Shwe Dagon

Shwe Dagon

Sunday, September 21, 2014

နိုင်ငံတော်သမတလောင်း ဦးသိန်းစိန် အတွက်အမှတ်တရ






နိုင်ငံတော်သမတလောင်း ဦးသိန်းစိန် အတွက်အမှတ်တရ

စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်

               စာရေးသူ စစ်ရုံးချုပ်မှာ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး တိုက်ပွဲ ထောက်လှမ်းရေး ဌာန ၏ စစ်ဦးစီးမှူး(ဒုတိယတန်း)  တာဝန်ထမ်းဆောင်စဉ်အချိန်မှာ သမတ ဖြစ်မည့် ဦးသိန်းစိန် ဟာ ကကကြည်း ၏ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ပါ။ ၁၉၉၆ ခုနှစ် ဇန္နဝါရီလ အတွင်း ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချအခန်းအနားကို တပ်ချုပ်ကြီးဗိုလ်ချုပ်မှူးကြီးသန်းရွှေက      မြန်မာ့ရုပ်မြင်သံကြားကနေ                              ထုတ်လွှင့် ခိုင်းပြီး သူပြောသည့် အတိုင်းမလုပ်ရသလားဆိုပြီး စိတ်ကောက်ကာ ခလေးဆိုကြီးလို  စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS)  ဗိုလ်မှူးကြီးသိန်းစိန် ကို တပ်ချုပ်ကြီး က စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပါက်ခဲ့သည့်ဇာတ်လမ်း ကိုအမှတ်ရလို့စာဖတ်သူများသိရှိ နိုင်ပါရန်တင်ပြလိုက်ပါတယ်။

            ၁၉၉၆ခုနှစ်ဇန္နဝါရီလအတွင်း၊ဘိန်းဘုရင်ခွန်ဆာနဲ့အဖွဲ့ လက်နက်ချတော့ စာရေးသူဟာ တာဝန်အရ တပ်မတော် အကြီးအကဲများနဲ့အတူ   လက်နက်ချအခန်းအနားကိုတက်ရောက်ဖို့ ဟိုမိန်းမြို့ ကိုလိုက်ပါ သွားခဲ့ရပါတယ်။ လက်နက်ချ အခန်းအနားကို          အောင်အောင်မြင်မြင် ကျင်း ပနိုင်ကြောင်း သတင်းပို့ပြီးတော့ အဲ့ဒီနေ့ ညနေ ၃ နာရီ လောက်မှာဘဲ ကကကြည်း ကနေ   စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS)  ဗိုလ်မှူးကြီးသိန်းစိန် ညွှန်ကြားချက်နဲ့ ဗိုလ်မှူးအောင်လင်းထွဋ် ကိုမြန်မာ့အသံကရိုက်ကူးထားတဲ့ ဗွီဒီယိုတိတ်ခွေနဲ့အတူ ရဟတ်ယာဉ်တစ်စီးဖြင့် ရန်ကုန်မြို့ ကိုအမြန်ပြန်လွှတ်ဖို့ အမိန့်ပေးခဲ့ပါတယ် စာရေးသူ တစ်ဦးတည်းရဟတ်ယာဉ်တစ်စီးဖြင့် မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်း လေဆိပ်ရောက်တော့ ညနေ ၅ နာရီလောက်ရှိပြီ စစ်ရုံး(Colonel GS)  ဗိုလ်မှူးကြီးသိန်းစိန်ကို စာရေးသူတွေ့ပြီး ဗွီဒီယိုတိတ်ခွေ ပေးတော့ ညနေ ၅နာရီခွဲကျော်သွားပြီ Colonel ကြီးကချက်ခြင်းဆိုသလို ကပ်ရဲ့အခန်းမှာရှိနေတဲ့ တပ်ချုပ်ကြီးရုံးခန်း ထဲဝင်ပြီး ဗွီဒီယိုတိတ်ခွေ ကိုပေးပြီး  နောက်ပြန်ထွက်လာတော့ ကိုအောင်လင်းထွဋ် ရုံးခန်းမှာစောင့်နေပါ တပ်ချုပ်ကြီးကြည့်ပြီးရင်ပြန်ခေါ်လိုက်မယ်လို့ပြောပါတယ်။ ၄၅ မိနစ်ကျော်ကျော် လောက်မှာ Colonel ကြီးကစာရေးသူကို သူ့အခန်းကိုအခုလာဖို့ စာရေးသူကိုခေါ်တယ် Colonel ကြီး အခန်းရောက်သွားတော့ ဒီအခွေကို ဒီနေ့ည မြန်မာ့အသံ ၈ နာရီသတင်းမှာ ပါအောင်ထည့်ဖို့ အဘကြီး ကပြောတယ် အဲ့ဒါ ကိုအောင်လင်းထွဋ် သွားပါဆိုပြီးပြောပါတယ်၊ စာရေးသူက Colonel ကြီး သတင်းကဘယ်သူရေးမှာလဲဆိုတော့ ကိုယ့်ညီဘဲ ရေးလိုက်ပါ ဆိုလို့သူရဲ့ရှေ့မှာဘဲ သတင်းစာသားကိုထိုင်ရေးပြီး Colonel ကြီးဆီက အတည်ပြုချက်ရယူပြီး မြန်မာ့အသံကို စာရေးသူ တို့ရဲ့ဌာနကဗိုလ်မှူးအောင်မင်းနဲ့အတူအမြန်ထွက်ခဲ့ကြပါတယ် မြန်မာ့အသံရောက်တော့ညနေ(ရ) နာရီ ကျော်ပြီ ၊ မြန်မာ့အသံ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဝင်းကြည် နဲ့တွေ့ပြီး ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခန်းအနားကို ဒီည (၈) နာရီ သတင်းမှာ ပါ အောင်လွှင့်ဖို့ တပ်ချုပ်ကြီးက  ပြောတယ် ဆိုပြီး သတင်းနဲ့တိတ်ခွေ ကိုအပ်လိုက်ပါတယ် ၊ ကိုဝင်းကြည် က ကိုအောင်လင်းထွဋ် ဗွီဒီယိုအခွေ အကြမ်းကို ဒီအတိုင်းလွှင့်ရင် ရုပ်မြင်သံကြားကြည့်သူတွေ အတွက်မကောင်းဘူး မကောင်းတဲ့အပိုင်းတွေကိုတည်းဖြတ်ဖို့လိုတယ် ဆိုပြီးတည်းဖြတ်လိုက်တော့ လွှင့်ချိန် ၂၅ မိနစ် လောက်ကြာသည့် အချောကိုင်ပြီးအခွေတစ်ခွေဖြစ်လာခဲ့တယ် အဲဒီလို အချောကိုင်ပြီးတော့ ည ၈ နာရီ အစပိုင်း သတင်းကိုမမှီတော့ဘူး ဒါနဲ့  Colonel ကြီးဆီကို ဖုံးဆက်ပြီး မိနစ် ၃၀ လောက် နောက်ကျမယ်ဆိုသည့်အကြောင်း သတင်းပို့ခွင့်တောင်းခဲ့ရတယ် ၊ည ၈ နာရီခွဲ မှာ ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခန်းအနားကို မြန်မာ့ရုပ်မြင် သံကြား ကနေ အသံနှင့်အရုပ်ကို ၂၅ မိနစ်ကြာထုတ်လွှင့်ခဲ့ပါတယ် ၊ စာရေးသူတို့လဲ အသံလွှင့်ပြီး တာနဲ့ စစ်ရုံးကိုပြန်ဖို့ကားစောင့်နေတုံး မြန်မာ့အသံဝန်ထမ်းတစ်ဦးက ဗိုလ်မှူး စစ်ရုံးကအရေးကြီးဖုံး လာတယ်ဆိုလို့ ဖုံးကိုင်လိုက်တော့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS)  ဗိုလ်မှူးကြီးသိန်းစိန်က စာရေးသူကို “ကိုအောင်လင်းထွဋ် စစ်ရုံးမှာ တပ်ချုပ်ကြီး ဒေါသူပုန်ထနေတယ် သူ့အခန်းထဲ ကိုယ်တို့ဝင်သွားရင် သူစားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ပစ်ပေါက်နေတယ် ဘယ်သူမှမဝင်ရဲဘူးဖြစ် နေတယ် သူခိုင်းတဲ့အတိုင်းမလုပ်လို့ဆိုပြီး မင်းကိုဒေါသထွက်နေတယ်”ဆိုပြီးပြောတော့စာရေးသူကြောင်သွားတယ် ကျွန်တော်ဘာမှား လို့ လဲမေးတော့Colonelကြီးပြောတာ“တပ်ချုပ်ကြီးကမင်းကိုသူခိုင်းတဲ့အတိုင်း ဘာဖြစ်လို့မလုပ်လဲဆိုပြီး ဒေါသထွက်နေတာ သူက ဗွီဒီယိုတိတ်ခွေကို အကြမ်းအတိုင်း မင်းကိုလွှင့်ခိုင်းတာမင်းက မလုပ်ရ ကောင်းမလားဆိုပြီးငါတို့ကိုရန်လုပ်နေတယ်”စာရေးသူသဘောပေါက်သွားပြီ စိတ်ထဲကလဲကြိတ် ပြီးပြုံးမိတယ်၊နိုင်ငံခေါင်းဆောင်လုပ်ပြီး ဒီလောက်တုံးရသလားဆိုပြီးတော့ပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ သူလုပ်ချင်တာဘဲ သိတဲ့သူ အကောင်း အဆိုး ကို ဝေဖန်ပိုင်းခြား နိုင်စွမ်းမရှိတဲ့သူလို့ စိတ်ထဲကမှတ်ချက်ပြုမိပါတယ်။ ရီစရာတော့ကောင်းတယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ကြိုက် ခလေးဆိုးကြီးကိုချော့ရသလို မြန်မာ့ရုပ်မြင် သံကြားအစီစဉ်တွေ ကိုရပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ချင်သလို အကြမ်းထည်ဗွီဒီယိုအခွေ ကို ၄၅ မိနစ်ကြာအစ မှ အဆုံး ပြန်လွှင့်ပေးခဲ့ရပါတယ် ၊

              အဲဒီတုံးက ဖန်ခွက် နဲ့ အပေါက်ခံခဲ့ရသော စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS)  ဗိုလ်မှူးကြီးသိန်းစိန် တစ်ယောက် အခုမကြာသောကာလမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ မြှောက်စားမှုနဲ့ သမတ ဖြစ်လာမည့် ဦးသိန်းစိန် ကို ဒီဆောင်းပါးနဲ့ နုတ်ဆက်လိုက်ပါတယ်။ ဦးသိန်းစိန် တစ်ယောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ လောင်းရိပ်အောက်က ရုန်းထွက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းဆောင်ကြဉ်းနိုင်ပါစေလို့ဆန္ဒပြုလျက်။

                                                                                     






No comments:

Post a Comment