Shwe Dagon

Shwe Dagon

Friday, January 31, 2014

ဝန်ကြီး အုန်းမြင့် နှင့် တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း



တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း

မကြာသေးခင်က ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ ၂၀၁၀ ခုနှစ်၊ မေလက ဂြိုဟ်တုမှ ရိုက်ထားသော စက်တလိုက် satellite ဓါတ်ပုံထဲမှာ စိတ်ဝင်စားဖွယ်ရာ နေရာ (site) တစ်ခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင် ကွန်တို (ခေါ်) လှေခါးထစ် သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော သတ္တုတွင်း (contour strip mine) ကို မြင်နေရသည်။ တောင်ကုန်း တောင်တန်း အတွင်းရှိ မြေအောက် သတ္တုကြောကို ထိအောင် အပေါ်ယံ မြေသားကို လှန်ထပ် ဖယ်ရှားကာ မြေပြင်ကို လှေခါးထစ် အဖြစ် ဖေါက်တည်ထားသည်။ တချို့နေရာများတွင် တောင်ကုန်းနံရံများကို တူးဆွ ဖေါက်ချပြီး သတ္တုတွင်းကို ဖဲ့ယူကြသည်။ ဤသို့ သတ္တုတွင်းကို ဖဲ့ခြစ် ထုတ်ပြီးသောအခါ တောင်ကြောတခုလုံးတွင် လှေခါးထစ်သဏ္ဍန် မြေပြင်မှာ ကျန်နေခဲ့သည်။






ကားလမ်းများကို တောင်ကမ်းပါးရံ တလျှောက် လှေခါးထစ်ပုံ ဖေါက်ထားသည်ကို မြင်နိုင်သည်။ အချို့လမ်းများ၌ လော်လီကား၊ ထရပ်ကားများ တန်းစီလျက် သတ္တုတွင်းများကို တင်ဆောင် ယူသွားရန် စောင့်နေကြပုံကို မြင်နေရသည်။ ဒေသခံ ကချင်အမျိုးသားများ၏ အဆိုအရ ဤ တူးဖေါ်နေသော သတ္တုမျိုးမှာ မိုလစ်ဒီနမ် (molybdenum) ဟုဆိုပါသည်။ ဤသတ္တုများကို တရုတ်ပြည်တွင်းသို့ သယ်ဆောင် သွားကြပါသည်။




Wikipedia အင်တာနက် အဘိဌာန်တွင် ဖေါ်ပြထားသည်များအရ မိုလစ်ဒီနမ်ကို ပင်မသတ္တုအဖြစ် တူးဖေါ်နေကြသည့် နေရာတွင် ကြေးနီ (copper) နှင့် သံဖြူ (tungsten) ကိုလည်း တွဲဖက် တူးဖေါ် ရရှိလေ့ရှိ၏။ သတ္တုရိုင်း မိုလစ်ဒီနမ်ကို metal သံမာများ ပြုလုပ်ရာ၌ `အရော’ (alloys) အဖြစ် ကြိုသုံးကြသည်။ မိုလစ်ဒီနမ်မှာ အထူးတလည် ပြင်းထန်သော အပူဒဏ် (heat) ကို ခံနိုင်သည်။ ထို့ကြောင့် သံချပ်ကား၊ လေယာဉ်ပျံသုံး ပစ္စည်း၊ အီလက်ထရောနစ် (electronic) ပစ္စည်းပြုလုပ်ရာတွင် စေ့ကပ် (contact) သည့်ပစ္စည်း၊ မော်တာစက် (motor) စသည်တို့တွင် သုံးကြသည်။ ၂၀၀၅ ခုနှစ်၊ ဇွန်လပိုင်းက ကမ္ဘာ့ သတ္တုဈေးကွက်တွင် မိုလစ်ဒီနမ် တစ်တန်လျှင် ဒေါ်လာ ၁၀၃,၀၀၀ (တစ်သိန်းကျော်) ဈေးထိ မြင့်တက်ခဲ့ဘူးသည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လက မိုလစ်ဒီနမ် ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၀,၀၀၀ (သုံးသောင်း) ဈေးရှိခဲ့သည်။ 




ဤမိုလစ်ဒီနီယမ် သတ္တမိုင်းတူးဖေါ်နေသည့်နေရာမှာ တရုပ်နယ်စပ်နှင့်ကပ်လျက် ကချင်ပြည်နယ်မြေပေါ်တွင် တည်ရှိနေပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ချီဗွေမြို့၏အရှေ့ဘက် မျဉ်းဖြောင့် ၂၆ မိုင်အကွာ မြစ်ကြီးနားမြို့မှ မျဉ်းဖြောင့်တစ်တန်းတည်း မိုင် ၈၀ အကွာတွင်တည်ရှိသည်။ ဒုတိယကမ္ဘာစစ်ကာလ အမေရိကန်နိုင်ငံ Texas
ပြည်နယ်သား လေယာဉ်မှူး Pilot Jimmy Fox ပျက်ကျခဲ့သည့် လေယာဉ်ပျက်ရှိရာ တရုပ်-မြန်မာ နယ်စပ်နေရာမှ အနောက်ဘက်သို့ မျဉ်းဖြောင့် ၁၀ မိုင်အကွာတွင်ရှိသည်။  


ဤမိုလစ်ဒီနမ် သတ္တုတွင်းရှိရာဒေသသည် တိုင်းရင်းသားကချင်လူမျိုးများနေထိုင်ခြင်းမရှိသောနေရာဖြစ်သည်။ အတွင်းသိဒေသခံအမည်မဖေါ်လိုသော ကချင်မိတ်ဆွေတစ်ဦး၏အဆိုအရ ထိုသတ္တုတွင်းကိုတရုပ်အုပ်စုများ ကတူးဖေါ်နေကြပြီးစခုံတိန့်ယိန်း၏ NDA နယ်ခြားစောင့်တပ်မှ စီမံကြီးကြပ်ပြီး ရုရှားပညာရှင်များပါဝင် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
ဤသတ္တုတွင်းသည် မြန်မာတပ်မတော် ဗိုလ်ချုပ်များ၏ တရားမ၀င်စည်းပွားရေးလုပ်ငန်းများအနက် တစ်ခုဖြစ်သည်။ တိုင်းပြည်အတွက်ဝင်ငွေဖြစ်ရမည့်အစားစစ်ဗိုလ်ချုပ်တို့၏ကိုယ်ကျိုးအတွက် တိုင်းပြည် ပိုက်ဆံ ကိုခိုးယူနေခြင်းဖြစ်ပါသည်။ ဒေသခံကချင်လူမျိုးများ၏ပြောကြားချက်အရ ၂၀၀၅-၂၀၀၆ ခုနှစ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့် (ယခု မွေးရေ ၀န်ကြီး) ကိုယ်တိုင်ဤသတ္တုတွင်း နေရာ သို့လာရောက်ပြီး ကချင်နယ်ခြားစောင့်တပ် ခေါင်းဆောင် စခုံတိန်းယိန်း နှင့်အပေးအယူလုပ်ခဲ့ကြကြောင်းသိရ သည်။ တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့် (ယခု မွေးရေ ၀န်ကြီး) သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ သစ္စာခံ လုံခြုံရေးတပ်စုမှူး တစ်ဦးဖြစ်ခဲ့ပါသည်။

























No comments:

Post a Comment