Shwe Dagon

Shwe Dagon

Wednesday, February 12, 2014

ဦးသိန်းစိန်ကို သမ္မတဖြစ်အောင် လွှတ်တော် ကရွေးခဲ့တာလား ဦးသန်းရွှေကရွေးခဲ့တာလား



ဦးသိန်းစိန်ကို သမ္မတဖြစ်အောင် လွှတ်တော် ကရွေးခဲ့တာလား ဦးသန်းရွှေကရွေးခဲ့တာလား အရှင်းကြီးပါ
(နေပြည်တော်သတင်း)

ဦးသန်းရွှေ ဖြစ်စေချင်တဲ့သူသာ သမ္မတဖြစ်ရသော ၂၀၀၈ ဖွဲ့စည့်းပုံ ဖြစ်တယ် ၊

ဦးသိန်းစိန်ကို သမ္မတဖြစ်အောင် လွှတ်တော် ကရွေးခဲ့တာလား ဦးသန်းရွှေကရွေးခဲ့တာလား အရှင်းကြီးပါ

ဦးသန်းရွှေဟာ မြန်မာပြည်ကြီးကို နောက်ကွယ်က ထာဝရ ကြိုးကိုင်ချင်တဲ့သူဖြစ်တယ် ၊

၅၉(စ) ကို ပြင်ဖို့ဆောင်ရွက်တာဟာ ဦးသန်းရွှေကို ထိုးနှက်တာပဲဖြစ်တယ် ၊ 

၅၉(စ) ကို မပြင်ဖို့ တာဆီးတာဟာ ဦးသန်းရွှေကို အဖေခေါ်တာပဲဖြစ်တယ် ၊

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် မြန်မာနိုင်ငံကြီး ဘာဖြစ်မယ် ညာဖြစ်မယ် စိုးရိမ်နေကြတာဟာ ၂၀၁၅ အလွန် ၂၀၁၆ကို စိုးရိမ်နေကြတာပါ ၊

အခု ဒီကနေ့ ၂၀၁၄ မှာ ဦးသန်းရွှေ ရွေးခဲ့တဲ့ ဦးသိန်းစိန် သမ္မတလုပ်နေတဲ့ ဒီနေ့မှာ

ဒီနေ့မှာ မြန်မာမိန်းကလေးတွေ အိမ်ဖော်အဖြစ်နဲ့ နိုင်ငံခြားသွားနေရတယ် ၊

ဒီနေ့မှာ မြန်မာမိန်းကလေးတွေ အငှားမယားအဖြစ်နဲ့ ရောင်းစားခံနေရတယ် ၊

ဒီနေ့မှာ မြန်မာမိန်းကလေးတွေ လက်ပံတောင်းတောင်မှာ မျက်ရည်ကျနေတယ် ၊

ဒီနေ့မှာ မြန်မာမိန်ကလေးတွေ မိကျောင်းကန်မှာ မျက်ရည်ကျနေတယ် ၊

ဒီနေ့မှာ မြန်မာမိန်းကလေးတွေ သမီးလေးကျေးရွာမှာ မျက်ရည်ကျနေတယ် ၊

ကဲ မနက်ဖန် အတွက်ရော . . . ၂၀၁၆ မတိုင်ခင် ရောင်လာမယ့် မနက်ဖန် များ အတွက်ရော . . .

မြန်မာမိန်းကလေးတွေ အိမ်ဖော်လုပ်နေရအုံးမှာ . . .

အရောင်းစားခံနေရအုံးမှာ . . .

မျက်ရည်ကျနေကြရအုံးမှာ . . .

ကဲ အမျိုးဘာသာ ဆိုတဲ့ နံမည်အောက်က ကိုကိုမမတို့ရယ် . . .

မယောင်ရာဆီလူးလို့ မဝကြသေးဘူးလား . . .

ခင်ဗျားတို့ရဲ့ ဦးသန်းရွှေကို အဖေဆက်ခေါ်ချင်တဲ့လုပ်ရပ်နဲ့ အမျိုးဘာသာဆိုတဲ့ နာမည်ကြီးက မတန်လိုက်တာဗျာ . . .

ယိုသူမရှက် မြင်သူရှက် ဆိုတာ ဒါမျိုးကိုခေါ်တာနေမှာ . . .

Hawdeka Khalaylay

No comments:

Post a Comment