Shwe Dagon

Shwe Dagon

Wednesday, April 2, 2014

"ဒီထက်ရှက်စရာကောင်းတဲ့ စကားလုံးမရှိတော့ဘူးဗျာ"



"ဒီထက်ရှက်စရာကောင်းတဲ့ စကားလုံးမရှိတော့ဘူးဗျာ"
တိုက်ဆိုင်တာပဲလားမသိဘူး။
အပြင်မှာ ကော်ဖီသောက်နေရင်း
ကွမ်းယာသယ်ကုလားနဲ့ ဗမာနဲ့ စကားများနေကြတာ
ကွမ်းယာကြွေးနှစ်ထောင်
ဗမာဆိုက်ကားသမားက မပေးလို့ဆိုပဲ။
ဆိုက်ကားသမားကလည်းရင့်တယ်။
မင်းအကြွေးရောင်းလို့ငါယူတာ
ဘာဖြစ်လဲသောက်ကုလား အပြန်အလှန်ပြောနေကြတာ
ထိုင်နေရင်းနဲ့ကြားနေရတယ်။
ကုလားကလည်း ပြန်ဆဲနဲ့ ပါစင်နယ်တွေပါ ပါကုန်တယ်...။
ပထမတော့ နားထောင်ရင်းရယ်နေရတယ်။
ကွမ်းယာသယ် ကုလားကမဆဲဘဲ
စကားတစ်ခု ပြောလိုက်တာ ရင်ထဲနင့်သွားတယ်။
ဟေ့ကောင်... ကုလားကုလားလာမပြောနဲ့
ငါတို့ကုလားက မင်းတို့လို
ကိုယ့်အမျိုးကိုယ်ပြန်ယုတ်တဲ့
အမျိုးမဟုတ်ဘူး ဆိုတော့....
ဆိုက်ကားသမားကဘာယုတ်တာလဲ
ဆိုပြီးပြန်မေးကော...
ကွမ်းယာသယ်ဖြေလိုက်တာတစ်ခွန်းထဲ
မင်းတို့ဗမာတွေလို ကိုယ့်ကိုးကွယ်တဲ့
ဘုရားကိုယ်ပြန်ဖျက်ပြီး
ဘုန်းကြီးကျောင်းမရှောင်လိုက်ဖျက်နေတဲ့
အမျိုးယုတ်တွေမဟုတ်ဘူး။
ငါတို့က ငါတို့ဗလီငါတို့မဖျက်ဘူးတဲ့.....။
မျိုးကောင်းမျိုးသန့်ကုလားကွဆိုပြီး ပြန်ပြောထည့်တာ....
ဆိုက်ကားသမားဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သွားတယ်။
ဆိုင်ထဲကလူတွေကလည်း
ကွမ်ယာသယ်ကုလားကို အံ့သြပြီး
ပြိုင်တူကြည့်လိုက်ကြတယ်။
ဘေးနားကအဘကြီးတစ်ယောက်က ပြောသွားတာ
"ဒီထက်ရှက်စရာကောင်းတဲ့ စကားလုံးမရှိတော့ဘူးဗျာ"ဆိုပြီး
ထလစ်သွားတော့ကိုယ်လည်း ယောင်အအဆက်ထိုင်ရမလို
ထရမလိုနဲ့ ၅၀၀တန်တစ်ရွက် ထားခဲ့ပြီးထလစ်လာလိုက်တယ်။
ရှက်မိတာကတော့ အမှန်ပါပဲ။
အဲ့ဒီလောက်တောင် ကိုယ့်ဘာသာက
သူများတံတွေးခွက် ပက်လက်မြောနေရလား စဉ်းစားရင်း.......
ပြန်ချေပစရာ စကားလုံးတောင် ရှာမရလိုက်ဘူး။
ဥယျာဉ်မှူး

No comments:

Post a Comment