Shwe Dagon

Shwe Dagon

Monday, December 9, 2013

Cartoons

Photo: #YMGPhoto: ရှိတာလေးကို ပြရတာပါPhoto: #EMG   CartoonPhoto: " သမိုင်းပေး ဘ၀သင်ခန်းစာများ နှင့်ထိပ်တိုက်ရင်ဆိုင်မှု "

အတိတ်က မကျေညက် ခဲ့တဲ့ သင်ခန်းစာတွေ ဟာ တစ်ဖန်ပြန် သင်ယူဖို့ ပြန် ပြန်လာတတ်ပါတယ်။ မြန်မာနိုင်ငံသား တွေအတွက် အတိတ်က သင်ခန်းစာတွေ ဟာ များ လွန်းလို့ ဘယ်ဟာကို ဘယ်လို အစ ပြန်ကောက်ရမလဲ ဆိုတာတောင် မသိတော့ သလို ဖြစ်နေပါပြီ။

ဗြိတိသျှ ကိုလိုနီခေတ် (၁၈၂၆-၁၉၄၇) တစ်လျှောက် မြန်မာနိုင်ငံ မှာ ခံ စားခဲ့ရတဲ့ အဓိက လူမှု စီးပွား သမိုင်း ဒဏ်ရာတွေ ထဲက တစ်ခုကတော့ နိုင်ငံ သား လယ်သမား၊ ယာ သမားတွေရဲ့ လယ်ယာမြေ တွေကို အိန္ဒိယသား ချစ်တီးတွေရဲ့ လက်ထဲ ထိုးအပ် လိုက်ရတာပါပဲ။ ဒီထက် ဆိုးရွားတာက ထိုအချိန် က ဖြစ်ပေါ်လာတဲ့ ဗဟု လူ့အဖွဲ့ အစည်း ရဲ့ အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး အလွှာတွေမှာ အပေါ်ဆုံးလွှာ မှာက ဥရောပသားတွေ၊ အလယ်မှာက အိန္ဒိယ နွယ်ဖွားတွေ၊ တရုတ်နွယ် ဖွားတွေ ၊ အောက် ခြေ မှာက မြန်မာ လူမျိုးတွေ ဖြစ်ခဲ့ရတဲ့ မြန်မာ့ သမိုင်းကို ဖတ်ရတာတောင် ခါး သီးလှပါတယ်။

ဒီနောက် မှာတော့ ဒုတိယကမ္ဘာ စစ်ကြီး အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီး ပါလီမန် ဒီမိုကရေစီ (ဝါ) အမျိုး သား အရင်းရှင် စနစ်နဲ့ ဆက်လက် ချီ တက်ခဲ့ပါတယ်။ ဒီနေရာ မှာ စိတ်ဝင်စား ဖို့ ကောင်းတာက ကိုလိုနီ စနစ်ကို ခုခံခဲ့ ကြတဲ့ လက်ဝဲနိုင်ငံရေး ဝါဒီတွေ အင်မ တန်မှ ကျယ်ပြန့် အားကောင်းနေတဲ့ နိုင် ငံမှာ ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့် သုံးခဲ့တာပါ။ ဒါကြောင့် လွတ်လပ်ရေး ရပြီးပြီးချင်း ကွန်မြူနစ်တွေ တောခိုခဲ့ပါ တယ်။

တိုင်းရင်းသားတွေ ဘက်ကလည်း ကိုယ့်ကြမ္မာ ကိုယ် ပြဋ္ဌာန်းခွင့် လိုချင်တာ ကြောင့် လည်းကောင်း၊ ဗြိတိသျှ ကိုလိုနီ စနစ်အောက် မှာ အချင်းချင်း ကြား ယုံကြည်မှု ပျက်ပြား ခဲ့တာကြောင့်လည်း ကောင်း လက်နက်ကိုင် တော်လှန်ခဲ့ကြပါ တယ်။

ဒုတိယ ကမ္ဘာစစ်ကြောင့် တိုင်း ပြည်ရဲ့ ဓနဥစ္စာ တစ်ဝက်လောက် ဆုံး ရှုံးသွားတဲ့ မြန်မာပြည်ဟာ စက်မှု လုပ်ငန်းကြီးတွေ မရှိပေမယ့် စိုက်ပျိုးရေး၊ သစ်တောနဲ့ သတ္တု တူးဖော်ရေး စတဲ့ အခြေခံ လုပ်ငန်း တွေကြောင့် စီးပွားရေး အရ ပြန် နာလန်ထူခဲ့ပါတယ်။ ၁၉၄၇ ခု နှစ်က J.Russell Andrus ဆိုတဲ့ စီးပွား ရေး ပညာရှင် တစ်ဦး က သူ့ရဲ့Burmese Economic Life စာအုပ် မှာ မြန်မာ နိုင်ငံသားတွေ ရဲ့လူနေမှု အဆင့် အတန်း ဟာ အိန္ဒိယ နဲ့ တရုတ်ထက် မြင့်မားရ ခြင်းရဲ့ အဓိက အကြောင်း ကတော့ အိမ် နီးချင်း နိုင်ငံတွေ ထက် လူဦးရေ ထူထပ် မှု နည်းတာကြောင့် လည်းကောင်း၊ မြေ အနေအထား၊ ရာသီဥတု၊ သစ်တောနဲ့ သဘာဝ သယံဇာတ အခြေ အနေတွေ ဟာ လူဦးရေ နဲ့ အချိုးချရင် အလွန် များ ပြားတာတွေကြောင့် လည်းကောင်း ဖြစ် တယ်လို့ ရေးခဲ့ဖူးတယ်။

ဒီပညာရှင်ကပဲ သူ့ရဲ့စာအုပ် နိဂုံး မှာ သင့်တင့်တဲ့ ငြိမ်းချမ်းရေး ကာလ၊ တရားဥပဒေ စိုးမိုးတဲ့ ကာလတွေရှိမယ် ဆိုရင် များပြား လှသည့် သဘာဝ သယံ ဇာတတွေ ပိုင်ဆိုင် ပြီး ဝီရိယကြီးမား အကင်းပါးတဲ့ ဒီနိုင်ငံသားတွေ ဟာ ဒီ ထက်မက လူနေမှု အဆင့်အတန်းတွေ ဆက်လက် မြင့်မားလာ လိမ့်မယ်လို့ သုံး သပ်ခဲ့ ပါသေးတယ်။ ဒါတွေဟာ သမိုင်း ထဲက အိပ်မက်တွေပါ။ ဒီပညာရှင် ဖတ် ခဲ့တဲ့ နိမိတ်တွေဟာ မှန်ကန်ခွင့် မရခဲ့ဘဲ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က မြို့တော် ခန်းမမှာ ပြောခဲ့တဲ့ နောက်ဆုံး မိန့်ခွန်းထဲ ကလို ‘ဟိုလိုမျိုး နိုင်ငံ’ သာ ဖြစ်ခဲ့ ရပါတော့တယ်။ ဒါဟာ ဗိုလ်ချုပ်က သူ့နိုင်ငံသား တွေ အကြောင်း စီးပွားရေး ပညာရှင် ထက် သိတဲ့ သဘောပါပဲ။

ဒီနောက် (၁၉၆၂-၁၉၈၈) တော် လှန်ရေး ကော်စီခေတ်၊ မြန်မာ့ဆို ရှယ်လစ်ခေတ် ခါးသီးလှတဲ့ သင်ခန်းစာ များ စတင် ခဲ့ပါတော့တယ်။ မိမိဘာသာ တံခါး ပိတ်ပြီး ကမ္ဘာကြီး နဲ့ အဆက်အသွယ် ဖြတ်ခဲ့တာပါ။ ၁၉၈၈ လူထုအုံကြွမှု ရဲ့ အဓိက အကြောင်း တရားတွေထဲက တစ်ခုကတော့ လူထုရဲ့ စားဝတ်နေရေး၊ စီးပွားရေး ချွတ်ခြုံကျ လာမှုပါပဲ။

၁၉၆၇ ခုနှစ်၊ ၁၉၇၄ ခုနှစ် အရေး အခင်းတွေဟာ စီးပွားရေး အကျပ် အတည်းတွေကြောင့် ဖြစ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေပါ။ စစ်အစိုးရ ခေတ် တစ်လျှောက် ဖြစ် ခဲ့တဲ့ ၁၉၉၆ ခုနှစ်၊ ၂ဝဝ၇ ခုနှစ် လူထု အုံကြွမှုတွေ ကလည်း လူမှု စီးပွားရေး ကျပ်တည်းမှု နဲ့ ဆက်စပ် ပါတယ်။ ဒီသမိုင်း သင်ခန်းစာတွေ ဟာ မမေ့ကောင်းပါဘူး။

အခုထိလည်း မြန်မာနိုင်ငံသား အများစုဟာ ဆင်းရဲ တွင်းထဲကနေ မထွက် နိုင်ကြသေးပါဘူး။ ဆင်းရဲ မွဲတေမှုလျှော့ ချရေး အစီအစဉ်တွေ လည်း ကြားတစ် ချက်၊ မကြား တစ်ချက်ပါ။ ဒီလိုအချိန်မျိုး မှာ ဒင်္ဂါး တစ်ပြားရဲ့ ခေါင်းနဲ့ ပန်းဖြစ်တဲ့ စီးပွားရေး အကျပ်အတည်း၊ နိုင်ငံရေး အကျပ်တည်းတွေ ဟာ တစ်ကျော့ပြန် လာသလို ခံစားနေ ကြ ရပါတယ်။ နိုင်ငံရေး အကျပ်အတည်း ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေးပါ ပဲ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် တဲ့ NLD ပါတီ အပါအဝင် အခြားနိုင်ငံ ရေး အဖွဲ့အစည်း များနှင့် အတူ ဆင်း ရဲတွင်း ထဲက ပြည်သူလူထုကြီးက ၂ဝဝ၈ ဖွဲ့စည်းပုံ ကို ပြင်ချင်ကြတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပညာရှင်တွေက ဒီ အခြေခံ ဥပဒေ အပေါ်မြင်တဲ့ အမြင်နဲ့ သာမန် ပြည်သူတွေရဲ့အသိကတော့ နည်း နည်း ကွာ ခြားနိုင်ပါတယ်။

ပြည်သူလူ ထုက ပညာရှင်တွေ မြင်သလို မမြင်ပေ မယ့် သူတို့ ဝမ်းနာ သူတို့ အသိဆုံးပါ။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ဖို့ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ကြီးရယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ လွှတ်တော် ဥက္ကဋ္ဌ ကြီးတွေရယ် တွေ့ဆုံ ဆွေးနွေးကြဖို့ မေတ္တာ ရပ်ခံထားခဲ့ပေ မယ့် ဒီ တွေ့ဆုံဆွေးနွေးရေး ဟာ မဖြစ် နိုင်ဘူး၊ အစီအစဉ် မကျဘူးလို့ တစ်ဖက် က ပြောလာ ပါတယ်။ ဒီ့အပြင် နိုဝင်ဘာ ၃ဝ ရက်က ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ သမ္မတကြီးက ထိပ်တိုက်ရင် ဆိုင်ရေး နည်းများကို ရှောင်ရှားပြီး ဆွေး နွေး ညှိနှိုင်းရေး နည်း လမ်းများ လုပ် ဆောင်ဖို့၊ မိမိတို့ လူ့အဖွဲ့အစည်း တွင် အစိုးရနှင့် ပြည်သူကြား၊ Institutions များနှင့် ပြည်သူ အကြား၊ နိုင်ငံသား တစ် ဦးနှင့် တစ်ဦး အကြား ကာလ ကြာရှည် ပျောက်ဆုံးခဲ့ ရသော အပြန်အလှန် ယုံ ကြည်မှု ပြန်လည် တည်ဆောက်နိုင်ရန် လည်း အထူး လိုအပ်ကြောင်း ပြောကြား ခဲ့တာ ပြည်သူ အားလုံး ကြားသိရပါ တယ်။ ဒီမိန့်ခွန်း ကို နားထောင်ရင်း နဲ့ အတိတ်က ဗိုလ်ချုပ်ကြီး စောမောင်ပြော ခဲ့တဲ့ မိန့်ခွန်း တစ်ခုကိုလည်း သွားသတိရ မိပါသေးတယ်။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ တွင် ဗိုလ်ချုပ်ကြီး စောမောင်က တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာ ထိပ်တိုက်ရင်ဆိုင်မှု မလုပ်ဖို့ ဆိုပြီး လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တဲ့ NLD ပါတီကို သွယ်ဝိုက်ပြီး သတိပေးခဲ့ပါတယ်။ Confrontation တို့၊ Front တို့ ဆိုတဲ့ စစ်မဟာ ဗျူဟာ နည်းဗျူဟာ ဆိုင်ရာ အင်္ဂလိပ် စကားလုံး များကို တွင်တွင် ကျယ်ကျယ် သုံးပြီး ထိပ်တိုက် ရင်ဆိုင်မှု အပေါ် သူ့ ရဲ့ သဘောထား ကို ရှင်းပြသွားခဲ့တာပါ။

နိုဝင်ဘာ ၃ဝ ရက်က သမ္မတရုံး ဝန်ကြီးတစ်ပါး ပြောတာ ဆိုရင်လည်း အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၁၉၈၈ ခုနှစ် ကတည်းက ပြည်သူများရဲ့ မျှော်မှန်းချက် ကို အမြန်ဆုံး လုပ်ပေး ချင်ပေမယ့် နောက်ပြန်သွားမယ့် ကိစ္စ တွေရှိလို့ လုပ်လို့ မရဖြစ်ပါတယ် လို့ ပြောသွားတာပါ။ မှန်ပါတယ်။ မကျေညက် ခဲ့တဲ့ သမိုင်း သင်ခန်း စာတွေ ဟာ ကျေ ညက်ဖို့ တစ်ကျော့ ပြန်လည်လေ့ ရှိပါတယ် ဆိုတာ အမှန်တရား တစ်ခုပါ။ ပြည် သူတွေရဲ့ဘဝကတော့ သမိုင်းပေး ဘဝ ပေးသင်ခန်းစာတွေ များလွန်း လို့ သန်း ခေါင်ထက်ညဥ့်မနက်တော့ဘူးဆိုတာ လည်း ဒီနေ့ တိုင်းပြည်ကို နိုင်ငံရေး အရ၊ စီးပွားရေး အရ၊ စစ်ရေး အရ စီမံအုပ်ချုပ် နေတဲ့ အကြီးအကဲတွေရော၊ ပြည်သူ လူထု ရဲ့ဆန္ဒကို ကိုယ်စားပြုနိုင်ပါတယ် ဆိုတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေပါ သတိ ချပ်စရာပေါ့လေ။

အာကြီး (လမ်းမတော်)
Popular Myanmar News Journal

No comments:

Post a Comment