Shwe Dagon

Shwe Dagon

Friday, December 6, 2013

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအား ချဉ်းကပ်မည် ဆိုလျှင်



 

 မြန်မာ့နိုင်ငံရေး အပြောင်းအလဲအား ချဉ်းကပ်မည် ဆိုလျှင်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအား ချဉ်းကပ်မည် ဆိုလျှင် အရေးပါသော အယူအဆနှစ် ရပ်ထွက်ပေါ်လာပါလိမ့်မည်။ တစ်ချက်မှာ ၂၀၁၅ အလွန် ၂၀၂၀ ကာလ ထိတိုင် ယခင်စစ်အစိုးရ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ကာ/ချုပ် မင်းအောင်လှိုင် တို့အား နယ်ရုပ်များ သဖွယ် သဘောထားကာ မြန်မာပြည်အား ရွေ့လျားစေခြင်း ဟူသော သဘော အယူတစ်ရပ်ဖြစ်သည်။ (၂) ဒုတိယ အချက်မှာမူ စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲ သွားခြင်း၌ အရွေ့များ (ဆိုး၊ ကောင်း စသည့်) လျင်မြန်စွာ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟူသော ယူဆချက် ဖြစ်သည်။

(၁) ယူဆချက် အရမူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်ရှိ region အား ချုပ်ကိုင်လျက်ရှိသော ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ လွှမ်းမိုးမှုအောက်ရှိနေဆဲ ဟုသုံးသပ်သော ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် သာ တွေ့ဆုံဖို့ရန် အကြောင်း ရှိသည်။ ထိုသို့ တွေ့ဆုံရန် အကြောင်းပြချက် အတွက် ခိုင်လုံသော သက်သေပြချက်မှာ ပြည်တွင်းငြိမ်းချမ်းရေး အရေခြုံစစ်ဆင် ရေးများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မီးဖိုချောင်မှ လာသည်ဟု ယူဆသော အယူအဆ တစ်ရပ်သည် ပြည်တွင်းနိုင်ငံရေး အ၀န်းအ၀ိုင်းတွင် သာမက ကမ္ဘာလွှမ်းခြုံ ပညာရှင်များကြား၌ အထူးရေပန်းစား လျက်ရှိနေခြင်းကြောင်ြ့ဖစ်သည်။

(၂) ယူဆချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စာဖတ်နေခြင်းသာ ဖြစ်ပြီး စနစ်တစ်ခုမှ စနစ်တစ်ခုသို့ သွတ်သွင်းပုံ ဖော်ခဲ့သည်ဟူမူ ထိုစနစ်အသစ်အား ကိုင်တွယ်မည့် stakeholder များ၏ လက်တွင် မြန်မာ့အနာဂတ် ရှိသည်ဟုပင် ဆိုရမည်။

(၃) ယူဆချက်အရမူ ယူဆချက် (၂) သည်ဖြစ်တန်ရာဖွယ် လုံးဝမရှိဟူသော တန်ပြန်ယူဆချက် တစ်ရပ်ပင်ဖြစ်သည်။

သို့သော် မြန်မာ့ နိုင်ငံရေးကား နှစ်ပေါင်းများစွာ ပိတ်ဆို့ထားသော ရေပုပ် မြောင်းကြီးအား ဖွင့်ချလိုက်သကဲ့သို့ အလျင် အမြန်စီးဆင်းနေရာ ဗီလိန်၊ မင်းသား ခွဲရန်ခက်၏။

လက်ရှိ ၂၀၁၃ အကုန် ၂၀၁၄ အစ၌ ဒေါ်အောင်ဆန်းစုကြည်သည် အတိုက် အခံပြည်သူအားလုံးအား ကိုယ်စားပြုလျက် စစ်တပ်၏ အာဏာအပိုင်ဆုံး ပုဂိ္ဂုလ်ဖြင့် တွေ့ဆုံဆွေးနွေး သင့်သည်ဟု အခိုင် အမာယုံကြည် ပါသည်။ အဘယ်ကြောင့် ဆိုသော် ဗိုလ်ချုပ်အောင်ဆန်း လွန်-ခေတ်၌ တွေ့ဆုံဆွေးနွေးပွဲ အစစ်အမှန် ဟူသည် မြန်မာပြည်၌ မပေါ်ပေါက်ခဲ့၍ ဖြစ်ပါသည်။

လင်းထိုက်(Y.I.T)
မြန်မာသံတော်ဆင့်

No comments:

Post a Comment