Shwe Dagon

Shwe Dagon

Sunday, January 26, 2014

ဦးသန်းရွှေရဲ့ ပြည်သူနဲ့ စစ်တပ်ကို နားလည်မှု လွဲမှားအောင် သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်ဖြစ်တယ်

မီးပုံးပျံကွင်းမှာဟောပြောဖို့ ခွင့်ပြုချက်မပေးခဲ့တာဟာ ဦးသန်းရွှေရဲ့ ပြည်သူနဲ့ စစ်တပ်ကို နားလည်မှု လွဲမှားအောင် သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဦးခင်ညွန့်ပြောကြား (နေပြည်တော်အထူးသတင်း) မီးပုံးပျံကွင်းမှာဟောပြောဖို့ ခွင့်ပြုချက်မပေးခဲ့တာဟာ ဦးသန်းရွှေရဲ့ ပြည်သူနဲ့ စစ်တပ်ကို နားလည်မှု လွဲမှားအောင် သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဦးခင်ညွန့်ပြောကြားခဲ့တယ်လို့ နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းများပေးပို့လာပါတယ် ၊ တောင်ကြီးမြို့ မီးပုံးပျံကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံပွဲကျင်းပဖို့ ခွင့်ပြုချက်မရရှိခဲ့တဲ့ အပေါ် ဦးခင်ညွန့်က ရည်ရွယ်ပြီး ဝေဖန်လိုက်တာပဲဖြစ်ပါတယ် ၊ ကိုယ် သတင်းတွေစောင့်ကြည့်နေတယ်လေ ၊ အဲဒီ မီပုံးပျံကွင်း သတင်းပြန်ကြားချက်အပေါ် ကိုယ်တော်တော်ပဲ စိုးရိမ်မိတယ် ၊ လူထုက ဒီကွင်းက စစ်တပ်ပိုင်ကွင်းအဖြစ် မသိကြဘူးလေ ၊ ခုမှ ဒါဟာ စစ်တပ်ပိုင်ကွင်းဖြစ်လို့ ခွင့်မပြုနိုင်ပါဘူးလို့ အကြောင်းပြန်လိုက်တာဟာ စစ်တပ်နဲ့ လူထုကို သပ်လျှိုသွေးခွဲလိုက်တာပဲ ၊ ဒါ ဦးသန်းရွှေရဲ့ သဘောထားပါ ၊ လက်ရှိကာချုပ်သဘောထားမဖြစ်နိုင်ဘူး ၊ စစ်တပ်သဘောထားမဟုတ်ပါဘူး ၊ ဒါ မလုပ်ကောင်းပါဘူး လို့ ပန်းချီပြခန်းသို့လာရောက်လည်ပတ်သော မိတ်ဆွေဟောင်းများနှင့်တွေ့ဆုံစဉ် ဦးခင်ညွန့်မှ ပြောကြားခဲ့ကြောင်း သတင်းရရှိသည် ၊ လူထုခေါင်းဆောင်ဆိုတဲ့သူတွေက ဦးသန်းရွှေ အကြောင်း ဒီထက်သိဖို့လိုတယ် ၊ ကိုယ် ခဏခဏပြောတယ် ၊ လူထုအထဲမှာ ပညာတတ်တွေ တအားနည်းနေတယ် ၊ လူထုက စိတ်ခံစားမှုနောက်ကို လိုက်တတ်တယ် ၊ လူထုက ဦးသန်းရွှေရဲ့ ဆိုက်ဝါးကို ကျော်မမြင်နိုင်ဘူး ၊ အခုကြည့်လေ ၊ ဒေါ်အောင်ဆန်းစုကြည်အတွက်နေရာမပေးလို့ ကားပေါ်မှာ စင်ထိုးပြီး လူထုတွေ့ဆုံပွဲလုပ်လိုက်ရတယ်တဲ့ ၊ ဒီတော့ လူထုစိတ်ထဲမှာ ဒဏ်ရာအနည်းနဲ့အများရသွားပြီပေါ့ ၊ ဒီလိုပဲ အဲဒီဒေသက တာဝန်ကျ စစ်သည်တွေ ယူနီဖောင်း နဲ့ လူတွေကြားသွားဖို့ စစ်သည်တွေမှာလည်း စိတ်ကသိကအောင့်ဖြစ်နေပြီပေါ့ ၊ ဒါ အလားအလာ မကောင်းဘူး ၊ မကြာခင် တစ်နေရာရာမှာ စစ်သားနဲ့ အရပ်သား ခိုက်ရန်ဖြစ်ပွားတယ်ဆိုပြီး သတင်းဖြန့်ဖို့ ဦးသန်းရွှေက ထပ်စီစဉ်အုံးမယ် ၊ နိုင်ငံရေးသမားတွေ အမျှော်အမြင်ရှိကြရင် ကောင်းမယ် ၊ ဦးသန်းရွှေ အကြောင်း ပိုနားလည်ကြရင်ကောင်းမယ် လို့လည်း ဦးခင်ညွန့်မှ ဆက်လက်ပြောကြားသွားကြောင်း သတင်းရရှိသည် ၊ သီးသန့်အင်တာဗျူးလုပ်ခြင်းများကို ဦးခင်ညွန့်မှ ခေတ္တရပ်နားထားကြောင်းနှင့် သမိုင်းမှန်ပေါ်ပေါက်ရေးအတွက် အမြဲတမ်းအသင့်ရှိနေကြောင်း သိရသည် ၊ နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော အထူးသတင်းဖြစ်သည် ၊
Top of Form
Like ·  · Share · 18 minutes ago · 
Bottom of Form


No comments:

Post a Comment