Shwe Dagon

Shwe Dagon

Sunday, December 29, 2013

Cartoons

PhotoPhotoPhotoPhoto: photo credit to EMGPhotoPhoto: photo credit to EMGPhoto: photo credit to EMGPhoto: photo credit to EMGPhoto: မြစ်ဆုံကိစ္စကို ခုချိန်မှာ လာလုပ်ရင် လက်ရှိသမ္မတကို ဖြုတ်ချရုံပါပဲ။ သူ့ သက်တမ်းမှာ မလုပ်ဘူးလို့ ကတိပေးထားတာပဲလေ။
ခုချိန်က ခြေဥ ပြင်ဆင်ရေးကို ပိုအာရုံစိုက်ရမှာပါ။


ဟိန်းထိုက်ဈာန်

========================

***အခြေခံဥပဒေပြန်လည်ပြင်ဆင်ရန်***

***အခြေခံဥပဒေပြန်လည်ပြင်ဆင်ရန်***

***အခြေခံဥပဒေပြန်လည်ပြင်ဆင်ရန်***

***အခြေခံဥပဒေပြန်လည်ပြင်ဆင်ရန်***

***အခြေခံဥပဒေပြန်လည်ပြင်ဆင်ရန်***


်photo credit :Hanhtet ZawPhotoPhoto: ဂျမ်းဘုံကတော့ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာဆိုသလို
ငယ်ချစ်မှ ငယ်ချစ်ပဲတော် ..။
>>>>>>>>>>>>>>>>>

မြန်မာပြည် နိုင်ငံရေးဟာ ကိုးရီးယားကားလိုပဲကွယ့်။ အစိုးရက အလိုမတူတဲ့ ပြည်သူကို
မတရား ကားတင်ပြေးပြီး အတင်းပေါင်းသင်းနေထိုင်တာပေါ့ကွယ်။ ပြည်သူသန်းခြောက်ဆယ်က ကိုးရီးယား အလွမ်းမင်းသမီးကွဲ့။ မတရားခိုးယူပေါင်းသင်းတဲ့အပြင် ရိုက်နှက် နှိပ်စက်တဲ့အတွက် မင်းသမီးဟာ အင်မတန် စိတ်နာပြီး ကွဲမယ်ကွာမယ်လုပ်ပါရောတဲ့။

အဲမင်းသမီးမှာ အန်အယ်လ်ဒီဆိုတဲ့ ငယ်ရည်းစားရှိပါရောလား။ ကြိုက်နေကြတာကြာပေမဲ့ မင်းသမီးကို အားဒမကားတင်ပြေးသွားတော့ ရင်နာနာနဲ့စွန့်လွှတ်ခဲ့ရဒါပေါ့။ ဒါပေမဲ့ အချစ်မပျယ်ပဲ အမြဲတမ်း ဘေးနားမှာ အားပေးကူညီသတဲ့။ မင်းသမီး ယောက်ျားကလဲ ငယ်ရည်းစားမှန်းသိတော့ အာဏာပါဝါတွေသုံးပြီး အမျိုးမျိုးနှိပ်စက်ကလူပြုသတဲ့။ ငယ်ရည်းစားကလဲ တောင့်ခံတာပေါ့ကွယ်။

ယောက်ျားကို အင်မတန် စိတ်နာလာတဲ့မင်းသမီးဟာ တရားဝင် ကွာမယ်ဆိုပြီးလုပ်နေတုန်းမှာပဲ သူ့ယောက်ျားက သူဟာပြောင်းလဲသွားပြီဖြစ်ကြောင်း ပြောလာပါသတဲ့။ အယင်တုန်းက ဘောင်းဘီဖင်ကျပ်နဲ့ ခိုးဆိုးလုယက် ဒါးမြတိုက် ဖဲရိုက် မိန်းမလိုက်စားရာက နေ့ချင်းညချင်း ပုဆိုးလေးဝတ် ဘုန်းကြီးကျောင်းသွားသတဲ့။ မစ်တာစစ်နဲ့ ချစ်ပါကြောင်း အလိုလိုက်ပြီး အကြိုက်ဆောင်မှာဖြစ် ကြောင်း ၂၀၁၅ မှာ စိန်နားကပ်ကြီးကြီးး ဝယ်ပေးမယ်လို့လဲ ပြောသတဲ့။ ရည်းစားဟောင်းကတော့ ပိုက်ဆံမရှိရှာတော့ ကတိပဲ တွင်တွင်ပေးသတဲ့။ အမေရိကားက ဦးလေးက ကူညီမှာဖြစ်ကြောင်းလဲ ပြောသတဲ့။

ခုတော့ မင်းသမီးဟာ ယောက်ျားနဲ့ ရည်းစားဟောင်းကြားမှာ စိတ်တွေ ဇဝေဇဝါဖြစ်နေတာပေါ့ကွယ်။ ယောက်ျားကိုပဲရွေးမလား ရည်းစားဟောင်းပဲရွေးမလား။ အခန်းဆက်ဇာတ်လမ်းရဲ့နောက်ဆုံးပိုင်းကို ၂၀၁၅ မှာ စောင့်မျှော်ကြည့်ရှူရန်။





MFC

No comments:

Post a Comment