မူ မြန်မာ သံတော်ဆင့် နေပြည်တော် သတင်းထောက်ကို
ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးအတွင်း ၀င်ရောက်ခွင့် ပိတ်ပင်တားမြစ်ခြင်း ခံခဲ့ရသည်။ ကြံ့ခိုင်ရေးပါတီ
ဗဟိုကော်မတီအစည်းအဝေး စတင်ကျင်းပသည့် ပထမနေ့တွင် ထွက်ရှိသော မြန်မာသံတော်ဆင့်
ဂျာနယ်၌ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ-၃ ဦးဌေးဦး၏ အမည်ကို နိုင်ငံပိုင် သတင်းစာများက
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီနီယာ သဘောထား၍ ရေးသား ဖော်ပြနေမှုများ အား
ဝေဖန် ထောက်ပြထားသည့် သတင်းဆောင်းပါး ပါရှိခဲ့သည်။ အာဏာရ ကြံ့ခိုင်ရေးပါတီ အပေါ်
ဝေဖန်ရေးသားသည့် မီဒီယာများတွင် မြန်မာသံတော်ဆင့် မီဒီယာမှ ဝေဖန်ရေးသားချက်များ သည်
အခြားမီဒီယာများထက် ပိုမို ထိရောက်သော ဝေဖန်ချက်များဖြစ်ကြောင်း၊ အတွင်းသိဖြစ်၍ ဖွယ်ဖွယ်
ရာရာ ဖြစ်နေကြောင်းဖြင့် အာဏာရ ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင် ဗဟိုအတိုင်ပင်ခံ
ဦးအောင်သောင်းက ၂၀၁၃ ခုနှစ် အတွင်း မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ်က ထုတ်ဖော်
ပြောကြားခဲ့သည်။
မြန်မာသံတော်ဆင့်ကို ၀င်ရောက်ခွင့် မပေးခဲ့သည့် ကျင်းပခဲ့သော ဗဟိုကော်မတီ အစည်းအဝေးနှင့်
စပ်လျဉ်းသည့် ကြံ့ခိုင်ရေးပါတီ သတင်းစာရှင်းလင်းပွဲ၌ ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူက
ရှင်းလင်းဖြေကြား ချက်တွင် နိုင်ငံရေးလောက၌ အငြင်းပွားလျက်ရှိသော ကြံ့ခိုင်ရေးပါတီ
ဗဟိုကော်မတီဥက္ကဋ္ဌ အမှန်တကယ် တာဝန်ရှိသူမှာ မည်သူမည်ဝါ ဆိုသည်ကို ထည့်သွင်း
ဖြေကြားခဲ့ရာတငွ် ““ကျန်ွတော်တို့ရဲ့ ဥကဋ္ဌ္က ဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဦးသိန်းစိန်သည်
သမ္မတဖြစ်ပါသည်။ ပါတီတာဝန် ထမ်းဆောင်လို့ မရပါဘူး။ အလဲို ထမ်းဆောင်လို့ မရတ့အဲ ချိန်မှာ
ဒုတိယဥက္ကဋ္ဌထဲက ၀ါအရင့်ဆုံး ဒုတိယဥက္ကဋ္ဌတစ်ယောက်သည် ပါတီဥက္ကဋ္ဌရဲ့ တာဝန်ကို ပူးတွဲ
ထမ်းဆောင်ရတယ်””ဟု မီဒီယာများကို ပြောကြားခဲ့သည်။
ကြံ့ခိုင်ရေးပါတီ ဖွဲ့စည်းပုံတွင် ထိပ်တန်း ဗဟိုကော်မတီများအဖြစ် သိရှိကြသော ဗဟိုကော်မတီနှင့်
ဗဟို အလုပ်အမှုဆောင် ကော်မတီတို့၌ ဥက္ကဋ္ဌ-ဦးသိန်းစိန်၊ ဗဟိုအတိုင်ပင်ခံ(၃)ဦးမှာဦးအောင်သောင်း၊
ဦးစိုးသာ၊ဦးတင်ထွတ်၊ဒုဥက္ကဋ္ဌ(၁)သူရဦးရွှေမန်း၊ဒုဥက္ကဋ္ဌ(၂)သူရဦးအေးမြင့်၊ဒုဥက္ကဋ္ဌ(၃)ဦးဌေးဦး၊အထွေ
ထွေအတွင်းရေးမှူးဦးမောင်မောင်သိမ်း၊တွဲဖက်အထွေထွေအတွင်းရေးမှူး- ဦးသိန်းဇော်၊ ဗဟို အတွင်း
ရေးမှူးများမှာ – ဦးခင်အောင်မြင့်၊ ဦးသိန်းဆွေ၊ သူရဦးအောင်ကိုတို့ ပါဝင်ပြီး ပါတီတာဝန်များမှ
အနားယူ လိုသော ပုဂ္ဂိုလ်များအဖြစ် သတင်းထွက်ပေါ်နေသော တပ်မတော်အစိုးရလက်ထက်
သက်တမ်းရှည်အစိုးရ တာဝန်ရှိသူများဖြစ် ခြဲ့ကသည့် ဦးသောင်း၊ ဦးမောင်ပါ၊ ဦးလနွ်းသီ၊
ဒေါက်တာမြဦးတ့ကို ဗဟိုအကြံပေးများ အဖြစ် ထည့်သငွ်း ဖွဲ့စည်းထားသည်ကို တွေ့ရှိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင်ကံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ်ရွေးကောက်ပွဲဝင်ခဲ့သောသမ္မတဦးသိန်းစိန်သည်
ပါတီတာဝန် မထမ်းဆောင်စေကာမူ တရားဝင်ဥက္ကဋ္ဌဖြစ်ကြောင်းကြံ့ခိုင်ရေးပါတီတွင်ဒုဥက္ကဋ္ဌများထက်
တစ်ဆင့်မြင့်နေရာတွင်ရှိပြီးပါတီကိုဦးဆောင်မှုပေးနေသောပါတီဗဟိုအတိုင်ပင်ခံများကထုတ်ဖော်ပြော
ကြားခဲ့ပြီး ယင်းဥက္ကဋ္ဌနေရာအတွက်လည်း (သမ္မတလောင်းနေရာ) မစဉ်းစားရသေးကြောင်း ပါတီ
ဗဟိုအတိုင်ပင်ခံ အချို့က မြန်မာသံတော်ဆင့်သို့ ၂၀၁၄ ခုနှစ်အတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်ငံရေး လေ့လာသူများနှင့် မီဒီယာအချို့က ထကိဲု့သ့အိုာဏာ ရပါတီဥက္ကဋ္ဌနေရာအတက်ွတိတိကျကျ
ထုတ်ဖော်ခြင်းမရှိ၍ ကြံ့ခိုင်ရေးပါတီအား ဝေဖန်မှုများ၊ ရေးသားမှုများ ဆက်တိုက်ဆိုသလို ထွက်ပေါ်
လာခြဲ့ပီးနောက် လွှတ်တော်၌ပင်မေးခွန်းမေး၍ သမ္မတရုံးက လာရောက် ဖြေကြားချက်မှလည်း
အများပြည်သူ မရှင်းမလင်း ဖြေကြား မှုသာ ဖြစ်နေ၍ နိုင်ငံရေးလောကတွင် အာဏာရကြံ့ခိုင်ရေးပါတီ
ဥက္ကဋ္ဌ အစစ်အမှန် ဦးသိန်းစိန်လော၊ သူရဦးရွှေမန်းလော၊ လိပ်ခဲတည်းလည်း ယနေ့တိုင်ရှိနေခဲ့သည်။
နိုင်ငံရေး လေ့လာသူများနှင့်တပ်မတော်အစိုးရလက်ထက်တာဝန်ရှိခဲ့ကြသောနိုင်ငံရေးသမားကြီးအချို့
ဝေဖန် သုံးသပ်ချက်တွင် သမ္မတနှင့် နီးစပ်သူများက ပါတီ ဥက္ကဋ္ဌတရားဝင်မှာ သမ္မတ ဦးသိန်းစိန်
ပင်ဖြစ်ကြောင်း ပြောကြားကြပြီး ယခုနောက်ဆုံး ကျင်းပခဲ့သော ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ
အစည်းအဝေး မှတ်တမ်း များတွင် ပါတီဗဟိုကော်မတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရွေးကောက်ပွဲ
အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ တာဝန်ပင် ထမ်းဆောင်စေခဲ့ကြောင်း၊ ထို့အတွက်ကြောင့်
ကြံ့ခိုင်ရေးပါတီ ၂၀၁၅၌ အနိုင်ရ၍ အာဏာရနိုင်ရေးအတွက် အာဏာ ၃ ရပ် ကိုင်စွဲထားသူများအား
လက်မလွှတ်တမ်း အသုံးချသွား မည် ဖြစ်ကြောင်း ဝေဖန်ပြောဆို ခဲ့ကြသည်။ ၂၀၁၂ ကြားဖြတ်
ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီသည် မဲဆန္ဒနယ်အားလုံး ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီတွင်း ဂိုဏ်းကွဲမှုများ
ရှိကြောင်း၊ ပါတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ဂိုဏ်းနှင့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းဂိုဏ်း၊ မည်သည့်
ဘက်မှမလိုက်သော ကြားနေဂိုဏ်းဟူ၍ ဖြစ်ကြောင်း အာဏာရပါတီ အစိုးရနှင့် ရင်းနှီးသူများက
ဝေဖန် ပြောကြား မှုများ ရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူပြီး ပါတီတွင်း
စိတ်ဝမ်းကွဲပြားမှု အပေါ် အများပြည်သူ စိတ်ဝင်စားမှု အထူးများလာခဲ့သည်။
2014ဇွန်လတွင်အစိုးရတာဝန်ရှိသူအချို့နှင့်ကြံ့ခိုင်ရေးဒုဥက္ကဋ္ဌ၃ဦးဌေးဦးတို့၏လုပ်ဆောင်ချက်များအေ
ပါ် ပြင်းပြင်း ထန်ထန် ဝေဖန်ထောက်ပြ ပြောကြားခဲ့သော ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင်သာသနာရေး
ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်အား အစိုးရက ဖမ်းဆီး အရေးယူခ့ရဲာ၌ ဦးဆန်းဆင့်
စီရင်ချက်အတွက် သက်ညှာစွာ စဉ်းစား၍ လွတ်မြောက်နိုင်ရန် လက်ရှိ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ
ဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ကြံ့ခိုင်ရေးဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်ထံသို့
သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ခြင်း၌ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်လက်မှတ်
ထိုး တောင်းဆိုခ့ေဲ သ်ာလည်း အစိုးရမှ ဦးဆန်းဆင့်ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်ခ့သဲ ည်။
ထ့အို တက်ွကြောင့် သူရဦးရွှေမန်း ဂိုဏ်းဝင်ဖြစ်သော ဦးဆန်းဆင့်ကို သမ္မတ ဦးသိန်းစိန်ဂိုဏ်းမှ
ဖမ်းဆီး ခဲ့သည်ဟူ၍လည်း ၀ါရင့်နိုင်ငံရေးသမားကြီးများက သုံးသပ် ပြောဆိုခဲ့ကြသည်။
ယင်းသို့ ကြံ့ခိုင်ရေးပါတီတငွ်း ဂိုဏ်းဂဏများ ကြွဲပားနေကြောင်း ဝေဖန်သံ ညံနေချိန်   တွင် ကြံ့ခိုင်ရေး
ပါတီ ထိပ်တန်း ဗဟိုကော်မတီဝင်များဖြစ်သည့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊
ဦးအောင်မင်းနှင့် ဦးခင်ရီ(လ၀က)တို့ကိုဝေဖန်သူများမှာဟက်လိုင်နာ(အမာဂိုဏ်းသားများ)ဖြစ်ကြောင်း
ဝန်ကြီးဦးစိုးသိန်းက မီဒီယာ အချို့ကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော် ပြောကြားလာခဲ့ရာ
ဒုဥက္ကဋ္ဌများထက် ပါတီတာဝန် အဆင့်မြင့်သော ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် ဦးတင်ထွတ်တို့
အပါအ၀င် ပါတီထိပ်တန်း ခေါင်းဆောင် အချို့က ထိုက့သဲ့ို ဦးစိုးသိန်းမှ ဟက်လိုင်နာဟု ပြောခြင်းနှင့်
ပတ်သက်၍ မြန်မာသံတော်ဆင့်မှ တစ်ဆင့် ပြန်လည် တုံ့ပြန်ခဲ့ကြသည်။
ထို့အတွက်ကြောင့် လည်း နိုင်ငံရေးဝေဖန် လေ့လာသူများတွင် ကြံ့ခိုင်ရေး ပါတီတွင်း၌ အမာဂိုဏ်းနှင့်
အပျော့ဂိုဏ်း ထပ်မံကြွဲပား ကြပြန်ကြောင်း သုံးသပ်ခဲ့ကြသည်။ ပြည်ထောင်စု အစိုးရအဖွဲ့မှ  နုတ်ထွက်
အနားယူကြသော အစိုးရအဖွဲ့ဝင် ယခင် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင် များအားလည်း ပါတီမှ ထုတ်ပယ်ခြင်း မပြုဘဲစည်းရုံးရေးသဘောအရပါတီတာဝန်များကို
ဆက်လက် ပေးအပ်ကြောင်းလည်း ပါတီထိပ်တန်းဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦး က
မြန်မာသံတော်ဆင့်သို့ ပြောကြား ခဲ့သည်။
အငြင်းပွားလျက်ရှိသောတရားဝင်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနေရာတွင်ဦးသိန်းစိန်နှင့်သူရဦးရွှေမန်းတို့ တာဝန်
မရှိတော့ပါကပါတီဥက္ကဋ္ဌ(သမ္မတလောင်း)အဖြစ် လက်ရှိကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး
ဦးမောင်မောင်သိမ်း(ယခင်စစ်အစိုးရလက်ထက် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဗိုလ်မှူးချုပ်)
ဖြစ်လာနိုင်ကြောင်း၊
ဦးမောင်မောင်သိမ်းမှာ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်၍ ငွေကြေး ခိုင်မာ တောင့်တင်းကြောင်း အစိုးရနှင့်
လွှတ်တော်အပေါ် ဝေဖန်ချက်ပြင်းထန်သည့် နိုင်ငံရေး ဆောင်းပါး များ ရေးသားလျက်ရှိသော
ကြံ့ခိုင်ရေးပါတီထိပ်တန်းခေါင်းဆောင်များလေးစားရိုသေခြင်းခံရသည့်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆော
င် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာပညာသာမိ တောင်ကလေး ဆရာတော်ကြီး က
မြန်မာသံတော်ဆင့်သို့ သုံးသပ်မိန့်ကြား ထားခဲ့ပြီး
နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူ ၀ါရင့်နိုင်ငံရေးသမား အချို့ကလည်း ယင်းသုံးသပ်ချက် အတိုင်းပင်
စီနီယာအရ ဗိုလ်မှူးချုပ်(ငြိမ်း) ဦးမောင်မောင်သိမ်းသည် ဥက္ကဋ္ဌနှင့် သမ္မတလောင်း ဖြစ်လာနိုင်ကြောင်း
အတည်ပြု သုံးသပ် ပြောကြားခဲ့သည်။__

1 comment:

  1. Hello, U Aung Lynn Htut !
    I would like to contact with you. Could you please tell me your email address or something like that?
    (I'm sorry for I could not reveal my full name here in comment)

    ReplyDelete