Shwe Dagon

Shwe Dagon

Wednesday, February 26, 2014

လာဒ်ပေးလာဒ်ယူဥက္ကဌ ဗိုလ်ချုပ်မြ၀င်း အပေါ်ဝေဖန်ချက်များ

 

လာဒ်ပေးလာဒ်ယူဥက္ကဌ ဗိုလ်ချုပ်မြ၀င်း အပေါ်ဝေဖန်ချက်များ




(Comments)
မာမီမြ၀င်း
SEPTEMBER 10, 2011 AT 12:29 PM 
နတ်ကတော် မြ၀င်းတယောက် ဖိဖားတဲ့နေရာမှာ သူ့အဖေချိုကုပ်တွေနဲ့ နင်လား ငါလားပါပဲ။ သူ့အိမ်မှာ လက်အောက်ငယ်သားတွေနဲ့ တွေ့တဲ့ အခါ ကြမ်းပြင်မှာပဲ ထိုင်ခိုင်းလေ့ရှိပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ကက(မ) (ကာကွယ်ရေးဝန်ကြီးဌာန အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး) က G3, G2, G1 တွေကလဲ သခင်အားရ ကျွန်ပါးဝဆိုတဲ့အတိုင်းပဲ မြ၀င်းအကြိုက် အရာရှိအချင်းချင်းကို ဖိနှိပ်တဲ့နေရာတွေမှာ သူမတူအောင် ထူးချွန်ကြပါပေတယ်။ ကက(မ)ကို တာဝန်နဲ့လာရတဲ့ အရာရှိတွေ G3 ရုံးခန်းမှာတောင် ထိုင်ခွင့်မရှိဘူး။ မယုံဘူးဆိုရင် ကကမမှာ လက်ရှိ၊ အရင်တာဝန်ထမ်းဆောင်နေတဲ့ မာမီမြ၀င်းရဲ့ တပည့်တွေရဲ့နာမည်နဲ့တကွ ပြောပြမယ်။

Anonymous
SEPTEMBER 10, 2011 AT 9:51 PM 
သူပိုင်ဆိုင်မှုရဲ့ ဆယ်ပုံတစ်ပုံတောင်မှ့ သတင်းမရလိုက်ပါလား။ ဧရာဝတီ ဘလောက်ခ့်တင်ထားတာနဲ့ဗိုလ်မြ၀င်းကြီ့းလက်ရှိပိုင်ဆိုင်မှုက ကောင်းကင်နဲ့မြေကြီးပါ။ ထပ်စုံစမ်းပေးပါဦ့း kkm


Anonymous
SEPTEMBER 12, 2011 AT 1:13 AM
ဒီလူ့အကြောင်းကို သိတဲ့လူနည်းတယ်။ အမြောက်တပ်ဖွဲ့ ဓါးမြ ဂိုဏ်ခေါင်းဆောင် ပါ။ ဓားမြဆိုလို့ တခြားလူကို တိုက်တာမဟုတ်ဘူး။ အမြောက်တပ်ဖွဲ့ သား အချင်းချင်း လက်အောက်ငယ်သားဆီက ခေါင်းပုံဖြတ်တာ။ သူမကျေနပ်ရင် ဗိုလ်မှုးကြီး အဆင့်လည်း ကလေးလို လူပုံလည်မှာ ဂျွမ်းထိုးခိုင်းတယ်။ သူ့ရဲ့ အရည်အချင်းက "အာ" ကောင်း တယ်။ ယုံအောင်ပြောတတ်တယ်။ လူကြီးတွေကို မြေပုံထောက်ပြီး စာရွက်ပေါ်မှာ စီမံကိန်းတွေ နဲ့ စနစ်တကျ လိမ်တတ်တယ်။ "ကျ"သွားအောင်ပြောတတ်တယ်။ သူ့အကျိုးစီးပွါးအတွက် လိုအပ်တဲ့သူဆိုရင် ဖူးဖူးမှုတ် ပြီး ဖင်မူးတောင်းထောင်နေအောင် ကန်တော့တယ်။ အဲဒီ့သူဘဲ သူ့အကျိုးစီးပွါးအတွက် မလိုတော့ ဘူးဆိုရင် ခြေရာတိုင်းလို့ ရပြီဆိုရင် ချက်ချင်း မကောင်းတုတ်တယ်။ သူများမကောင်းကြောင်းကို အကောင်းပြော သလိုလိုနဲ့ လှလှပပ ချောက်တွန်းတတ်တယ်။ အယင် အမြောက်တပ်ဖွဲ့ ညွှန်မှုး ဗိုလ်ချုပ်ကြည်ဝင်းကို သူဘယ်လိုဆက်ဆံသွားတယ်ဆိုတာ မှီတဲ့သူတိုင်း သိကြတယ်။ သူအိမ်တွေ တော်တော်များများ ရှိတာလည်း အမှန်ဘဲ။ အဲဒီအိမ်တွေ ဆောက်ဖို့ တပ်ရင်းတွေက တပ်ရင်မှုးတွေကို သစ်၊ ငွေ ၊ ရွှေ စသည်ဖြင့် နည်းမျိုးစုံနဲ့ ညှစ်တယ်။ ယောင်္ကျားကို ပေးပြီးလို့ ပြီးပြီတော့မထင်နဲ့ အိမ်ကျရင် မိန်းမက ထပ်တောင်းတယ်။ မပေးလို့ကတော့ အမြောက်တပ်မှာ ထွက်ချင်စိတ် ပေါက်သွားအောင် လုပ်တယ်။သူဖားရမဲ့သူဆို သူက အကွက်စေ့အောင်ဖားတယ်။ သူဖားရမဲ့သူအိမ်ကိုများ ဖုန်းဆက်ပြီဆိုရင် မနေ့တနေ့ကမှ စကားတတ်တဲ့ ကလေးကိုပါ ဖုန်းပြောတာ။ တစ်ခါပြောရင် ၁ နာရီခွဲ ၂ နာရီကြာတယ်။ မယုံမရှိပါနဲ့။ အားလုံးကို ထောင့်စေ့အောင် ဖားပြီးပြီ ဆိုရင် လက်ဆောင်ကိုလည်း ထောင့်စေ့အောင်ကို ပေးတတ်တာ။ အမြောက်တပ်လည်း အခုတော့ပညာရပ်ပိုင်းဆိုင်ရာ တော်တော်နိမ့်ကျ နေပြီ။ သူကို့ဖားတဲ့သူတွေ နေရာပေးတော့ ပညာသည်လိုင်းမှာ များသောအားဖြင့် ပညာရပ်ပိုင်း ဆိုင်ရာ တော်တဲ့သူက သိပ်ဖားလေ့ မရှိဘူး။ သူ့ကိုဖားတဲ့သူ တော်တော်များများက အမြောက်နဲ့ ပါတ်သတ်ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့လူတွေ။ စစ်ဆင်ရေးမှာ အဲလူတွေက ဘာမှ သုံးမရဘူး။ အခု မြန်မာပြည်မှာ တိုက်ပွဲ တစ်ခုခု ကြီးကြီးမားမား ဖြစ်ကြည့်။ အယင်တုန်းကလိုတော့ အမြောက်တပ်ဖွဲ့ စွမ်းရည်တွေ သွားမယုံလိုက်နဲ့။ ကိုယ့်ခေါင်းပေါ် ပြန်ကျလာမယ်။ ဘာမှ အရည်အသွေး မရှိတော့ဘူး။ ပေါ်ပင်တွေ လုပ်နေတာ။ ဖားတဲ့သူတွေ နေရာပေးနေတာ။ အခုလက်ရှိ အမြောက်တပ်ဖွဲ့အကြောင်း တကယ် အတွင်းကျကျသိရင် စာဖတ်သူတွေ အော့နှလုံးနာ သွားလိမ့်မယ်။ သူ့အကြောင်းဆက်ရေးနေရင် တစ်နေ့လုံးဘာအလုပ်မှ လုပ်ရမှာ မဟုတ်ဘူး။ သိပ်များလွန်းလို့။ ဒီလိုလူမျိုးတွေ တပ်မတော်မှာ မထားသင့်တော့ပါဘူး။ သူ့လက်အောက်က ပညာရပ်ပိုင်းဆိုင်ရာ တော်တဲ့ ဒုညွှန်မှုး ဗိုလ်မှုးကြီး အေးသော် ကိုလည်း ကန်ထုတ်လိုက် တယ်။ တကယ်တော်တဲ့ ဗိုလ်မှုးကြီး သက်ဦးလိုလူကိုလည်း ကောင်းကောင်းနှိပ်ကွက်ထားတယ်။ ကျွန်တော်က အမြောက်တပ်က မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သူငယ်ချင်းတွေ ရင်ဖွင့်လွန်းတာရယ် ၊ ကျွန်တော့် ဆရာသမားနဲ့ နေစဉ် သူ့အကြောင်း လေ့လာခွင့် ရတာရယ်ကြောင့် တော်တော်လေးတော့ သိနေတယ်။ ဒါတောင် မရေးသင့်တာတွေ မရေးဘဲ တခြားသောသူတွေပါနစ်နာမှာစိုးလို့ ချန်ထားခဲ့ တာပါ။ တပ်မတော်မှာ ဗိုလ်ချုပ်တင်ငွေလို လူမျိုး ဖြုတ်တယ် ဆိုရင် ၊ သူ့လိုလူမျိုး ထောင်ပါ ချသင့်တယ်။ သူ့ကြောင့် နစ်နာခဲ့ရတဲ့ မိသားစု ဘ၀တွေ အများကြီး။ နစ်နာခဲ့ရတဲ့ အရည်အချင်းရှိ စစ်သည် အရာရှိတွေ များနေပါပြီ။ ဒီလိုလူမျိုးကို လက်အောက်က အသေးစိတ် ရေးပြီး ဖော်ထုတ်သင့်ပါပြီ။ အခုလို အပေါ်ယံလေး ရေးပြီး ဘာမှ ထိထိမိမိ မရှိတဲ့ စာမျိုးနဲ့တော့ မလုံလောက်ပါဘူးလို့ အကြံပေး လိုက်ချင်ပါတယ်။

Anonymous
SEPTEMBER 24, 2011 AT 7:45 PM
20့10့2011 ရက်မှာသူ့သမီးအငယ် weeding ရန်ကုန် ဆီဒိုးနား မှာလုပ်ရန် စိုင်းပြင်းနေတယ်။ အမြောက်တပ်တွေ အားလုံး မရှိတဲ့အထဲကတနင့်တပိုး လက်ဖွဲ့ ပေးရဖို့စိတ်ညစ်နေကြပြီ။ လက်ဖွဲ့ ကို checklist နဲ့စစ်မှာလေ။နည်းသွားရင်၊မပေးမိရင် သေမဲ့သာ ပြင်ပေတော့။

Anonymous
SEPTEMBER 30, 2011 AT 11:38 AM
ကျွန်တော်ကတော့အမြောက်တပ်ကအရာရှိတစ်ဦးပါ ကျွန်တ်ာတို့ ညွှန်မှူးတော့ ဒီသတင်းကို ဖတ်ပြီးပင်စင်ယူခါနီး ဖင်ကျိန်းနေလေရဲ့။ ကျွန်တော်တို့ ရင်ဖွင့်ချင်တာတွေနဲ့ ထပ်တူကျလို့ အားရလိုက်တာဗျာ သူ့အချိုးတိုင်းလာမယ့်သူ့တပည့်တွေပဲ အမြောက်တပ်မှာ ကြီးပွားကြ မှာပါပဲ သူ့အကြောင်း မကြာခဏတင်ပေးပါဦး အဲဒါမှသူ့ရဲ့ ကြောင်သူတော်ကြွက်သူခိုးဇာတ်လမ်းတွေ ဘူးပေါ်သလိုပေါ်မှာ ဒီသတင်းကထိရောက်မှုရှိပါတယ်။ ခုလဲပင်စင်ယူခါနီ ခါတော်မီ သူ့သမီးက မင်္ဂလာဆောင်ဦးမယ်ဆိုပဲ အမြောက်တပ်က တပ်မှူးတွေတော့ ခေါင်းကျိန်းနေလေရဲ့ ကိုယ်ပိုင်ကြိုးစားမှုကြောင့် ရလာတဲ့ရာထူးတွေကိုလဲ သူပေးထားတဲ့ရာထူးတွေတဲ့ အံ့လဲအံ့လောက်ပါရဲ့ဗျာ

Anonymous
SEPTEMBER 30, 2011 AT 9:38 PM
အမြောက်တပ်ကအကြောင်းတွေပြောချင်လွန်းလို့ပါ။အခု ခင်ဗျားတို့ ပြောနေကြတဲ့ မြ၀ါးသမီးအငယ်မ အောက်တိုဘာ(၂၀) မှာ မင်္ဂလာဆောင်မယ် ပြောပါတယ်။အကြီးမဆောင်တုန်းကလည်း တပ်ရင်းတစ်ရင်း (၂) သိန်း၊ တပ်မတစ်ခု (၅) သိန်း ကနေ (၁၀) သိန်းထိ ပေးခဲ့ရပါတယ်။ အခု အငယ်မကိုလည်း တပ်ရင်းမှူး (၂) သိန်း ၊ ဗျူဟာမှူး (၃) သိန်း ၊ တပ်မတစ်ခု ကို (၁၀) သိန်းနှုန်း အပြိုင်ကြေး ခေါ် နေပါတယ်။ မြ၀ါး(မြ၀င်း) က ပင်စင်သွားတော့မှာမို့ လက်လွှဲယူမဲ့ တပ်မမှူး တွေက လည်း သူရ နှိုးနှိုး၊ ကိုယ်ရ နှိုးနှိုး နဲ့ပဲ ဖိကောက် နေကြပါတယ်။ ဘောနပ်ကြီး ၊ သထုံ ၊ အောင်ပန်း၊ အုတ်တွင်း တပ်မ တွေက တပ်ရင်းမှူး ကတော်တွေက မလာမနေရဆိုဘဲ။ မိတ္တီလာက တပည့်ကြီး ဇော်ဝင်း နဲ့ မရှမ်းမ ကတော့ အစအဆုံးအကုန်ခံ ကြမယ်ဆိုဘဲ ။ 
အကြီးမတုန်းကလည်း ပွဲတက်ဝတ်ဆုံချိတ်တွေကို တစ်ယောက် တစ်သိန်းနီးပါးဝယ်ပြီး ပွဲတက်ခဲ့ရတယ်။ ဒီတစ်ခါတော့ Silk Style က ပိုးနဲ့ပွဲတက်ကြရမှာတဲ့။ တစုံ (၂) သိန်း နီးပါးပေးရပါတယ်။ 
တပ်ရင်းမှူး ကတော်တွေက တစ်လတစ်ခါ လူသစ် (၂)သိန်း ၊(၃) သိန်း နဲ့ စုရ ၊အကောက်အခံ ကများနေမို့လို့ ဒုက္ခရောက်နေကြရပါတယ်။ ဒါပေမဲ့မြ၀ါး ကတော့ မျက်ဖြူစိုက်လေ ဆရာကြိုက်လေပါပဲ ။ မြ၀ါးကို ဒီအတိုင်းပဲကြည့်နေကြတော့မှာလားဗျာ ။ မစခ (၉၀၄) က ဗိုလ်မှူးချုပ်သက်လွင် ကလည်း ခွဲမှူးတုန်းက မိုလေ၀သတိုင်းထွာရေး ၊ တပ်ရင်းမှူးကြတော့ ရန်ကုန် (၅၀၃)မှာ မြေကို အ၀ိစိ ထိတူးရောင်းပြီး ဖားခဲ့လို့အခု အမြောက်တစ်ချက်မှမပစ်ဖူးဘဲ တပ်မမှူး ဖြစ်နေပါပြီ ။ ကျွန်တော် သူများမကောင်းပြော တာ မဟုတ်ပါဘူး ၊ အမြောက်က တစ်ကယ်တော် တဲ့ ဒုညွှန်မှူးလိုလူမျိုးနဲ့ ယှဉ်ကြည့်ပါ၊ ဖွဲ့နဲ့ ဇကွဲပါ ။အခုလည်း ဗိုလ်မှူးချုပ်သက်လွင် ကတပ်တွေကအခွန်တွေကောက် ၊တပ်စစ် လာတော့ အပုံလိုက်ပေးနဲ့ တစ်နေ့ နှစ်ခါဖုန်းဆက် ဖားပြီး ညွှန်ကြားရေးမှူး (ဓါးပြခေါင်းဆောင်) လက်သစ်ဖြစ်မယ့်သူဆိုပြီ ကြုံးဝါးနေပါတယ် ။ ပြီးတော့ သူက မင်္ဂလာဆောင်အတွက် လက်အောက်ခံ တပ်ရင်းများကို (၁၀) ရက်နေ့ထက်နောက်မကြဘဲ 
ဆက်ကြေး တစ်ရင်းတစ်ရင်းကို (၃) သိန်းကောက်ပြီး ယစ်ပူဇော်ဖို့ လုပ်နေပါတယ်။ဒါကြောင့် အထက်အောက်မှာ ရှိကြ တဲ့ လူသူတော် ကောင်း ၊ နတ်သူတော် ကောင်းများ အမြောက်တပ်ကြီးကို စောင့်ရှောက်ကြပါရန် အကြောင်းကြားပေးကြပါဦးလို့။

Anonymous
OCTOBER 12, 2011 AT 3:43 PM
အခုဒီသတင်းတွေကိုဖတ်ပြီး သူ့သမီးမင်္ဂလာဆောင် မှာ ရွှေနဲ့ငွေသား လက်မဖွဲ့ရဆိုပဲ အင်း တိုက်တို့ ကားတို့ပဲလက်ခံတော့မယ်တူပါရဲ့ လက်မဖွဲ့ရဆိုပြီး ဘာလို့ အပြတ်မပြောတာလဲဆိုတာ ဖြစ်နိုင်ရင် တို့ဗိုလ်ချုပ်ကိုမေးလိုက်ချင်ရဲ့ ကိုယ့်ကိုယ်ကို ကလိထိုး တစ်ဆယ်ဖိုး လောက်သာရီချင်တော့တယ်ဗျာ

Anonymous
JANUARY 1, 2012 AT 2:30 AM
မင်္ဂလာနှစ်သစ်မှာ ချစ်သော အမြောက်တပ်သားအပေါင်း မင်္ဂလာရှိ ကြပါစေ။ မြ၀ါး ကတော့ ၀ါးပြီးရင်း ၀ါးဆိုသလို နှစ်သစ်မှာစားပြီးဝါးပြီး သိမ်းကြုံး ယူဦးမှာပါ။ ဒီတော့ ကျွန်တော်တို့တွေ မင်္ဂလာရှိဖို့က မြ၀ါးမရှိမှဖြစ်မှာပါ။ ကျွန်တော် ကတော့NewYear ညမှာဆုတောင်း ချင်တာကတော့ မြ၀ါးကြီးမြန်မြန်ပြုတ်ဖို့ပါဘဲ။ သူကတော့ နောက် တစ်နှစ်တောင် နေချင်တယ်ဆိုဘဲ။နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ စိတ်သဘောထား မှန်ကန်တဲ့ director အသစ်တစ်ယောက်ရပါစေလို့ ဆုတာင်းပေးလိုက်ပါတယ်။

Always Gunners Group
JANUARY 23, 2012 AT 10:56 PM
ဗိုလ်ချုပ်မြ၀င်း(မြ၀ါး)အတွက် အမိန့်ပြန်တမ်း
ဗိုလ်ချုပ်မြ၀င်း(ခ)ဗိုလ်မြ၀ါးသည် ၉့ ၁့ ၁၀၁၂ နေ့မှစ၍ အမြောက် တပ်ဖွဲ့တွင် သေဆုံးသွားခဲ့ ပြီဖြစ်သည်။ သင်သည် တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း အထက်လူကြီးကို ဖော်လံဖား ၊ တန်းတူကို ကတုံးကတိုက် ချောက်တွန်း ၊ အောက်လူကို လှေကားထစ်လိုနင်းကာ ညွှန်ကြားရေးမှူး ရာထူးအထိ မတန်တရာ တက်လှမ်းခဲ့ သူဖြစ်သည်။ သင့်လက်ထက်တွင် ငါတို့အမြောက်တပ်ဖွဲ့ သည် စိတ်ဓါတ် မှစ၍ အဖက်ဖက် တွင် ယို့ယွင်း ပျက်ဆီးခဲ့ရသည်မှာ ဆယ်စုနှစ် တစ်စုကြာမြင့်ခဲ့ပြီဖြစ်သည်။သင်သည် သင့်ကိုနေရာပေးသူ ၊ မြေတောင်မြှောက်ပေးခဲ့သူများ ဖြစ်သည့် ဗိုလ်ချုပ်ကြည်ဝင်း ၊ ဗိုလ်ချုပ်ခင်ညွှန့် အစရှိသည့် လူကြီးများက်ု လည်း ရိုင်းပြစွာဆက်ဆံ ခဲ့သည်။ ဗိုလ်မှူးကြီးမြင့်ရှိန် ကဲ့သို့သော (စီနီယာ)များကို လည်း (ဟန်းကတိုင်း) တောထဲပို့ပြီး သက်ပြည့်အထိနေစေကာ ပင်စင်ယူ စေခဲ့သည်။စီနီယာများကို တောထဲတွင် ထားပြီး မနေ့တစ်နေ့ကမှ ဗိုလ်မှူးဖြစ်သောသူတွေကို(ရန်ကုန်၊ နေပြည်တော် ၊ မိတ္တီလာ ၊သိမ်ဇရပ်) မြို့ကြီးများပေါ် ခေါ်ထားခဲ့သည်။ ထိုခေတ္တ တပ်ရင်းမှူး များထံမှ တလ (၅) သိန်း မှ (၁၀) သိန်းထိ ဆက်ကြေးကောက်ယူကာ ကိုယ်ပိုင်တိုက် (၁၆)လုံးထိ ဆောင်ယူ ခဲ့သည်။ အမြောက်တပ်ဖွဲ့မှ အငြိမ်းစားယူ (အပြင်ရောက် ရှိနေသော) အရာရှိကြီး များကိုလည်း သင့်လက်ထက်တွင် မည့်သည့်တပ်ကိုမျှ အ၀င်မခံ၊ တပ်ဖွဲ့ နေ့လည်း မဖိတ်ဘဲ ပြစ်ပယ်ခဲ့ရာ ငါတို့မှာ သီးခြား ပြင်ပ တွင် တပ်ဖွဲ့နေ့ကျင်းပပြီး တွေ့ဆုံခဲ့ကြရသည်။ ယခု သင်လည်းဒီဘ၀ကို ရောက်ရှိပြီ ဖြစ်လို့ ဘာမျက်နာနဲ့ငါတို့ တပ်ဖွဲ့ဝင်ဟောင်းတွေ ကြားထဲလာ မလဲ ၊ ယခု ဘာမျက်နှာ နဲ့အရှက်မရှိ အမြောက်တပ်ဖွဲ့ တွေကြားထဲ သွားမလဲ သိချင်လှသည်။ Once A Gunner Always A Gunner ထဲတွင်သင်မပါ။သင်သည် always a destroyer ဖြစ်သည့်အတွက် အမြောက်တပ်ဖွဲ့မှ သင်အား အပြီးတိုင်ထုတ်ပယ်လိုက်သည်။ သင်လိုရာသို့သွားနိုင်ပြီ မောင်မြ၀င်း။

No comments:

Post a Comment