Shwe Dagon

Shwe Dagon

Friday, December 27, 2013

ဦးသန်းရွှေ ဆင်ထားတဲ့ ထောင်ချောက်ထဲ မကျစေချင် (နေပြည်တော်အထူးသတင်း)







ဇန်နဝါရီလ ၄ ရက်နေ့ကို အလကားမဖြစ်စေချင် ၊ ဦးသန်းရွှေ ဆင်ထားတဲ့ ထောင်ချောက်ထဲ မကျစေချင် (နေပြည်တော်အထူးသတင်း) ပုဒ်မ ၁၈ ကို ပြင်ဖို့ ဥပဒေကြမ်းတောင်ထွက်နေပါပြီ ၊ ဒီဇင်ဘာ ၁၃ ရက်နေ့က မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ၆၆ အမှတ်၅၀ မှာ ပါပြီးသားကြီးပါ ၊ http://www.moi.gov.mm/ppe/node/946အဲဒီလင့်ကနေ စာမျက်နှာ ၃၄ နဲ့ ၃၆ မှာကြည့်ပါ ၊ ဒီတစ်ခေါက်လုပ်မယ့် လွှတ်တော်မှာ အဲဒီမူကြမ်းကို အတည်ပြုဖို့ လုပ်ပြီးသားလို့ သိရပါတယ် ၊ ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ အထူးအထွေ ဘာမှ ထပ်လုပ်စရာမလိုတော့ပါဘူး ၊ ဦးသန်းရွှေက နိုင်ငံရေးလှည့်ကွက်တစ်ခုဆင်ထားပါတယ် ၊ အဲဒါက အန်အယ်ဒီ နဲ့ ၈၈ ကို သွေးခွဲဖို့ပါ ၊ အန်အယ်ဒီက ၂၈ ရက်နေ့မှာ ဗဟိုကော်မတီ အစည်းအဝေးလုပ်ပြီး ဖွဲ့စည်းပုံအတွက်ပြင်ရေးအကြံပြုချက်များကို လွှတ်တော်ကော်မတီသို့ပေးပို့ပါမယ် ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ မြန်မာနိုင်ငံရဲ့ အသက်လို အရေးကြီးတဲ့အတွက် ဒီအချိန်မှာ အားလုံးဟာ အန်အယ်ဒီ နဲ့ တစ်သံတည်းဖြစ်နေဖို့လိုပါတယ် ၊ အန်အယ်ဒီက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခရာကျတဲ့ အချက်တွေကို လွှတ်တော်ကော်မတီကို တင်လိုက်တဲ့ အချိန်မှာ ၈၈ နဲ့ အရပ်ဖက် အဖွဲ့ ၆၀ လောက်က တခြားဟာတွေ ကို တောင်းဆိုနေရင် လူရီစရာကြီးဖြစ်နေပါတယ် ၊ အမ်ပီစီ ဆိုတဲ့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ တတိယနိုင်ငံရေးအင်အားစု ဆိုတာကို လုပ်နေတာကြာပါပြီ ၊ ဒါ နောက်ကွယ်က ဦးသန်းရွှေ ရဲ့ အကြံပါ ၊ ဇန်နဝါရီ ၄ ရက်မှာ ၈၈ခေါင်းဆောင်တဲ့ အရပ်ဖက် အဖွဲ့ ၆၀ လောက်က အန်အယ်ဒီ နဲ့ အသံမတူပဲ ထွက်လာခဲ့ရင် ဒါဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမဲစက်ကြီးဖြစ်စေပါလိမ့်မယ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ အာရုဏ်တက်အချိန်မှာ ဦးသန်းရွှေက ပထမယတြာချေပါလိမ့်မယ် ၊ ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတာ စုံစမ်းဆဲပါ ၊ အဲဒီနေ့အတွက် ဦးသန်းရွှေ ရဲ့ ဒုတိယ ယတြာက ၈၈ နဲ့ အဖွဲ့ ၆၀ ရဲ့ ဆန္ဒပြပွဲခေါင်းစဉ်တွေပါ ၊ ဦးသန်းရွှေ ရဲ့ တတိယ ယတြာကတော့ ည ၈ နာရီသတင်းမှာ ကြေညာဖို့ ဖြစ်ပါတယ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ ဆန္ဒပြပွဲမှာ အန်အယ်ဒီ နဲ့ တစ်သံတည်း ရှိအောင်နေပေးကြပါ ၊ မျက်စိမလည်ကြပါနဲ့ ၊ အသုံးချခံ မဖြစ်စေကြပါနဲ့ ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားလို့ မရနိုင်ပါဘူး ၊ တလက်စာထဲ ပြောပါရစေ ၊ ၂၀၁၅ မှာ ဦးသန်းရွှေ ဝှက်ဖဲအဖြစ် အသုံးချမယ့် သမ္မတလောင်းကတော့ ကျနော်တို့ အစ်ကိုကြီး ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ပဲဖြစ်ပါတယ် ၊ အားလုံး ညီညွတ်ကြပါ ၊ သွေးခွဲ မခံကြပါနဲ့ ၊ ဇန်နဝါရီလ ၄ ရက်နေ့ကို အလကားမဖြစ်စေချင် ၊ ဦးသန်းရွှေ ဆင်ထားတဲ့ ထောင်ချောက်ထဲ မကျစေချင် ၊ (နေပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)

No comments:

Post a Comment