Shwe Dagon

Shwe Dagon

Thursday, September 25, 2014

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကော်မရှင်ဝင်တစ်ဦးအကြောင်း

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကော်မရှင်ဝင်တစ်ဦးအကြောင်း

သမ္မတ၏လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်သတင်းထုတ်ပြန်ချက်ကိုသတင်းစာတွင် ဖတ်လိုက်ရပါသည်။ ၄င်းအဖွဲ့ဝင်များထဲမှ ဦးညွန့်ဆွေ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြောင်းအသိပေးလိုပါသည်။
ယခင် လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဌ ဦးကျော်တင့်ဆွေ (အငြိမ်းစား သံအမတ်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ရုံး) ၏ လက်အောက်တွင်တာဝန် ထမ်းဆောင်ခဲ့သော သံမှူးကြီးဦးညွန့်ဆွေ သည် ၂၀၀၃၊၂၀၀၄ ခုနှစ် တွင် နယူးယောက်မြို့ လူ့အခွင့်အရေးအဖွဲ့တစ်ခု မှ ဦးညွန့်ဆွေ နှင့် ဇနီး သည် သမီးဖြစ်သူကိုဒဏ်ရာ ပေါ်အောင် ရိုက်နှက်ဆုံးမခဲ့သည့်အတွက် New York Police ကို တိုင်ကြားခဲ့ပါသည် ။ ထို့ကြောင့် ဦးညွန့်ဆွေ နှင့် ဇနီး အား New York Police မှ ခေါ်ယူပြီးစစ်ဆေးခဲ့ပါသည်။ ဖြစ်စဉ်မှာ သမီးဖြစ်သူခန္ဒာကိုယ်ပေါ်တွင် ဒဏ်ရာအရှိုးများ ပေါ်နေသည်ကို ကျောင်းမှဆရာမက တွေ့ပြီးသက်ဆိုင်ရာကိုတိုင်ကြားခဲ့ခြင်းဖြစ်ပါ သည်။
သံတမန်အခွင့်အရေးအရ သံမှူးကြီးဦးညွန့်ဆွေ အားအရေးယူ ခံရခြင်းမရှိဘဲ ချက်ခြင်း မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ယူခဲ့ရပါသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးပါသော မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကော်မရှင် သည် အနာဂါတ် မြန်မာနိုင်ငံလူ့အခွင့်အရေးအတွက် ရင်လေးစရာပါ။

အောင်လင်းထွဋ် (သံတမန် နှင့် ထောက်လှမ်းရေးဟောင်းတစ်ဦး)

No comments:

Post a Comment