Shwe Dagon

Shwe Dagon

Wednesday, January 8, 2014

““ကြံ့ဖွတ် ဦးအောင်သောင်းအကြောင်း တစ်စေ့တစ်စောင်း””







““ဝန်ကြီး ဦးအောင်သောင်းအကြောင်း တစ်စေ့တစ်စောင်း””

ဦးအောင်သောင်း ဟာ တောင်သာနယ် ကျောက်ကာရွာ ဇာတိ ဖြစ်တယ်။ ဒါပေမဲ့
သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့
ကပ်ရက်) ၀ဲလောင်ရွာဇာတိလိုလို လိမ် ပြောလေ့ရှိတယ်။ ဒါကြောင့်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ၀ဲလောင်သားလို့ မကြာခဏ ခေါ်လေ့ရှိတယ်။

ဦးအောင်သောင်းဟာ OTS - 30 ကျောင်းဆင်း ဖြစ်ပြီး နမခ ဗျူဟာမှူး
ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံး ရာထူးသာ
ရရှိခဲ့ပါတယ်။န၀တခေတ် မကွေးတိုင်း တ၀တ ဥက္ကဌအဖြစ် နမခ တိုင်းမှူး
ဗိုလ်ချုပ် ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ် ထွန်းကြည်
ကုန်သွယ်ရေး ၀န်ကြီး ဖြစ်သွားချိန်တွင် မန္တလေး တိုင်းစစ်ဌာနချုပ်ရှိ
နန်းတွင်း ဧည့်ရိပ်သာမှာ ဦးအောင်သောင်းအား ခေါ်တွေ့ခဲ့ပြီး သူနဲ့အတူ
လိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကုန်သွယ်ရေး ၀န်ကြီးဌာန လက်အောက်ခံ ကုန်သွယ်လယ်ယာ
ဦးဆောင်ညွှန်ကြားရေးမှူး ရက်ပိုင်းသာ လုပ်နေချိန်မှာ မိတ်ဆက်စားပွဲ
ကျင်းပပြီး ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် ထွန်းကြည်က
ထိုးတင်ခဲ့ပါတယ်။ ဦးသန်းရွှေအား ဦးအောင်သောင်းရဲ့ အဖားတော်မှုကြောင့်
ကုန်သွယ်ရေး ၀န်ကြီးဌာနကနေ မွေးရေ၀န်ကြီးအဖြစ် ဆက်လက် ရာထူးတိုးခဲ့ပါတယ်။

သူ့ရဲ့ အမျိုး စစ်ဆေးရုံ (၂) မှာ ဆေးကုသမှု ခံယူခဲ့စဉ်က မွေးမြူရေးဝန်ကြီး
ဦးအောင်သောင်းဟာ လက်ဆောင်ပဏာများစွာနှင့် ကုသမှု ပါရဂူဆရာဝန်များအား
ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းအထိ ၀င်ကြည့်ခွင့် ရခဲ့ပါတယ်။ န၀တခေတ် စက်မှု
(၁) ၀န်ကြီး ဦးစိန်အောင် ကွယ်လွန်သွားချိန်မှာ မွေးရေ၀န်ကြီးမှ စက်မှု
(၁) ၀န်ကြီးအဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။ စက်မှု (၁) ၀န်ကြီးဌာနမှာ သာပေါင်း
စက္ကူစက်ရုံ စီမံကိန်းနှင့် စပ်လျဉ်းပြီး တရုတ် ကုမ္ပဏီနှင့် အဂတိ
လိုက်စားမှု လုပ်နေတာကို ထောက်လှမ်းရေး ခြေရာခံ လိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအချိန်ကတည်းက သူ့ကို ထောက်လှမ်းရေးတွေက ဖြုတ်ဖို့ ကြံစည်နေတာမို့
ဦးသန်းရွှေကို ပြေးကပ်သလို ဦးမောင်အေးကိုလည်း သူ့သား ဗိုလ်ပြည်အောင်နဲ့
ဦးမောင်အေး သမီး နန္ဒာအေးကို ရအောင် ယူခိုင်းပြီး အကာအကွယ်
ယူလိုက်တယ်လို့ သိရပါတယ်။
စက်မှု (၁) ၀န်ကြီးအဖြစ် လုပ်ခဲ့ချိန် ၂၀၀၄ နောက်ပိုင်းမှာ စက်မှု (၁)
စက်ရုံတွေက လိမ်ထားတာ တော်တော်များများကို ဆိုးခဲ့ပြီး
မလည်မပတ်နိုင်အောင်ဘဲ ဖြစ်နေပါတယ်။ အစိုးရသစ်တက်လာတော့ စက်မှု (၁) ကို
ဖြုတ်လိုက်တာမို့ ၀န်ကြီး ဦးအောင်သောင်းဟာ စားလို့ဝါးလို့ရတဲ့
ပိုက်ဆံတွေကို UOB, OCBC ဘဏ်တွေမှာအပ်ထားတာ ဖြစ်ကြောင်း သိရှိရပါတယ်။

သူ့သား ဦးနေအောင်က တော့ အောင်ရီဖြိုး ကုမ္ပဏီ စတင် တည်ထောင်ပြီး
နောက်ပိုင်းမှာ တစတစ ချမ်းသာလာကာ IGE ကုမ္မဏီအကောင့်တွေနဲ့ ဒေါ်လာ
ဘီလျံပေါင်းများစွာ အပ်နှံထားတယ်လို့ သိရှိရပါတယ်။

လက်ရှိကြံ့ခိုင်ရေးနဲ့ အစိုးရအဖွဲ့ထဲမှာ သူအရင်တုန်းက လာဘ်စားခဲ့တာ
အရေးယူခံရမှာစိုးလို့ နေရာတစ်ခုရအောင်ယူပြီး ကုပ်ကပ်နေတယ်လို့
သိရှိရပါတယ်။ ယခင် တနသာင်္ရီတိုင်း ၀န်ကြီးချုပ်
ဦးခင်ဇော်ပြုတ်တဲ့ကိစ္စမှာလည်း သူ့လက်ချက်မကင်းကြောင်း ဆိုပါတယ်။
ဦးအောင်သောင်းဟာ ဘယ်လောက်အထိ လိမ်ညာလာဘ်စားသလဲဆိုရင် ကျောက်ဆည်မှာ
စွပ်ကျယ်စက်ရုံဖွင့်ပွဲလုပ်ရာမှာ စက်ရုံက ကောင်းစွာမလည်နိုင်သေးတာမို့
တရုတ်နယ်စပ်ကနေ စွပ်ကျယ်တွေဝယ် ပြီးရင် စက်မှု (၁) တံဆိပ်တပ်ကာ
သူ့စက်ရုံကနေ ထုတ်တဲ့ပုံစံမျိုးလုပ်ကာကာ လိမ်ညာခဲ့ပါတယ်။

ဒီလိုလိမ်ခဲ့တာကို ဦးသန်းရွှေ သိရှိခဲ့ဟန် မတူကြောင်း
အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင်
ဝန်ကြီးဟောင်း ဦးအောင်သောင်းဟာ နေရာရချင်တာမို့ ကြံ့ခိုင်ရေးကို
ဂိုဏ်းတွေ ကွဲအောင်လုပ်ဖို့ အထိ သူ့မှာ အကြံအစည်ရှိနေတယ်လို့
ကြားသိရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အဆင်မပြေတာကြောင့်
သမ္မတကတော့ သူ့ကို မကြိုက်ဟန်တူကြောင်း စည်းလုံးခြင်းရဲ့ အင်အား
ဝက်ဘ်ဆိုဒ်မှာ တဆင့် တင်ပြလိုက်ရပါတယ်။

အကတိလိုက်စားမှုဝန်ခံပြီ

မြန်မာစစ်ခေါင်းဆောင်တွေ အကတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့
သတင်းတွေ ထွက်ပေါ်နေပေမဲ့ ပါဝင်ပတ်သက်ကြောင်း ဝန်ခံတဲ့
စစ်ခေါင်းဆောင်ဆိုတာ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ အကတိလိုက်စားမှုမှာ စက်မှု(၁)
ဝန်ကြီးကတော်နဲ့ သားသမီးတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ စက်မှု(၁) ဝန်ကြီး
ဦးအောင်သောင်းကိုယ်တိုင် ပထမဆုံးအကြိမ် ဝန်ခံခဲ့တယ်။
ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေကို စက်မှု(၁) ဝန်ကြီးဌာန
လက်အောက်ခံ စက်ရုံတွေမှာ အလာမခံဘို့နဲ့ လာရင်လဲ လက်မခံပါနဲ့ ဆိုတဲ့
ညွှန်ကြားချက်ကို ဝန်ကြီးဦးအောင်သောင်းကိုယ်တိုင် လက်မှတ်ထိုးပီး
စက်မှု(၁) ဝန်ကြီးဌာနတွင်း မကြာခင်က ဖြန့်ဝေခဲ့တယ်။

ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေ စက်မှု(၁) လက်အောက်ခံ
စက်ရုံတချို့ရဲ့ အကတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ စသုံးလုံးက
စစ်ဆေးအပြီးမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က
ဝန်ကြီးဦးအောင်သောင်းကို သတိပေးခဲ့တာပါ မကြာခင် ဝန်ကြီးဦးအောင်သောင်းက
ခုလို ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်
မြန်မာစစ်အစိုးရအဆက်ဆက် ၄၇ နှစ် သက်တမ်းတလျှောက် ဝန်ကြီးကတော်နဲ့ မိသားစု
အကတိလိုက်စားမှုကြောင့် ဝန်ကြီးကိုယ်တိုင် တရားဝင်
တားမြစ်မိန့်ထုတ်ပြန်ခဲ့တာ ဒါပထမဆုံးအကြိမ်ဖြစ်လို့ ကျန်တဲ့ နေပြည်တော်
ဝန်ကြီးဌာနတွေပါ အံ့အားတသင့် ဖြစ်ကုန်ပါတယ်၊

မိသားစုလိုက်ခိုးကြပြီ

မကြာခင်လပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ စက်မှု(၁) လက်အောက်ခံ
ဇေယျဝတီသကြားစက် ကြံခင်းပိုင်ဆိုင်မှုကိစ္စ အမှုမှာ
ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးလွှတ်ထားသူနဲ့ ဝန်ကြီးဦးအောင်သောင်းရဲ့
အတွင်းလူုနှစ်ဦးပြဿနာဖြစ်ခဲ့တယ်လို့ သိရပါတယ် စစ်တပ်ပိုင်
မြန်မာ့ဦးပိုင်လီမိတက်ကိုလွဲမဲ့ ဇေယျဝတီသကြားစက်က
စက်အရံပစ္စည်းတွေပျောက်ဆုံးနေလို့ မြန်မာ့ဦးပိုင်လီမိတက်က
သကြားစက်ကိုလက်မခံလို့ စသုံးလုံးက ဝင်စစ်ရတဲ့ အဖြစ်ရောက်ခဲ့တယ်လို့
စက်ရုံအရာရှိတဦးက ပြောပါတယ်

ဝန်ကြီး ဦးအောင်သောင်းရဲ့သားပိုင်တဲ့ IGE ကုမ္ပဏီမှာ သားဖြစ်သူ
ကိုနေအောင်က မန်နေဂျင်းဒါရိုက်တာ ဖြစ်ပီး ဦးအောင်သောင်းရဲ့သားလဲဖြစ် ဒု
ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ သမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်က
ဒါရိုက်တာဖြစ်တယ်လို့ အီးယူက ထုတ်ပြန်ထားတဲ့
မြန်မာစစ်ခေါင်းဆောင်မိသားစုများ နာမယ်ပျက်စာရင်းမှာ ပါရှိပါတယ်

မြန်မာ့ရေနံနဲ့ သဘောဝဓါတ်ငွေ့လုပ်ငန်းအတွက် တင်ဒါအများစုကို
ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီကိုသာ တဘက်သတ်
အနိုင်ပေးခဲ့တာများတယ်လို့ အမည်မဖော်လိုတဲ့ ရေနံအရာရှိတဦးကလဲ ပြောပါတယ်
တကယ်တော့ ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီက သွင်းတဲ့
စက်ပစ္စည်းတွေဟာ တရုတ်လုပ် ခပ်ညံ့ညံ့ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့
တင်သွင်းခဲ့တာလို့ စုံစမ်းသိရပါတယ်။

အိုင်ဂျီင်္အီး ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီပေါင်းပီးသွင်းတဲ့ အရည်အသွေးမမှီတဲ့
စက်ပစ္စည်းတွေကို ဘာကြောင့် မြန်မာ့ရေနံနဲ့ သဘောဝဓါတ်ငွေ့လုပ်ငန်းက
ဝယ်သုံးရသလဲလို့ တင်ဒါပြိုင်ဘက် ကုမ္ပဏီတချိုံက မေးခွန်းထုတ်ခဲ့ပါတယ်၊

သာပေါင်းစက္ကူစက်တည်စကလဲ အကတိလိုက်စားမှုတွေ ရှိနေကြောင်း စက်မှု (၁)
ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့
ဗိုလ်ချုပ်ခင်ညွှန့်က အသေးစိတ် စစ်ဆေးခဲ့ပေမဲ့ အရေးမယူနိုင်ခဲ့ဘူးလို့
ခေတ်ပြိုင်ဆောင်းပါးရှင် ဗိုလ်ထက်မင်းက ရေးခဲ့ပါတယ်။ ဒါပေမဲ့
သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီအကူအညီနဲ့ တည်ဆောက်ရာမှာ
တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရတယ်လို့
ရန်ကုန် အနောက်တိုင်းသံတမန်တချိုံက သံသယရှိကြောင်း ပြောခဲ့ပါတယ်

ပိုင်ဆိုင်မှုတွေဒေါ်လာသန်းထောင်ချီ

ကနေ့ဆိုရင် ဝန်ကြီး ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေဟာ
ဒေါ်လာသန်းပေါင်းများစွာရှိနိုင်ပါတယ်၊ မြန်မာနိုင်ငံတလွှား
သားသမီးနာမယ်နဲ့ထားတဲ့ စက်ရုံတွေ ခြံမြေတွေ အပမ်းဖြေ ဥယျာဉ်တွေ
ကိုယ်ပိုင်တိုက်တာတွေ အများအပြားဖြစ်ပါတယ်
ဝန်ကြီး ဦးအောင်သောင်းနဲ့မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဘိုးက
ဒေါ်လာသန်းပေါင်းများစွာ ရှိနိုင်ပါတယ်၊ မြန်မာနိုင်ငံတလွှား
မိသားစုနာမယ်မျိုးစုံနဲ့ထားတဲ့ စက်ရုံတွေ ခြံမြေတွေ အပမ်းဖြေ ဥယျာဉ်တွေ
ကိုယ်ပိုင်တိုက်တာတွေ အများအပြားဖြစ်ပါတယ်၊

ဝန်ကြီး ဦးအောင်သောင်းဟာ တချိန်က မကွေးတိုင်း ဗျူဟာမှူး
ဗိုလ်မှူးကြီးအဆင့်ကနေ မကွေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
ဥက္ကဌ၊ ဒိနောက် ကုန်သွယ်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်နဲ့ မကြာခင်
ဦးအောင်သောင်း ဒုဝန်ကြီး ဝန်ကြီး အဆင့်ဆင့် ဖြစ်လာခဲ့တာပါ ဒါပေမဲ့
ဦးအောင်သောင်းဟာ ညွန်ကြားရေးမှူးချုပ်ဘဝမှာကထဲက လာဒ်စားမှုအရာမှာ
ထင်ရှားခဲ့သူ ဖြစ်တယ်လို့ ရန်ကုန်မြို့က ဝါရင့်နိုင်ငံရေးသမားကြီး
သခင်ချန်ထွန်းက ထောက်ပြပါတယ်။

အကတိလိုက်စားမှုမှာ နာမယ်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဝန်ကြီး
ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို အိမ်ယာပိုင်ဆိုင်မှု
ခြံမြေပိုင်ဆိုင်မှု စက်ရုံပိုင်ဆိုင်မှု စသဖြင့် ခွဲကြည့်မှ ပိုပီး
သရုပ်ပေါ်လွင်မှာ ဖြစ်ပါတယ်၊

အိမ်ယာပိုင်ဆိုင်မှုအပိုင်းကိုကြည့်ရင် ရန်ကုန် သမိုင်းချည်စက်နားမှာ
နန်းတော်လို ဆောက်ထားတဲ့ အိမ်ကြီးဟာ
ဦင်္းအောင်သောင်းပိုင်တဲ့အိမ်ဖြစ်ပါတယ် ဒီအိမ်ကြီးကို စက်မှု(၁)
ဝန်ကြီးဌာနနဲ့ စီးပွားဖက်စပ်လုပ်နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အကူအညီနဲ့
ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အသေးစိတ်ကို
ဒီမိုဝေယံဘလော့ဆိုက်က ခုလို ဖော်ပြထားပါတယ်။

လှိုင်ရတနာမွန်အိမ်ယာ

ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ ဖြစ်တဲ့
စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး
ဆောက်လုပ် နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။
အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့
အိမ်ကိုလှမ်းမြင်ရပါတယ်။

လှိုင်ရတနာမွန်အိမ်ယာရဲ့ ထိပ်ဆုံးထောင့်ကခြံပါ ... လှိုင်ရတနာမွန်အိမ်ယာ
ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့
ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့ တဘက်ခြမ်းမှာတော့ ယခင်
ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့ အိမ်ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး
ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ
ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့.. ဟိုတယ်ကြီးတွေမှာသာ
အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့
ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားပါတယ်။ ခြံတစ်ခါးကတော့
ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်.....။

ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့
အကျယ်အဝန်းဟာ မျက်နှာစာကြီးပဲ ပေ(၃၀)ရှိပါတယ်။ ကားတွေကြီးပဲ
(၁၀)စီးကျော်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း
ပျင်းရင်ရိုက်ဖို့ အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ ဘေးမှာတော့
ဦးအောင်သောင်း မိန်းမ ဒေါ်ခင်ရီရဲ့ သစ်ခွခြံရှိပါတယ်.... ဒေါ်ခင်ရီ
အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြား သစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့
လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ်ထားပါတယ်။.. ဂေါက်ကွင်းရဲ့
ဘေးမှာတော့ တင်းနစ်ကွင်း တစ်ကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့
ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ခြင်း ညာဘက် အခြမ်းမြင်ကွင်းပါ..။

ခြံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့ အိမ်ဆောက်ထားပါတယ်..
ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင်ဆောက်ထားပါတယ်။
တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ
အိမ်ခေါင်မိုးထိ ရှိပါတယ်.. ။ အမြင့်က ပေ(၂၀) ကျော်လောက်ရှိပါတယ်တဲ့..။
ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့
ဂရန်းနိုက်ကျောက်ပြား အနက်နဲ့ အနီအပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည်တည့်မှာ
စိန်ပန်းပင် သုံးပင်ရှိပါတယ်..။

အိမ်ရှေ့ ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေး ရှိပြီးအဲ့ဒီ
ရေကန်ထဲမှာ ဗျိုင်းရုပ်လေးတွေ ရှိပါတယ်...။ အဲ့ဒီရေကန်ဘေးမှာတော့
အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ
တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေးလုပ်ထားပါတယ်။
အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ... ရေကူးကန် တစ်ခုရှိပါတယ်...။

ဦးအောင်သောင်းဟာ ပါဏိတာပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ
အရက်ကိုလည်း အရမ်းကြိုက်ပါတယ်…. ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့
ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက
တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး ရဲ့ သမီးနန္ဒာအေးနဲ့ လက်ထပ်
ထိမ်းမြားပေးထားပါတယ်။

ဦးအောင်သောင်းရဲ့ သားတွေထဲက တစ်ယောက်က မသထာရေစာ ရတဲ့ ငွေတွေနဲ့
ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ
အရက်သောက်ပြီးရင် သူရဲ့ရေကူးကန်မှာ ရေကူးလေ့ရှိပါတယ်….။ ဦးအောင်သောင်းဟာ
နေပြည်တော်က ဝန်ကြီးတွေ နေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့
တစ်ခါတစ်လေမှ ပြန်လာပါတယ်။

သူဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက် ကိုလည်း
အထူးအလေးထားပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင်
နေဖို့ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း
ဦးအောင်သောင်းကို တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့
ခေါ်ကြပါတယ်တဲ့ မေးလ်နဲ့ လုပ်ငန်းရှင်တစ်ယောက်က ပို့လာလို့
ဖြည့်စွက်လိုက်ပါတယ်။)

ဦးအောင်သောင်းရဲ့ အိမ်ကို ဝင်သွားတဲ့ အခါမှာတော့ မျက်နှာကျက်မှာ Plaster
Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်.. အိမ်ထဲဝင်သွားတာနဲ့
ဧည့်ခံကျယ်ကြီးကို စတွေ့ရပါတယ်..။ တော်တော့်ကို ကျယ်တဲ့
ဧည့်ခန်းကျယ်ကြီးပါပဲ.. ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ဘက်မှာ သူ့သမီးတီးဖို့
စန္ဒယားအကြီးကြီး တစ်လုံးရှိပါတယ်..။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့
လှေကားကျယ်ကြီး တစ်ခုရှိပြီး အဲ့ဒီ့လှေကားရဲ့ အကျယ်အဝန်းက (၇)ပေလောက်
ကျယ်ပါတယ်…။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း
(၂၂)ထစ်ရှိပါတယ်…။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ်
တစ်ခုရဲ့အမြင့်က လက်တစ်ထွာလောက် ရှိပါတယ်…။ အဲ့ဒီကတက်သွားပြီးရင်
အလယ်နားလောက်မှာ ကျွန်းနဲ့ကျည်းဘောင် ခွေထားတဲ့
အပြင်ကအလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတစ်ခုရှိပြီး
အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို
လှမ်းမြင်နေရပါတယ်..။

လှေကားတက်သွားပြီးရင် လှေကားရဲ့ အဆုံးမှာတော့ အခန်းကျယ်ကြီး တစ်ခုရှိပြီး
ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်... သားတွေက အိမ်ထောင်ကျသွားလို့
အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ
သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့
အလှပြင်ခန်းတွေကို တစ်ခန်းချင်းဆီ သပ်သပ် လုပ်ပေးထားပါတယ်။ ဘုရားခန်းက
တစ်ခုရှိပြီး အခန်းရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို ဘုရားခန်း
ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့ အခါ ရုပ်ရှင်ပိတ်ကား
တစ်ခုစာလောက်ရှိတဲ့ ပန်းချီကားကြီးတစ်ခုရှိပါတယ်။

ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး
ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန်အသက်ဝင် လှုပ်ရှားနေပါတယ်။
တန်ဘိုး အင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ...

ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ်
ကျော်ကျော်လောက် ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတစ်ခုရှိပြီး
အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ ချည်းပဲ အလှဆင်ထားပါတယ်...။
အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့နံရံရဲ့ အောက်မှာ ဦးအောင်သောင်း
အပန်းဖြေဖို့ အတွက်ကို Home Theatre တွေ Projector
အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်း ပေါ့ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ
အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့
အခန်းပါပဲ...။

သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ အင်မတန်တန်ဘိုးရှိတဲ့
ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့ အကျယ်အဝန်းက ရှေ့နောက်
ပေ၄၀. အကျယ် ပေ ၂၀လောက်ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ
နှစ်ယောက်အိပ်ကုတင် ရှိပြီး ကုတင်ရဲ့ ခြေရင်းမှာ
ကျွန်းဘီရိုတစ်လုံးရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုး ဘီရိုပေါ့...။
တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီးဝင်သွားခဲ့ရင် မြေအောက်ခန်း ကိုဆင်းတဲ့
တံခါးပေါက် ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို
တံခါးပေါက်ကို ဖွင့်ပြီးဝင်သွားလို့ ရပါတယ်။

နောက်ကုတင်ရဲ့ ညာဘက်ခြမ်းမှာ ရေချိုးခန်းရှိပါတယ်... ရေချိုးခန်းက
ရေပူရေအေး စံနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။
ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ
ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap
ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့ ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား
ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေ အားလုံး
ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ..။

ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။
သူတို့ကိုယ်တိုင်မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ.့....
အစေခံတန်းလျားကတော့ သူ့သမီးတီးတဲ့ စန္ဒယားရဲ့ အနောက်ဘက်က ဝင်သွားရင်မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင် ထဲမှာ Micro Wave Oven
ကြီးမားတဲ့ နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင်
အပေါ်ထပ်မှာတော့ အစေခံတန်းလျား ရှိပါတယ်။ တစ်အိမ်လုံးကို တန်ဖိုးကြီးတဲ့
Neon ပန်းဆိုင်းတွေ Crystal Light တွေ အကုန်ဆင်ထားပါတယ်။
အင်းစိန်လမ်းမကြီးက လမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့
ခြံစည်းရိုးနဲ့ အိမ်ကသူ့အိမ်ပါပဲ.. လှိုင်ရတနာမွန် အိမ်ယာထိပ်က ခြံပေါ့။

ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ ရွှေဆွဲကြိုးက
အတော်ကြီးပြီး လော့ကတ် နေရာမှာတော့ အင်မတန်ကြီးမားတဲ့
ပုလဲလုံးကြီးတစ်လုံးကို ချိတ်ဆွဲထားပါတယ်။

ပြည်ပရေဒီယိုမှကောက်နှုတ်ချက်များ

နေပြည်တော် ဥတ္တရသီရိရပ်ကွက်မှာ မကြာခင်က အိမ်တက်မင်္ဂလာလုပ်ခဲ့တဲ့ ဧရာမ
အိမ်ကြီးဟာလဲ ဦးအောင်သောင်းရဲ့ ကိုယ်ပိုင်အိမ်ဖြစ်ပါတယ်၊ မေမြို့
ကန်တော်ကြီး ဥယျဉ်နားက ဝန်ကြီးရပ်ကွက်မှာ အိမ်ကြီးတလုံး
ဦးအောင်သောင်းပိုင်ထားပီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အိမ်နဲ့
ကပ်ရက်ရှိတယ်လို့ မျကိမြင်သက်သေတွေက ပြောပါတယ်၊

ပုပ္ပားတောင်ကလပ် International ဟော်တယ် အောက်ချိုင့်ထဲမှာလဲ
ဝန်ကြီးဦးအောင်သောင်း အနားယူဘို့အတွက် အိမ်တလုံး ဆောက်ထားပါတယ်၊
ကားဂိုဒေါင်တွေ ဒရိုင်ဘာ နားနေခန်းတွေပါ အစုံဆောက်ထားတာလို့
မျက်မြင်သက်သေတွေက ပြောပါတယ။်

ခြံမြေပိုင်ဆိုင်မှု အပိုင်းနဲ့ကြည့်ရင် ရန်ကုန် ပုလဲမြို့သစ် ရွှေနံသာ
ငွေနံသာ ရပ်ကွက်မှာ ဝန်ကြီးတွေအတွက် အိမ်ယာမြေကွက်တွေ ပေးထားပါတယ်၊
တဦးကို ပေ ၂၅ဝ ပတ်လည်ရှိတဲ့ ၁ ဒသမ ၆ ဧကရှိတဲ့ မြေကွက်တွေ ပေးထားတာပါ၊
ထုံးစံအတိုင်းပါဘဲ ဝန်ကြီးဦးအောင်သောင်းရဲ့ ခြံက
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခြံနဲ့ကပ်ရက်ဖြစ်တယ်လို့ မျက်မြင်သက်သေ
တဦးက ပြောပါတယ်။

ဝန်ကြီး ဦးအောင်သောင်းပိုင်တဲ့ ဒီခြံထဲမှာ
ဆေးသစ်ခွပင်တွေစိုက်ထားတယ်လို့ သိရပါတယ် ဒီဆေးသစ်ခွ အရိုးတန်ကိုင်းကို
အခြောက်လုပ်ပီး နိုင်ငံခြားပို့ရင် တတန်ကို ဒေါ်လာ လေးထောင်ကျော်ထိ
ဈေးရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်၊ ဆေးသစ်ခွစိုက်ရင်
သစ်တောအခွန်လဲ လွတ်တာမို့ ဆေးသစ်ခွတွေကို ဦးစားပေးပီး ဦးအောင်သောင်း
စိုက်ထားသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စက်ရုံပိုင်ဆိုင်မှုအပိုင်းကိုကြည့်ရင် မှော်ဘီမြို
စိန်ရတနာသစ်ကုမ္ပဏီဘေးမှာရှိတဲ့ Star Flower တစ်ရှူးစက်ရုံဟာ
ဝန်ကြီးဦးအောင်သောင်းရဲ့ မိသားစုပိုင်စက်ရုံဖြစ်ပါတယ်
သာပေါင်းပျော့ဖတ်စက်ရုံ တည်ဆောက်ခွင့်ရတဲ့ တရုတ်ကုမ္ပဏီကနေ
ဝန်ကြီးဥင်္ီးအောင်သောင်းကို လက်ဆောင်ပေးခဲ့တဲ့ စက်ပစ္စည်းတွေနဲ့
ဆောက်ထားတာဖြစ်တယ်။

အလားတူ စက်ရုံတခုကို ဝန်ကြီးဥင်္ီးအောင်သောင်းရဲ့ မိသားစုနာမယ်နဲ့
စစ်တောင်းစက်ရုံနားမှာရှိပါတယ် ဒီစက်ရုံကို စက်မှု(၁)ဝန်ထမ်းတွေက
ဆောက်ပေးခဲ့ရတာဖြစ်ပါတယ် တရုတ်ကပေးတဲ့ စက်နဲ့ဘဲ ရန်ကုန်မှာလဲ အလားတူ
တစ်ရှူးစက်ရုံတရုံ ပိုင်တယ်လို့ သိရပါတယ် ဒီစက်ရုံကိုလဲ ပြင်ထိမ်းခေါ်တဲ့
စက်မှု(၁)အဖွဲ့က ဆောက်ပေးခဲ့ရတာပါ၊ စစ်တောင်းမှာ ဗလာစာအုပ်စက်ရုံတခုကိုလဲ
ဦးအောင်သောင်းပိုင်တယ်လို့ လက်ထောက်အရာရှိတွေက ပြောပါတယ် ပုလဲမြို့မှာလဲ
သစ်ခွဥပေါင်းတဲ့စက်ရုံတခုကို ဝန်ကြီးဥင်္ီးအောင်သောင်းပိုင်ပါတယ်။

ဝန်ကြီးဥင်္ီးအောင်သောင်းဟာ ပဒေါင်းမှာလဲ ဧကတရာခန့်ရှိတဲ့
ဇီးတော်သီးခြံကိုပိုင်သလို ပလိပ်မှာလဲ စိန်တလုံးသရက်ခြံပိုင်ပါတယ်
လှည်းကူး ရဲမွန်တပ်မြို့အနီးမှာ ဝန်ကြီးဥင်္ီးအောင်သောင်း စိတ်အပမ်းဖြေဘို့
ကျေးငှက်တွေ အစာကျွေံးဘို့ဆိုပီး ဧကပေါင်းများစွာရှိတဲ့
ကိုယ်ပိုင်အပမ်းဖြေ ဥယျဉ်ကြီးတခု ပိုင်ပါသေးတယ် ဒီခြံတွေအများစုကို
ဝန်ကြီးဥင်္ီးအောင်သောင်း လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေ
စက်ရုံမှူးတွေက ဦးအောင်သောင်းကို လာဒ်ထိုးခဲ့တာများတယ်လို့ စက်မှု(၁)
ဝန်ကြီးဌာနမှာ လူသိများပါတယ်

ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးရှင် စစ်အရာရှီဟောင်း ဗိုလ်ထက်မင်းရဲ့
ရေးသားချက်အရဆိုရင် ဝန်ကြီးဥင်္ီးအောင်သောင်းဟာ
သာပေါင်းပျော့ဖတ်စက်ရုံတည်တဲ့အချိန်မှာ တရုတ်ကုမ္ပဏီထံက လာဒ်လာဘ
အများဆုံးတောင်းခဲ့တာဖြစ်ပီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေအတွက်
ရဟတ်ယာဉ်တစင်း၊ ဝန်ကြီးဥင်္ီးအောင်သောင်းအတွက် ရဟတ်ယာဉ်တစင်းပါ
တောင်းခဲ့တယ်လို့ ဗိုလ်ထက်မင်းက ဖော်ထုတ်ခဲ့ပါတယ်။

ဖော်ပြခဲ့တဲ့ ဝန်ကြီး ဦးအောင်သောင်းနဲ့မိသားစု
ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရပေးထားတဲ့
ဝန်ကြီးလစာငွေနဲ့ မကာမိအောင် အဆမတန်များပြားနေတာ တွေ့ရမှာဖြစ်ပါတယ်၊
မသိရသေးတဲ့ ပိုင်ဆိုင်မှုတွေလဲ အများအပြားရှိနိုင်ပါတယ် အနောက်နိုင်ငံက
နိုင်ငံခြားသားတချိုံကဆိုရင် ဝန်ကြီး ဦးအောင်သောင်းရဲ့ပိုင်ဆိုင်မှုဟာ
စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် ဦးတေဇရဲ့ပိုင်ဆိုင်မှုထက်တောင်
များနိုင်တယ်လို့ သုံးသပ်လာတာ ရှိပါတယ်။

အကတိလိုက်စားမှုမျိုးစုံနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ဝန်ကြီးဦးအောင်သောင်းဟာ
အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူလည်း ဖြစ်ပါတယ်
တချိန်က ပုဂံလူထု ချီတက်ပွဲကြီးတွေလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်
လူထုရှုတ်ချပွဲပုံစံ ဖန်တီးဘို့ မန္တလေး နန်းတွင်း ရတနာပုံဧည့်ဆောင်ကနေ
ကြိုးကိုင်ခဲ့တာလဲ ဦးအောင်သောင်းဘဲဖြစ်ပါတယ်၊
၂ဝဝ၇ သံဃာ့အရေအခင်းမှာ သံဃာတွေကို ရိုက်နှက်သတ်



No comments:

Post a Comment