Shwe Dagon

Shwe Dagon

Thursday, December 12, 2013

သူဘယ်သူလဲ ။ ဘယ်အကြောင်းတွေဘာကြောင့်ရင်ဖွင့်နေလဲ

သူဘယ်သူလဲ ။ ဘယ်အကြောင်းတွေဘာကြောင့်ရင်ဖွင့်နေလဲ
(ဖေ့စ်ဘုတ်မှကူးယူတင်ပြပါသည်)
ကျုပ် တော့်တော့် ကိုနှာတင်းနေတယ်ဗျာ....အရမ်းကိုလည်း ပေါက်ကွဲနေတယ်ဗျာ.....ကျုပ်ဟာကျုပ် တပ်ထဲမှာနေနေတာ အကောင်းဆုံး
အခုတော့ ကျုပ်ကို ရဲ ထဲပို့လိုက်တော့မှ ကျုပ်ခံစားချက်တွေ နဲ့ပေါက်ကွဲရတာဗျ....ထိုင်နေတုန်းကအကောင်းသား ထသွားမှပဲ
အကျိုးမှန်း လူတွေသိသွားတဲ့ အဖြစ်မျိုးကျုပ်ကဖြစ်နေရတာ.....တကယ်တမ်းကျတော့ ဒီပြသနာတွေဟာ ကျုပ်နဲ့လည်း မဆိုင်ဘူးဗျ...အယင့်
အယင်လူတွေလက်ထက်ကတည်းက ရှင်းခဲ့ရမှာ.....ဘယ်သူကမှ တာဝန်ခံပီး မရှင်းခဲ့ကျတော့ အခု အဲဒီချီးထုပ်ကြီးက ကျုပ်ခေါင်းပေါ်ကို
ပုံချလိုက်တယ်လေ.ကိုင်တဲ့သူ ဘယ်သူမဆို ပေမယ့် ချီးထုပ်ကြီးလေ....အားလုံးကလည်း သူနဲ့မဆိုင်သလို...ငါနဲ့ မဆိုင်သလို ပုတ်ယင်း..ပုတ်
ယင်းနဲ့ နောက်ဆုံးကျတော့ ငမိုက်သားဖြစ်တဲ့ကျုပ်ရဲ့ခေါင်းပေါ်ကိုမှ တည့်တည့်ကျလာတာပေါ့ဗျာ....တောက်..ကျုပ်အဖြစ်ကလည်း ကံကို
ဆိုးပါတယ်ဗျာ....သေမယ့်နှစ်မှ စစ်ထဲဝင်လိုက်ရသလိုပဲ....ခင်ဗျားတို့ အရပ်သားစကားတွေနဲ့ပြောရယင်တော့ မုန့်ဝေနေတဲ့ အချိန်မှာ
ဝင်မတန်းစီလိုက်ရပဲ..တုတ်ဝေတဲ့ အချိန်မှာမှ ကျုပ်က၀င်တန်းစီမိပီးသားဖြစ်သွားတယ်....အယင် ရဲချုပ်က တော့ စားလို့ ၀ါးလို့လည်းဗိုက်
ပြည့်သွားပီးတော့ အခု လ၀က ဌာန မှာ ၀န်ကြီးအဖြစ်နဲ့ အနားယူနေပီလေ....ကျုပ်ပြောတဲ့ ချီးထုပ်ကြီး ဆိုတာကလည်း အားလုံးလည်းသိ
ချင်နေကြလိမ့်မယ်နဲ့တူတယ်.....မြန်မာနိုင်ငံရဲ့ အကြီးအကျယ်ဆုံးလူသတ်မှုကြီးလေ....အထင်ကရ နေရာကြီးမှာ မြန်မာပြည်ရဲ့ တစ်ချိန်က
ဒိတ်ဒိတ်ကြဲ အရမ်းချမ်းသာခဲ့တဲ့ မိုးကုတ်မြမောင်တွေရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ မိသားစု ၅ ယောက်ကို ကြက်..ဌက်လေးတွေသတ်သလို
သေနတ်နဲ့ ပစ်သတ်သွားပိး များပြားလှတဲ့ ပစ္စည်းတွေကို ယူသွားခဲ့တဲ့ အမှုကြီးလေ....နှစ်တွေတောင်တော်တော်လေးကြာခဲ့သွားပီ...
အယင်ရဲချုပ်လက်ထက်ကတည်းက အမှုကြီးလေ...အဲဒီ ချီးထုပ်ကြိးကို..ကျုပ်ရဲ့ ခေါင်းပေါ်ကို ပစ်တင်ပီးတော့ အချွန်နဲ့ ၀ိုင်းမကြတာလေ
ကျုပ်က ဒီအမှု မှာ ဘာမှလည်း မစား၇...မသောက်ရပဲနဲ့ ဟိုတစ်ပါတ်က လွှတ်တော်မှာသွားရှင်းရတယ်......အထက်နေပီးတော့သွားရှင်းပြဆို
ပီးတော့ ခိုင်းလို့သာ ကျုပ်ကသွားရှင်းပြရတာ...ကျုပ်က ဘာမှလည်းသိတာမဟုတ်ဘူး......ကျုပ်လက်ထက် လည်းမဟုတ်ဘူး....ကျုပ်အဖြစ်က
ဗိုက်ဌားပီးတော့ ဒါးအထိုးခံရသလိုမျိုးပဲ....မင်းဒီလိုမျိုးပြောလို့ဆိုလို့သာပြောခဲ့ရတာ.....ဒီလူသတ်မှုကြီးဟာုအယင်ဗိုလ်ချုပ်တွေနဲ့လုံးဝ
ပက်သက်မှုမရှိပါဘူး....ပက်သက်တယ် ဆိုတဲ့ အထောက်အထားခိုင်ခိုင်လုံလုံရှိယင်တင်ပြပါ ဆိုပိးတော့ ကျုပ်ကမပြောချင်လည်းပြောခဲ့ရတာ
ပေါ့ဗျာ.....
ဘယ့်နှယ်ဗျာ....အယင်လူတွေ လက်ထက်တုန်းက ....သက်သေတွေအထောက်အထားအားလုံး ခိုင်ခိုင်မာမာ ရထားပိးပါပီ...ကွင်းဆက်တွေ
အားလုံးလည်း ရထားပိးပါပီဒီနေ့ပဲ မိတော့မှာလိုလို....မနက်ဖြန်မှာပဲ မိတော့မှာလိုလို....သတင်းစာရှင်းလင်းပွဲတွေလုပ်ပီးတော့ လူတွေအထင်
ကြီးအောင်လုပ်ပြပီးတော့ နောက်ဆုံးဆင်မပြောနဲ့ ....မြေကြွက်လေးတစ်ကောင်တောင်မမိလိုက်ဘူး....ကျုပ်ကလည်း စကားတွေသိပ်ပြောပိး
တော့ လေနဲ့ စားရ၀မခန်းမပြောတတ်ဘူးဗျ......လက်တွေ့ပဲ လုပ်ပြချင်တာ....ကျုပ်အဲဒါကို ပေါက်ကွဲတာဗျ....ကျုပ် ဒေါသထွက်ရတာကအဲဒါ
ကိုထွက်နေတာ......တောက်......ကျုပ်လူဗိန်းအတွေးနဲ့
ပဲ ပြောပြအုံးမယ်ဗျာ.....နေရာက တကယ့်နေရာကြီး.....လမ်းထိပ်မှာလည်း လုံခြုံရေးတွေရှိတယ်.....ခြံကြီးကလည်းလုံလုံခြုံခြုံ့ကြီး...အထဲ
ကနေ တံခါးဖွင့်ပေးမှ ၀င်လို့ရတာလေ....အဲသလိုမျိုး လုံခြုံစိတ်ချရတဲ့ နေရာမျိုးကို လွယ်လွယ်..ကူကူနဲ့ ၀င်သွားပိးတော့ သေနတ်နဲ့ပစ်သတ်
ခဲ့တယ် ဆိုကတည်းက စဉ်းစားသာကြည့်တော့ဗျာ....အဲဒီအချိန်က သေနတ် တွေ ကိုဘယ်သူကိုင်နိုင်သလဲ....အဲဒီ ခြံတစ်ခါးကြီးကိုလည်းသူ
တို့က မသိပဲနဲ့ ဖွင့်ပေးပါ့မလားဗျာ...သာမန် အရပ်သူ အရပ်သားတွေလုံးဝမကပ်နိုင်တဲ့နေရာဗျာ.....လမ်းလျှောက်ပီးတော့ လာလို့မှမရတာ
ကားနဲ့ပဲ လာလို့ရမှာလေ....ကားနဲ့လာသွားတာ ကို လမ်းထိပ်လုံခြုံရေးတွေကလည်း မသိကြလိုက်ကြဘူးတဲ့....အခု တခြားနိုင်ငံတွေမှာတီထွင်
ထားတာတွေရှိတယ်လေ.....ကိုယ်ပျောက်လေယာဉ်တို့...ကိုယ်ပျောက် ရေငုတ်သဘောင်္တို့....ဒါဆိုယင် ဒီလိုမျိုး လူလာသတ်သွားတာ ကိုယ်
ပျောက်ကားနဲ့ လာပိးသတ်သွားတာဖြစ်မယ်.....ဒါဆိုယင် ကျုပ်တို့ နိုင်ငံမှာ ကိုယ်ပျောက်ကားတီထွင်နိုင်သွားပီ ဆိုပီးတော့ ကျုပ်တို့ ဂုဏ်ယူ
လို့၇တာပေါ့ဗျာ...ပြည်သူတွေ ဆိုတာက ငချဉ် ...ငအတွေမှ မဟုတ်တာဗျ....ဒီလိုမျိုးလုပ်နိုင်တယ် ဆိုတဲ့ အရည်အချင်းဟာ သာမန်ပြည်သူ
တွေ လက်ထဲမှာလုံးဝမရှိဘူးလေ.......ဗိုလ်ချုပ်တွေနဲ့ ပက်သက်နေတာ ဧကန်မုချဖြစ်ရမယ် ဆိုတဲ့ စွပ်စွဲချက်တွေခံရတာ မြေကြီးလက်ခတ်
မလွဲပဲလေ....ကျုပ်သာ အငြိမ်းစားယူသွားခဲ့တဲ့ ဘဘကြီးနေရာမှာ ဆိုယင် ကျုပ်လုပ်ပြချင်တယ်ဗျာ.....ကဲ ကျုပ်တို့မိသားစုကိုလူတွေကစွပ်စွဲ
နေကြပီ....ကျုပ်ရဲ့ အချစ်တော် မဟေသီကြီးက ဒိကိစ္စတွေ ကို စီစဉ်ခိုင်းခဲ့တာ ဆိုပီးတော့....တကယ်တမ်း ကျုပ်တို့မိသားစုမဟုတ်ပဲနဲ့ကျုပ
နာမည် အပျက်မခံနိုင်ဘူးလေ....ကျုပ်အောက်က ကောင်တွေမလုပ်ခဲ့ဘူးဆိုယင်လည်း ကျုပ်အဖွဲ့တွေ နာမည် အပျက်မခံနိုင်ဘူးလေ..ဒီကိစ္စ
ကို ချက်ခြင်း အမှုပေါ်အောင်ဖော်ထုတ်ခိုင်းလိုက်မှာပဲ.....ပြည်ထဲရေး ၀န်ကြီး နဲ့ ရဲချုပ် ချက်ခြင်းလာ.....ဒီအမှု ကို အမြန်ဆုံးပေါ်အောင်လုပ်.
ဘယ်နှစ်လ ထဲမှာပေါ်အောင်ဖော်....မဖေါ်နိုင်ယင် မင်းတို့နှစ်ကောင် ကိုဖြုတ်မယ် ဆိုပီးတော့ ချက်ခြင်းလုပ်ရမှာလေ....တကယ်လို့ ကိုယ်
မဟုတ်ခဲ့ဘူးဆိုယင်ပြောတာနော်..အခုတော့အဲဒါမျိုးတွေမလုပ်ခဲ့တော့အားလုံးက ၀ိုင်းစွပ်စွဲပီးတော့လက်ညှိုးဝိုင်းထိုးတာကို ခံနေရတာ
ပေါ့ဗျာ....အင်တာနက်မှာဒီဖြစ်စဉ်နဲ့ပက်သက်ပိးတော့ စိန်စီသောညများနဲ့ ငါးလောင်းပြိုင်လူသတ်မှု ဆိုပီးတော့ရေးထားတာကိုရှာပီးသာ
ဖတ်ကြည့်လိုက်တော့ဗျာ...အခုတော့ မှန်ကန်ခဲ့လို့ငြိမ်ခံနေရတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့ဗျာ.....ကျုပ်ဒီနေရာ ကိုရောက်တာ
သိပ်မကြာသေးပေမဲ့...ကျုပ်တို့ရဲ့ ရဲတွေအကြောင်းကိုကျုပ်ကိုယ်တိုင
ကောင်းကောင်းသိတယ်...တစ်နိုင်ငံလုံး ဘယ်နေ၇ာမှာ အပ်ကျတယ် ဆိုတာကအစသိတယ်...မူးယစ်ဒိုင်ချုပ်....လောင်းကစားဒိုင်ချုပ်...ကစပိး
တော့ ခိုးဆိုး...လုယက် ...ခါးပိုက်နှိုက်တွေ အဆုံး အားလုံးသိတယ်....ဒီနေရာမှာ ခင်ဗျား တို့က စေးစရာ ရှိလာမယ်ဗျာ...သိလျက်သားနဲ့
မဖမ်းဘူးလား ဆိုပိးတော့....ဖမ်းလိုက်ယင် ကျုပ် ရဲဘော်တွေ အားလုံး ထမင်းငတ်သွားမှာပေါ့ဗျာ.....အောက်ကနေစပီးတော့ အထက်အထိ
အားလုံး အဆင်မပြေဖြစ်သွားမှာပေါ့ဗျာ.....ပုံမှန် လည်ပတ်နေခဲ့တဲ့ စက်ယန္တရားကြိးတစ်ခု ပျက်စီးသွားမှာပေါ့ဗျ....ကျုပ်လည်းဒီအစဉ်အလာ
ကြီးကိုသွားမဖျက်ရဲဘူးလေ....ဘာကြောင့်လဲဆိုတော့ အစဉ်အလာကိုဖျက်ယင် ရိုးရာအကိုင်ခံရတတ်တယ်ဗျ...ရိုးရာအကိုင်ခံရမှာကိုတော့
ကျုပ်ကြောက်တယ်ဗျာ......ဒါကြောင့် ကျုပ်တို့ရဲတွေ
ဘယ်တော့ မှ ပင်စည် ကိုမခုတ်ဘူး..ဖမ်းစရာရှိယင်တောင်..အကိုင်း အခက်အလက်လေးတွေကိုဖမ်းပြရတာပေါ့ဗျ....သာမန်ပြည်သူတွေရဲ့
အမှုအခင်း တွေဆိုယင် ပေါ်ယင်လည်းပေါ်မယ်...မပေါ်ယင်လည်းမပေါ်ဘူး....ဒါပေမဲ့ VIP တွေကနေပီးတော့ ပေါ်အောင်ဖော်ကွာ..ဆိုပီးတော့
တိုက်ရိုက် အမိန့်ပေးစေခိုင်းတဲ့ အမှုမျိုးဆိုယင် မပေါ်ဘူးဆိုတာ ဘယ်တော့မှ ကိုမရှိတာ .....အကုန်ပေါ်တာကြီးပဲ...အခုလည်း ဒီအမှုကြီးမှာ
ဆင်ကြီးတစ်ကောင်လုံးတွေ့လို့ အထောက်အထားတွေနဲ့ သွားတင်ပြတာကို လူကြီးတွေက ဆင်နဲ့တော့ တော်တော့်ကိုတူတယ်ကွာ...ဒါပေ
မဲ့ ဆင်တော့ မဟုတ်လောက်ဘူးနဲ့တူပါတယ်ကွာ...မင်းတို့ သေသေခြာခြာ ပြန်စစ်ကြည့်ပါအုံးကွာ ဆိုတာနဲ့ ကျုပ်တို့ကလည်း လူကြီးဆိုလို
ယင်းကိုသိတော့ ဖော်လို လိုက်ပေးရတာပေါ့....ဟုတ်တယ် အဘ...ဆင်နဲ့က တော့်တော့်် ကိုတူနေတာ...ကျနော်တို့အဖွဲ့တွေကို ဆင်ဟုတ်
မဟုတ် သေခြာအောင် ခြေရာ ရှာကြည့်ခိုင်းလိုက်ပါအုံးမယ် .......ကျုပ်တို့ အဖွဲ့တွေ လယ်ကွင်းထဲမှာ ဆင်တစ်ကောင်လုံးရှိနေတာကို
ဆင်ဟုတ်မဟုတ် ခြေရာရှာရတယ်.....လယ်ကွင်းထဲမှာ ဆိုတော့ ဘယ်လိုပဲရှာရှာ ခြေရာကိုမတွေ့ရဘူးလေ.....နောက်ဆုံး ဘယ်လိုမှရှာလို့မရ
တဲ့ အဆုံးမှာ ကျုပ်တို့က ဒီကောင်ကြီးရဲ့ ခြေရာ ကိုဘယ်လိုမှ ရှာလို့မတွေ့လို့ ဆင်မဟုတ်ကြောင်းပြန်တင်ပြလိုက်တာနဲ့ ဆင်နဲ့တူတယ်
ဆိုတဲ့ အကောင်ကြီးတစ်ကောင်လုံး ဘယ်ရောက်သွားမှန်းမသိအောင်ကို ပျောက်သွားတာဗျာ....တွေ့လား ကျုပ်တို့ အဘကြီးတွေလက်စွမ်းက
မျက်လှည့်ဆရာ ဒေးဗစ်ကော်ဖာဖီး ထက်တောင် တော်သေးတယ်.... အနီးစပ်ဆုံး ဥပမာပြရယင် လူကြိးသားသမီးတွေနဲ့ မင်းသားမင်းသမီး
တွေရဲ့ မူးယစ် ကိစ္စမှာသာကြည့်ဗျာ....သူတို့ကြီးချင်တဲ့ အမှုကျတော့ အဘ...ဒါဟာ ကြောင်လေးပါ ဆိုတော့ ဟာ...ဒါဘယ်လိုလုပ်ပီး
ကြောင်ဖြစ်မှာလဲကွာ....အဲဒါ ကျားကြိး...ကျားတောင် ရိုးရိုးကျားမဟုတ်ဘူး..ကိုးတောင်ကျားကြီးကွ....ထုံးစံအတိုင်းပေါ့ဗျာ...ကျုပ်တို့ကဖော်လို
ပြန်လုပ်ပီးတော့ ပြန်စစ်ပေးရတာပေါ့ဗျာ.....ကြောင်ခြေရာကို အဆ တစ်ရာလောက်ရှိတဲ့ မှန်ဘီးလူးကြီးနဲ့ ချဲ့ပီးတော့ ဟုတ်တယ်အဘ..
ခြေရာကြီးတောင် အကြီးကြီးပဲ.....ကိုးတောင်ကျားမှ ကိုးတောင်ကျားအစစ်ပဲ ဆိုပီးတင်ပေးလိုက်တော့ ပွဲပြတ်ရော....ဒီဥပမာကိုတော့ သံလျင်
ရေနံချက်စက်ရုံ ဗုံးကွဲတဲ့ ကိစ္စမှာ ခင်ဗျား တို့မြင်ခဲ့ရမှာပေါ့ဗျာ.....အယင်လူတွေကလည်း အစကတော့ ဒီငါးလောင်းပြိုင်နဲ့ပက်သက်ပီးတော့
ဆင်ဖမ်းမယ်...ကျားဖမ်းမယ် ဆိုပီးတောု့အသံကောင်းတွေဟစ်ထားခဲ့ပီးတော့...နောက်ဆုံးတော့ ရေမြွေလေး အဆင့်ကိုရောက်သွားပီးတော့
အဖျားရှူးသွားရောဗျာ.....လောကကြီးမှာ အရမ်းကြီးလွန်းအားကြီးယင် မမြင်ရတော့ဘူးဗျ....အရမ်းသေးလွန်းအားကြီးယင်လည်း မတွေ့ရ
တော့ဘူးဗျ....အခုကိစ္စမှာ အရမ်းကိုကြီးလွန်းသွားတော့ မမြင်နိုင်တော့တာဗျ....ကျုပ်တို့အဖွဲ့တွေ အဲဒီ ဆင်ခြေရာ နောက် ကိုလိုက်ယင်း...လိုက်ယင်း နဲီ့
င်ကြိး နဲ့ အဆောက်အဦကြီးတစ်ခု ထဲကို ၀င်သွားလိုက်တာနဲ့ အကောင်ရော...ခြေရာရော ကိုပျောက်သွားရောဗျာ....အဲဒီအဆောက်အဦးကြီးထဲ
ကို ကျုပ်တို့ မ၀င်ရဲပါဘူးဗျ....သရဲ အရမ်းခြောက်တယ်တဲ့ဗျ....သရဲက ဘယ်လောက်အခြောက်ကြမ်းသလဲဆိုယင် အခန့်မသင့်ယင် အသက်ပါ
ပါသွားတတ်တယ်လို့ပြောတယ်ဗျ.....ကျုပ်က တခြားဟာ ဘာမှ မကြောက်တတ်ပေမယ့် သရဲတော့ကြောက်တယ်ဗျ....ဒါကြောင့်ကျုပ်တို့
လက်ရှောင်နေကြတာဗျ.....အခု ဒီမိုကရေစီဆိုပီးတော့ သွားနေတဲ့ ခေတ်ကြီးမှာဗျာ...စစ်အစိုးရလက်ထက်ကပုံစံလိုမျိုးလာချိုးနေသေးတယ်ဗျာ
....အယင်တုန်းကတော့ ကိုယ့်ဖဲ ကို ကိုယ်လိုချင်တဲ့ J,Q,K အကုန်ချိုးလို့ရတယ်ဗျ...အခုကျတော့ အဲဒီလို အနေအထားမျိုးမဟုတ်တော့ဘူး
လေဗျာ....အကုန်လုံးက သိနေပီ...တတ်နေပီ....တစ်ခုခုဆိုတာနဲ့ အင်တာနက်မှာ ဆော်နေပီ....အယင်တုန်းကတော့ ကြောက်လို့ဆိုပိးတော့
ငြိမ်ခံနေကြတာပေါ့ဗျာ....အခု ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အကြောက်တရား ဆိုတာ မရှိတော့ဘူး....အမှန်တရား ဆိုတာပဲ ရှိတော့တယ်
ကျုပ် အရမ်းကိုခံပြင်းတာ အဲဒါဗျ....လွှတ်တော်မှာငါးလောင်းပြိုင်လူသတ်မှုမှာ ဗိုလ်ချုပ်တွေ လုံးဝပါဝင်ပက်သက်ခြင်း မရှိပါဘူး ဆိုပီးတော့ 
ဘူးခံငြင်းခိုင်းတာလေ...ကျုပ် ကို သမိုင်းရဲ့ တရားခံဖြစ်အောင် လုပ်တာလေ.... ပါဝင်ပက်သက်ခြင်း ရှိတယ်....မရှိဘူးဆိုတာကို လူသတ်သမား
ကိုလက်တွေ့ဖော်ထုတ်ပီးတော့ မှ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြည်သူတွေကိုချပြပီးတော့မှ ဒီမှာတွေ့လား....ကျူပ်တို့ဒီငါး
လောင်းပြိုင်လူသတ်တဲ့ အဖွဲ့အစည်းကြီး ကိုကျုပ်တို့ဖော်ထုတ်နိုင်လိုက်ပီ...ဒီမှာ အထောက်အထားတွေအားလုံးတွေ့လား....ဘယ်သူမဆို
လာရောက်ပီးတော့ ဟုတ်...မဟုတ်လာစုံစမ်းကြည့်ရှူနိုင်တယ်....ဆိုပီးတော့ သတင်းမီဒီယာတွေအားလုံးကိုခေါ်ပီးတော့ အဲဒီလိုမျိုးဖော်ထုတ်
ပီးတော့ လက်ဆုပ်လက်ကိုင်နဲ့ အလီဘိုင်ပြနိုင်ရမှာလေ....အဲဒါမျိုး လက်တွေ့ ဖော်ထုတ်ပြပီးတော့မှ တွေ့လား...အဲဒီလူသတ်မှုမှာ ကျုပ်တို့
အဘကြီး မိသားစုနဲ့ ဗိုလ်ချုပ်တွေ ပါဝင်ပက်သက်မှု မရှိဘူး ဆိုတာ ကိုတွေ့လား ဆိုပီးတော့ ဒီလိုအပေါက်မျိုးကို ချိုးရမှာဗျ...အခုတော့.ပြည်
သူတွေကို ငတုးံ...ငအ တွေလို့ထင်ထားပီးတော့ ငါတို့ လိမ်သရွှေ့....လှေ့သရွှေ့ ရပါတယ်ကွာ....ဒီလူတွေကို ဂရုစိုက်စရာ မလိုဘူးကွာဆိုတဲ့
အပေါက်မျိုးချိုးတယ်....မျက်စိ စုံမှိတ် လက်အတင်းကာပီးတော့ ငါတို့မဟုတ်ဘူး...ငါတို့မဟုတ်ဘူး ဆိုပီးတော့ ဘူး ကြီးပဲ ခံငြင်းနေတော့
တာ....ကျုပ် ကို ဆင်သေကြီး ကို ဆိတ်သားရေ နဲ့ လာဖုံးခိုင်းတယ်.....ရှေ့ကနေ ဘယ်လောက်ဖုံးဖုံး....နောက်ကနေ အကုန်ကိုပေါ်နေတာ
ဗျ....နောက်ဆုံး ကျုပ်ကပဲ လူတွေ ရဲ့ အဟားခံ...အရီခံရတဲ့ အရူးကြီးလုံးလုံး ကိုဖြစ်နေလို့ဗျ....ပီးတော့ ကျုပ်တို့လူကြီးတွေ....၀န်ကြီး
တွေလည်းပါတယ်ဗျ....ပါးစပ် စည်းမရှိတာကိုပြောတာဗျ....ပြောချင်ရတာတွေလျှောက်ပြော...လုပ်ချင်ရာတွေ လျှောက်လုပ်ကြ...ပါးစပ်က
ဘုရား..ဘုရား....လက်က ကားယား ကားယား ....ကိုယ်လုပ်ပေးနိုင်တာကိုပဲပြောလေ...မလုပ်ပေးနိုင်တွေကိုလျှောက်မပြောနဲ့လေ..လုပ်ပေး
နိုင်တာတွေကိုပြောပိးယင် ရအောင်ချက်ခြင်းလုပ်ပေးလိုက်ပေါ့....မဖြစ်နိုင်တာတွေ ကိုလျှောက်ပြောပီးတော့ အစိုးရနဲ့ သမ္မတကြီးဂုဏ် သိက္ခာတွေ
ကျအောင်....လုပ်တယ်....အပြောကတစ်မျိုး လက်တွေ့ကတစ်မျိုးတွေနဲ့....သူတို့လုပ်ပေါက်...ပြောပေါက်...ကိုင်ပေါက်တွေကို ပြည်သူတွေ
အားလုံးလည်း သိပီးသား ဆိုတော့ ကျုပ်လည်း ရှည်ရှည်ဝေးဝေး မပြောချင်ဘူးဗျ...ကျုပ်တို့ သမ္မတ ကြီးနဲ့ ကျုပ်တို့နိုင်ငံရဲ့ ပုံရိပ်တွေကို
နိုင်ငံတကာနဲ့ပြည်သူတွေ အလယ်မှာကျဆင်းအောင်လုပ်တာ တခြားသူတွေမဟုတ်ဘူးဗျ....ပါးစပ်စည်းမရှိတဲ့ အဲဒီဝန်ကြီးတွေ...အကြံပေး
တွေပဲဗျ....တိုင်းပြည်ကိုဖျက်ခဲ့တာလည်း သူတို့ပဲဗျ....အခုမှသာ နာမည်ကောင်းတွေယူပိးတော့ ကျုပ်တို့လာဒ်စားယင် အချိန်မရွေးပြော..ကျုပ်
တို့ နုတ်ထွက်သွားမယ်လေး..ဘာလေးနဲ့...ဟုတ်တာပေါ့ဗျာ.....အခုတော့ မစားတော့ဘူးလေ...အယင်တုန်းက စားထားတာတွေက ဒီဘဝ
မဟုတ်ဘူး...နောက်ဘ၀ထိတောင် ဆက်စားလို့ရသေးတယ် ဆိုတော့....အခုတော့ ပြောအားရှိနေတာပေါ့ဗျာ....တစ်ခုပဲ ကျုပ်သတိပေးထား
လိုက်မယ်....ပါးစပ်ရော...လက်ရော ငြိမ်ငြိမ်နေကြ....ဖင်သိပ်မယားနဲ့...ဖင်ယားတဲ့ အမှုအာမခံမရှိဘူး....ကျုပ်တို့ရဲ့ သတင်းတပ်ဖွဲ့မှာ ခင်
ဗျား တို့လုပ်ထားခဲ့....ကိုင်ထားခဲ့တဲ့ ဟာတွေအကုန်လုံးရှိနေတယ် ဆိုတာကိုပဲသတိပေးထားလိုက်မယ်....ကျုပ်က မလုပ်ချင်လို့...မဖော်ချင်
လို့သာကြည့်နေတာ....ဘယ်သူတွေ ဘယ်လိုလုပ်သွားတယ်...ဘယ်လိုကိုင်သွားတယ် ဆိုတာ အထောက်အထားအကုန်ရှိပီးသား....ကျုပ်ကသူ
များလို ပါးစပ်အပြောသမား မဟုတ်ဘူးနော်....လက်တွေ့ သမား.....ကျုပ်ဆိုတဲ့ အကောင်က ဇာတ်တူသား မစားချင်လို့ကြည့်နေတာဗျ..
ီဒီထက်..ဒီထက် ပိုလွန်လာယင်တော့ ကျုပ် ကို အဆိုးမဆိုနဲ့.....ခင်ဗျားတို့ ၀န်ကြီးတွေ အားလုံး ရှက်တတ်ကြယင် ကိုယ့်မျက်နှာကိုယ်ဒါးနဲ့
လှီးပစ်ကြ...ဒါမှမဟုတ်ယင်လည်း...လဲသေဖို့ကောင်းတယ်....သူများနိုင်ငံတွေကို အခေါက်ခေါက် အခါခါ မရေမတွက်နိုင်အောင်သာသွားနေခဲ့
ကြတယ်....သူများနိုင်ငံအစိုးရတွေရဲ့ ၀န်ကြိးတွေရဲ့....လုပ်နည်း...ကိုင်နည်းတွေ....တာဝန်ယူမှု..တာဝန်ခံမှုတွေကို တစ်ခုမှလည်းလေ့မလာခဲ့
ဘူး....ကျွဲခြေရာထဲက ဖားသူငယ်လေးတွေလိုပဲ....ဒီမှာပဲလေအာကျယ်နေကြတယ်....ကိုယ်ပြောတဲ့ စကားတစ်ခွန်းကို တာဝန်ခံရမယ်..တာဝန်
ယူရမယ် ဆိုတဲ့ အသိတစ်ရားတွေလည်း မရှိဘူး.....အရှက်တရားတွေလည်း တစ်ယောက်မှမရှိကြဘူး...ပြောလိုက်ယင် တရုတ်သိုင်းကားထဲက
လိုပဲ ...သူ့ထက်ငါ လူစွမ်းကောင်းတွေချည်းပဲ......မလုပ်တတ်တာ လည်း တစ်ခုမှ မရှိဘူး.....လုပ်တတ်တာလည်း တစ်ခုမှမရှိဘူး...အယင်
အဘကြီး လက်ထက်က အသိတရား...အရှက်တရား မရှိတဲ့သူတွေ ကို အခု လက်ထက်မှာ ၀န်ကြီးခန့်ထားတော့ ဆိုးတာပေါ့ဗျာ....အာဏာနဲ့
ပက်သက်လာလို့ရှိယင် စဉ်းစား..တွေးခေါ်..ပိုင်းခြား...ဝေဖန်....ဆုံးဖြတ်နိုင်တယ် ဆိုတဲ့ အတွေးအသိတွေလုံးဝကိုမရှိတော့တာ..ငါ့အာဏာ
....ငါ့ရာထူး....ငါ့လုပ်ပိုင်ခွင့်....ဆိုတဲ့ ငါ ဆိုတဲ့ အတ္တစွဲတွေ ပျောက်ဆုံးသွားမှာ ကို အရမ်း ကိုကြောက်နေတာလေ...အယင်လက်ထက်တုန်းက
အဘကြိးကသာ ခွေးဖင်ယက်ရဲ့တဲ့သူတွေ ၀န်ကြီးခန့်မယ် ဆိုယင်လည်း သူထက်ငါပြေးပီးပိး တော့ ဦးအောင်ယက်ကြမှာလေ....ကဲ..တစ်ခြား
မကြည့်နဲ့ဗျာ....မောင်တောမှာ စခဲ့တဲ့ မွတ်ဆလင်နဲ့ ရခိုင်ဖြစ်တဲ့ မီးပွားလေးလေ....အဲဒီမီးပွားလေး ကို အဲဒီအချိန်ကတည်းကသာ ပိုင်ပိုင်နိုင်
နိုင်နဲ့ ကိုင်တွယ် အရေးယူခဲ့လိုက်မယ်ဆိုယင် တစ်ခြားမြို့ရွာတွေကိုလည်း မကူးစက်နိုင်တော့ဘူးလေ....မပျံ့နှံ့နိုင်
တော့ဘူးလေ....အိမ်တွေ ကိုမီးရှို့နေတာကိုအတိုင်းသားမြင်နေသားနဲ့ အားလုံးက သေနတ်တွေကိုင်ပီးတော့ အရှင်းသားရပ်ကြည့်နေကြတယ်
....လက်ပံတောင်းတောင်မှာကျတော့ ငြိမ်ငြိမ်လေးထိုင်ပီးတော့ ဆန္ဒပြနေကြတဲ့ ဘုန်းကြိးနဲ့ပြည်သူတွေကိုကျတော့ အကြမ်းဖက်နှိမ်နှင်း
ခိုင်းတယ်....မတူညီတဲ့ လုပ်ပေါက်တွေကိုပြောပြတာပါဗျ....မလုပ်တတ် မကိုင်တတ်လို့ အားလုံးဟာ အမှိုက်ကစပီးတော့ ပြသာဒ်မီးလောင်
တာကြီးပဲ....အချိန်နဲ့ တပြေးညီ အရေးယူရမှာကို အရေးမယူခဲ့လို့....ဒီလိုမျိုးတွေဖြစ်ခဲ့ရတာဗျာ...နောက်ဆုံးတော့ဗျ...သူတို့တွေ မအုပ်ချုပ်
တတ်...မစီမံတတ်တော့ ကြားထဲကနေပီးတော့ ကျုပ်တို့ရဲတွေပဲ နာမည်ပျက်ခဲ့ရတယ်....လူမုန်းခံခဲ့ရတယ်....ဘာတဲ့...လူကြီးတွေပြေ
တော့ စင်ကာပူလိုဖြစ်အောင်လုပ်မယ်...ကြိုးစားမယ် ဆိုပီးတော့ ....ဟို ၄ ရက်လောက်က စင်ကာပူမှာ အကြမ်းဖက်မှုဖြစ်တော့ ဘယ်လိုလုပ်
သွားတယ်မြင်လား...ချက်ခြင်းလုပ်ရမှာကိုချက်ခြင်းရှင်းပစ်လိုက်တာ....ချက်ခြင်းကိုပဲ ထောင်ချပစ်လိုက်တာ....ပီးတာနဲ့ချက်ခြင်းပြည်သူတွေကို
ပြန်ရှင်းပြတယ်....ဘယ်အချိန်မှာရဲတွေရောက်လာတယ်....ဘယ်လိုရှင်းသွားခဲ့တယ်....ဘယ်လိုလုပ်ဆောင်ခဲ့တယ် ဆိုတာတွေကို သူ့အချိန်
နာရီတွေနဲ့ အစရှင်းပြသွားတာ....လုပ်ပြသွားတာ...ဘယ်လောက်ကောင်းလဲ....၀န်ကြီးချုပ်ကလည်းး ၀န်ကြီးချုပ်အလုပ်လုပ်သွားတယ်....ရဲ
တွေကလည်း ရဲ အလုပ်လုပ်သွားတယ်....တရားရေးကလည်း တရားရေးအလုပ်လုပ်သွားတယ်....ခင်ဗျားတို့ပြောကြလေ....ကျုပ်တို့လည်း
နောက်ဆို စင်ကာပူလုပ်ရပ်လိုမျိုးလုပ်ပါ့မယ် ဆိုပီးတော့ ပြောကျလေ...ဒါမျိုးကျတော့ ဘယ်သူမှမပြောရဲကျတော့.ဘူး...မယောင်ရာဆီလူးတွေ..ကိုယ့်
ပေါင်ပဲ ကိုယ်လှန်ထောင်းနေကြတယ်.....နောက်ထပ်ကျုပ်တို့နိုင်ငံမှာ နောက်တစ်ခု ထပ်လာအုံးမယ်....အယင်တုန်းက ဘိုးတော်မင်းတရားကြီး
တွေ သိမ်းထားခဲ့တဲ့ လယ်ယာမြေ ကိစ္စတွေ...သူများဟာတွေ....မှန်နေတဲ့ဟာတွေဗျာ....မြန်မြန်ဆန်ဆန်ပြန်ပေးလိုက်တော့ဘာဖြစ်သွားမှာလ
အခုချက်ခြင်းပြန်ပေးလိုက်တော့ရော့ ဘာဖြစ်သွားမှာလဲ....အဲဒါမျိုး ချက်ခြင်းလုပ်ပေးလိုက်ယင် မြေပွေး ကိုက်မှာမို့လို့လား......အခုတော့
ဝိုင်းပီးတော့ ဘော်လီဘောပုတ်နေကြတယ်....သူနဲ့ မဆိုင်သလို...ငါနဲ့ပဲ မဆိုင်သလို....လုပ်ထား....လုပ်ထားကြ....ကျုပ်တော့ ကြိုပီးတော့
မြင်ယောင်နေသေးတယ်....ဘာတွေဆက်ဖြစ်လာအုံးမလဲ ဆိုတာကို....ကျုပ်တို့နိုင်ငံက ၀န်ကြီးတွေကလေ ကျု့ပ်အထက်က ပြောခဲ့..ရေးခဲ့
သလိုပဲလေ....မျက်တောင်အဆုံးပဲကြည့်တာ.....မျက်စိအဆုံးအထိမကြည့်တတ်ဘူးဗျာ....သူတို့ရဲ့ မျက်စိထဲမှာလည်း အတိုတွေပဲမြင်နေတယ်
ထင်တယ်....ရှေ့ရေးကိုလည်း မတွေးတတ်ဘူး....အရှည်ကို လည်းမတွေးတတ်ဘူး.....အခုဖြစ်နေတဲ့ ပြသနာတွေကိုလည်း မကိုင်တွယ်တတ်
ဘူး.....မရှင်းတတ်ဘူး.....နောက်ထပ် ပြသာနာတွေမဖြစ်အောင်...မကြီးထွားလာအောင်..ဆိုပီးတော့ ကြိုတင်ကာကွယ်နိုင်မဲ့ အရည်အချင်းတွေ
လည်း မရှိဘူး....သူတို့ ၀န်ကြီးတွေရဲ့စိတ်ထဲမှာ လုပ်ပြနိုင်တာထက် စားရ၀မခန်းပိုပြောနိုင်တာက ပိုပီးသူတို့အတွက် အမှတ်ရတယ်လို့ထင်
နေကြတာဗျ....ပြောလိုက်ပြန်တော့လည်း လူရီစရာတွေကြီး....ကိုယ်ပြောတဲ့စကားက ဘယ်ကိုရောက်သွားတယ်ဆိုတာကိုလည်း ကိုယ့်ဟာ
ကိုယ်လဲမသိ....ခင်ဗျားတို့တစ်တွေ ၀န်ကြီးတွေက ထွက်ပီးတော့ ၀န်ရွှင်တော်မင်းများအဖွဲ့ ဆိုပီးတော့ ထောင်လို့ရတယ်.ပီးတော့အပြင်က
လူရွှင်တော်တွေကို ၀န်ကြီးလုပ်ခိုင်းလိုက်....၀န်ကြီးဦးအောင်မင်းနေရာမှာ ကျုပ် ဟိုကတုံးလေး ဇာဂနာ ကိုသဘောကျတယ်ဗျ..သူတို့ပျက်လုံး
တွေကို အားလုံးက သဘောကျကြမှာ မြင်ယောင်တယ်...ဒီနိုင်ငံမှာကျ
တော့ အလုပ်လုပ်ပြတာထက်....အပြောက ပိုအလုပ်ဖြစ်နေတာ.....ကျုပ် အပြောပြိုင်ပွဲဆိုပီးတော့ ပြိုင်ပွဲလေး တစ်ခုလုပ်ပေးချင်တယ်ဗျာ..
အဲဒီအပြောပြိုင်ပွဲမှာ နိုင်တဲ့သူကို ၀န်ကြီးခန့်မယ်ဆိုပီးတော့....ပညာအရည်အချင်းမလို...လက်တွေ့လုပ်ပြစရာမလို....တိုင်းပြည်ကြိးကို
ဘယ်လောက်ချစ်မြတ်နိုးကြောင်းနဲ့ တိုင်းပြည်ကြီးတိုးတက်သွားအောင် ဘယ်လိုလုပ်ပြမယ်ဆိုတာ ကို သူများထက်ပြောနိုင်ယင်ရပီ...အဲဒီထဲက
ပြောနိုင်ဆုံးသူကို ၀န်ကြီးခန့်မှာလေ....ဒီမှာက ပြောနိုင်ယင် ၀န်ကြီးလုပ်စားလို့ရပီ....ကိုယ်ပြောတဲ့ စကားကိုလည်းကိုယ်တာဝန်ယူဖို့လည်း
မလိုဘူး.....အစိုးရ အဖွဲ့အသစ်ကြီးကလည်း ၃ နှစ်တောင်ကျော်လာပီ.....အားလုံးကလည်း ဒုံရင်း....ဒုံရင်း...နဲ့ ပြောချက်တွေနဲ့ချည်းကနေ
ကြတယ်....လုပ်ချက်ဆိုတာကလည်း မည်မည်ရရမရှိသေး....ကရင်ဒုံးယိမ်းကတာကမှ ကြည့်လို့ကောင်းအုံးမယ်.းးးကျုပ်ဒီလိုမျိုးလူစားတွေ
ကိုတော်တော် စိတ်ကုန်နေပီဗျာ......ပြသနာဖြစ်ပွားစေနိုင်တဲ့ အရင်းအမြစ်တွေကိုလည်းမသိ.....ဖြစ်လာယင်လည်းဘယ်လိုဖြေရှင်းရမယ်ဆို
တာကိုလည်း နားမလည်.....ကြိုတင်ပီးတော့ တွေးခေါ်ဆင်ခြင် ဝေဖန်ပိုင်းခြင်းနိုင်တဲ့ အသိညဏ်ကလည်း မရှိ.....ပြေလည်နိုင်အောင်ဖြေ
ရှင်းပေးနိုင်တယ် ဆိုတာကလည်း လုံးဝနတ္တိ.....သူတို့တွေ အားလုံးကလည်း မသိရယ်.....နားမလည် တာရယ်......မရှိရယ်....နတ္တိရယ်ထဲမှာပဲ
လုံးချာ ကိုလည်လိုက်နေတာ.....နောက်ဆုံးသူတို့တွေ အမြော်အမြင်မရှိလို့ လူထုနဲ့ထိပ်တိုက်တွေ့ရတော့မယ် ဆိုယင် ကျုပ်တို့ပဲကြားထဲက
ငထွားခါးနာရအုံးမှာ.ကြုံကြိုက်လို့...ဒီဝန်ကြီးတွေအားလုံးရဲ့ စိတ်ထဲမှာ တစ်စုံတစ်ခုသော အကြောင်းအရာ တစ်ခုကို သူတို့အားလုံးပဲ စိုးထိတ်.
ကြောက်ရွှံ့နေတာရှိတယ်....ဒါဘာလည်း ဆိုတာတော့ ကျုပ်မပြောနိုင်ဘူး......ကျုပ်တို့မှာက နိုင်ငံတကာရဲတွေ လို အဓိကရုဏ်းတွေ ကိုဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အတွေ့အကြုံတွေရှိတာမဟုတ်
ဘူး.....ရှိတာ..သိတာလေးနဲ့ပဲ မဖြစ်ဖြစ်အောင်လုပ်နေရတာ.....ဒီလောက်လုပ်နေတဲ့ကြားထဲမှာ ဟိုဘိုးတော်မြေးလေးက ကျုပ်တို့ဆီကယာဉ်
ထိန်းတစ်ယောက် ကို မဆီမဆိုင် ပါးရိုက်သွားသေးတယ်.....ကျုပ်က တွယ်ချင်နေတာ....ကျုပ်အဘက ခွေးရိုက်ချင်ပေမယ့်လည်း ခွေးရှင်မျက်
နှာကြည့်ရသေးတယ်ကွ ဆိုလို့သာ ကျုပ်ကငြိမ်ခံလိုက်ရတာ.....တစ်ယောက်ကိုရိုက်တာဟာ ရဲတပ်ဖွဲ့တစ်ခုလုံးကို ရိုက်သလိုမျိုးခံစားလိုက်ရ
တာ.....ဘယ်လောက် သိက္ခာကျပီးတော့ ရှက်ဖို့ကောင်းလဲဗျ.....သေနာလေးကမကြားတကြားပြောတာကြားလိုက်သေးတယ်....၀န်မင်းတွေ
ကိုတောင် အိမ်ခေါ် ပါးရိုက်လို့ရသေးတယ် လို့......ကျုပ်တို့ နိုင်ငံတော်ရဲ့ ဥပဒေ အထက်မှာ သူတို့ မိသားစုတွေ က တက်ထိုင်ထားတယ်ဆို
တော့ လုပ်ချင်ရာလုပ်....ပြောချင်ရာပြောပေါ့ဗျာ.....ကျုပ်ကတော့ တစ်နေ့နေ့ ...တစ်ကွေ့ကွေ့တော့တွေ့အုံးမှာပေါ့ ဆိုပီးတော့ ကြိမ်း
ထားတယ်ဗျ.....ပီးတော့ ဆုးလေ လမ်းဆုံမှာ ကျုပ်တို့ ယာဉ်ထိန်းယူနီဖောင်းဝတ်ပီးတော့ ကြော်ပြာအတွက် သရုပ်ဆောင်တော့ ဌာန ကို
သိက္ခာချတယ် ဆိုပီး ရဲမှူးတစ်ယောက်က တရားစွဲလိုက်သေးတယ်.....ကျုပ်တို့ဆီက ကောင်တွေ မနပ်တာကိုပြောပြတာ...ပါးရိုက်တာကိုတော့
ငြိမ်ခံနေပီးတော့....လူတိုင်းသဘောကျနေတဲ့ ဒီအကလေးကတာကိုကျတော့ တရားစွဲတယ် ....ကိုယ့်ပေါင် ကိုယ်ပြန်လှန်ထောင်းတာလေ...
ကိုယ့်ဂုဏ် ကိုကိုယ့်ဟာကိုယ်ချတဲ့အကောင်တွေ.....ကျုပ်လည်း ငါးလောင်းပြိုင်လူသတ်မှုအကြောင်းပြောယင်းနဲ့ အကြောင်းအရာလည်းဟို
ရောက်ဒီရောက်ဖြစ်နေပိ......ကျန်တဲ့ သူတွေက ရှက်ကြော ဖြတ်ထားလို့ အရှက်မရှိပေမယ့်....ကျုပ်မှာတော့ အရှက်တရားရှိတယ်...ယောက်
ကျားပီပီ ကိုယ်ပြောတဲ့ စကား ကိုယ်တာဝန်ယူတယ်.....တကယ်လို့ပေါ့ဗျာ....တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါးလောင်းပြိုင်လူသတ်မှုကြီးရဲ့
တရားခံတွေပေါ်ပေါက်ခဲ့လို့ ဗိုလ်ချုပ် မိသားစုတွေ ပါဝင်ပတ်သက်နေတယ် ဆိုလို့ရှိယင် ကျုပ်ဟာကျုပ်နုတ်ထွက်စာတင်ပီးတော့ နုတ်ထွက်
သွားမယ်....ကျုပ်ကတော့စိုင်းထီးစိုင်သီချင်းလေးထဲကလိုဒီဝဋ်ကျွေး မကုန်ခမ်းသေရွေ့လေ...လည်စင်းခံပီးတော့ ဆပ်လိုက်အုံးမယ်...ဒီမိုး...
ဒီရေ...ဒီလူတွေ ကိုတော့ ကျုပ်တော်တော့် ကိုစိတ်ကုန်သွားပိ....ကျုပ်က လည်း အရမ်းကိုပေါက်ကွဲနေပီ....ကျုပ် ဘယ်သူဘယ်ဝါဆိုတာ
ကျုပ်ကိုကျုပ်လည်း မိတ်မဆက်တော့ပါဘူး...ဖတ်ကြည့်လိုက်ယင် သိသွားမှာပါ

C.K.L

No comments:

Post a Comment