Shwe Dagon

Shwe Dagon

Thursday, November 28, 2013

Cartoons

Photo: " ရွာလည်တဲ့ စာ "

အကြမ်းဖက်ခြင်းသည် အဖက်ကြမ်းခြင်းထက်ဆိုး၏

မင်္ဂလာပါခင်ဗျာ။

ဒီရက်ထဲ တိုင်းလုံးကျော် ရွာသိပ်မလည်ဖြစ်ဘူးခင်ဗျ။ အလုပ်ကလေး နည်းနည်းများတာရယ်၊ ကျန်းမာရေးနည်းနည်းချူချာတာရယ်ကြောင့် ဆိုပါတော့ဗျာ။ အသက်ကို ဥာဏ်စောင့်၊ ဥစ္စာကိုကံစောင့်ဆိုတဲ့ စကားရှိ မဟုတ်ပါလား။ ကိုယ့်မှာက စောင့်စရာဥစ္စာမရှိတော့ရှိတဲ့ အသက်လေး ကြံဖန်မွေးရသလိုပါပဲ။ ရွာမလည်ဖြစ် ပေမယ့် တိုင်းလုံးကျော်ငြိမ်တော့မနေပါဘူးဗျာ။ စိတ်တော့ အလုပ်များသားဗျ။ များဆို အိမ်မှာခွေနေရင်း တိုင်းလုံးကျော်ဇာတ်လမ်း နှစ်ခုကြည့်ဖြစ်တယ်။ တစ်ခုက မဟတ္တမဂန္ဒီ၊ တစ်ခုက မွန်ဘိုင်း အကြမ်းဖက်မှုကို ရိုက်ပြထားတဲ့ The Attacks of 26/11 ၊တိုက်ဆိုင်တာက နှစ်ကားစလုံးက အိန္ဒိယကားတွေဖြစ်ပြီး ဖြစ်ရပ်မှန်တွေကို အခြေပြုထားတဲ့ ကားတွေ ဖြစ်နေတာပါပဲ။

ဒီဇာတ်ကား ၂ ကား ကြည့်ပြီးတဲ့အချိန်မှာ တိုင်းလုံးကျော်လည်း အတွေးတွေပွားမိပါတယ်။ အကြမ်းဖက်မှုကို အကြမ်းမဖက်တဲ့နည်းနဲ့ ပြန်လည် တုံ့ပြန်တဲ့အခါ အကြမ်း ဖက်တဲ့လုပ်ရပ်နဲ့ မတရားမှု ကို ပိုပြီးပေါ်လွင်ထင်ရှားစေသလိုသည်းခံခြင်းနဲ့ ဒီအတိုင်း ခေါင်းငုံ့ငြိမ်ခံနေသူကို ထပ်ထပ်ကျူးလွန် ဖို့ဆိုတာ တော်တော်နှလုံး သားမဲ့မှ ဖြစ် မယ်ဆိုတာ အသေအချာပါပဲ။ ဒါက ဂန္ဒီကြီးရဲ့ကားကိုကြည့်ပြီး ချိန်မှာ ရလိုက်ရတဲ့အသိ။

ဟော မွန်ဘိုင်းအကြမ်းဖက်မှု ဇာတ်ကားလည်းကြည့်ပြီးရော တိုင်းလုံးကျော် တော်တော် ကြောက်သွားတယ်ဗျ။ ဒီလူတွေ မည်းမည်းမြင်ရာ သတ်တဲ့အထဲ လူမမယ် ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေပါတယ်ဗျာ။ ကြည့်နေရင်းနဲ့ကို တိုင်းလုံးကျော် တုန်လှုပ်မိပါတယ်။ ဘာရန်ငြိုးမှလည်းမရှိ။ တစိမ့်စိမ့်ရိုက်သွင်း ခံရတဲ့ အယူ ဝါဒမှိုင်းတွေအပေါ် မျက်စိမှိတ်အစွန်းရောက် ယုံ ကြည်မှုရဲ့ အကျိုးဆက်ဟာ ကြောက်စရာကြီးပါ လားဗျာ။ ဒီကားမှာလည်း အကြမ်းဖက်မှုရဲ့ အဆုံး သတ်မလှပုံကို သိရပေမယ့် အကြမ်းဖက်မှုကြောင့် ဆုံးရှုံးခံရတာတွေကို ပြန်မရနိုင်တော့တာ အမှန်ပါ။ ပြီးတော့ လုံခြုံမှုမရှိတော့တဲ့ ကမ္ဘာကို မြင်ရ တာ စိတ်မချမ်းသာစရာပါဗျာ။

ဒီနေရာမှာ တိုင်းလုံးကျော်ထပ်ရတဲ့ အသိကတော့ တရားဥပဒေစိုးမိုးမှုပါပဲ။ မျှတမှုနဲ့ လုံခြုံမှုအ ပြည့်ရှိတဲ့ ဥပဒေ၊ အဲဒီဥပဒေနဲ့အညီ အဂတိကင်း ကင်း၊ အာဏာ အလွဲသုံးစားမှုကင်းကင်းနဲ့ အုပ်ချုပ် နိုင်တဲ့အစိုးရ၊ စည်းကမ်းလိုက်နာပြီး အသိဥာဏ် ရှိရှိနဲ့စည်းလုံးညီညွတ်ကြတဲ့ ပြည်သူ။ ဝိုး .. အဲဒီ သုံးချက်ပြည့်စုံတဲ့ နိုင်ငံမှာ ဘယ်ေ လာက်များ ငြိမ်း ချမ်းလုံခြုံလိုက်မလဲ။ အတွေးနဲ့တင် တိုင်းလုံးကျော် ခံစားမိသဗျာ။ဟင်း ….။ 

ဒါပေမဲ့ပေါ့ဗျာ။ ငါ့တစ်ချက်ထိ သူ့နှစ်ချက်ပြန်ဆော်မယ်ဆိုတဲ့လူတွေ၊ နည်း နည်း လေးမြှောက်ပေးလိုက်တာနဲ့ အဝှာတက်အောင် ကချင်တဲ့လူတွေ၊ လုပ်ပိုင်ခွင့်တာဝန်ဆိုတာကို လုပ် ချင်တာ လုပ်ခွင့်လိုင်စင်လို့ ထင်နေသူတွေ နဲ့ ပြော တော့ေ ရွှမန်း၊ ကတော့ ချိုမိုင်မိုင်ဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေးဇာတ်ခုံ အခင်းအကျင်းအရတော့ ဟိုလို ဖြစ်နေတယ်ဗျာ။ ဘယ်လိုလဲဆိုတော့ တိုင်းလုံး ကျော် မိတ်ဆွေ တစ်ယောက် ရှိတယ်။

သူကသဘောကောင်း၊ အပြောကောင်းဆိုတော့ လူချစ်လူခင်ပေါတယ်။ အဲသူ့မှာ ချို့ယွင်းချက်လို့ ပြောရမယ့်အရာတစ်ခုရှိတယ်ဗျ။ အဲဒါကတော့ သူ အလွန်ခင်တဲ့ သူဖြစ်ဖြစ် သဘောကျမိတဲ့အခါဖြစ် ဖြစ် သူလုပ်တတ်တာက ဖက်လဲတကင်း၊ စိတ်နှစ် ကိုယ်နှစ်ကိုဖက်ပြီးအသိအမှတ်ပြုတာဗျာ။ဟဲ ဟဲ..။ ဒီတော့ ဒါဟာ သူ့ရဲ့စိတ်ရင်း ကို ဖော်ပြတယ်ဆိုတာ သိကြပေမယ့် သူဖက်တာက တင်းတင်းကျပ်ကျပ်ကြီး ညှစ်ထားသလိုဆိုတော့ မခံနိုင်ကြဘူးဗျ။ အသက် ရှူကျပ်တယ်။ 

သူအဲဒီလို နှုတ်ဆက်မှာ အသိအမှတ် ပြုမှာကိုကြောက်ကြတယ်။ ဒီတော့ သူ့လက်နဲ့မမီ နိုင်လောက်တဲ့ အကွာအဝေးကနေပဲ နေကြတယ် ပေါ့လေ။ ဘာမဆိုင်ညာမဆိုင် မထင်ကြနဲ့ဗျ။ချစ်လို့ခင်လို့ ဖက်လဲတကင်းလုပ်တယ်ဆိုရင် လည်း ညင်ညင်သာသာလေးတော့ ဖက်ကြပါဗျာ။ အဖက်ကြမ်းတာကလည်း တစ်ခါတလေ အကြမ်း ဖက်သလို ခံစားရလို့ပါ ကိုယ့်ဆရာ တို့ရော။

ဝါ စိမ်း နီ ပြာ ကာလာစုံမီဒီယာ

ဒီရက်ထဲ ထူးထူးခြားခြား ဖေ့စ်ဘွတ်မှာတွေ့ရ တဲ့ပုံလေးရှိတယ်။ ၄၆လမ်းက ဂျာနယ်အရောင်းဆိုင် တစ်ခုမှာ ကပ်ထားတဲ့စာလေးပါ။ အဓိက သတိထား မိတာက ခုတလောအလွန်ဟော့နေတဲ့ ဂျာနယ်ဖြစ် တဲ့ သူရိယနေဝန်းနဲ့ ပတ်သက်တယ်ဗျ။ သူရိယနေ ဝန်းပေါက်ချက်ကလည်း တချို့နေရာတွေများအ ဟောင်းတောင် တစ်ေ ထာင်ပေးဝယ်ရသဗျို့။ ဒါ ဂျာနယ်နဲ့ပတ်သက်လို့ တိုင်းလုံးကျော်တစ်ခါရေးခဲ့ဖူးပါတယ်။ ဖော်ထုတ်မယ်ဆိုလည်း သက်သေ သာ ဓကနဲ့ တိတိကျကျဖော်ထုတ်ပြီး တရားမျှ တမှုအ တွက် ဖြစ်ပါစေလို့ရေးဖူးပါတယ်။ ဟောအခုပဲ ကြည့်ဗျာ။ ခရိုနီများကို တိုက်မယ်ဆိုတဲ့ဂျာနယ် ကြွေးကြော်သံနဲ့အတူ ပွဲထွက်လာလိုက်တာ တွေ့ကြ ပြီ။ တွေ့ကြလေပြီပေါ့ဗျာ။

တွေ့မယ့်တွေ့တော့လည်း တကယ့်ကြီးကြီးမာစတာနဲ့ကို ထိပ်တိုက်ပါပဲ။ အဲဒီ အတွက် ဦးတေဇက သူ့ဖေ့စ်ဘွတ်မှာ တုံ့ပြန်ချက်က လည်းအ လွန်ပြောင်မြောက်ဗျာ။ အစမှာတင် လုပ် လိုက်ပုံလေးက ”မီဒီယာလုပ်နေတဲ့ အမေရိကန်နိုင်ငံ သားတစ်ယောက်က သူတည်ထောင်ထားတဲ့ အဝါ ရောင်စာ မျက်နှာထက် မှာ မိမိလို မြန်မာနိုင်ငံသားကို စိန်ခေါ်တယ်ဆိုတာပါ”တဲ့။

ဒီတင်ပဲလား။ ဘယ်က လိမ့်မတုန်း ဦးတေဇက သူ့ရဲ့သူရဲကောင်းမျိုးရိုးနဲ့ တပ်မတော်မိသားစုဆိုတာကိုအခြေတည်ပြီး ခပ်ရဲရဲ စိန်ခေါ်လိုက်ပုံကတော့ ”မိမိမှာလည်း ရဟတ်ယာဉ် ပျက်ကျပြီး သေရွာပြန်ဖြစ်သည့်အတွက် နောက် တစ်ခေါက် ထပ်သေရမှာ မကြောက်တတ်သူဆိုတာ ကိုလည်း သတိပြုမိပုံမပေါ်ပါ”တဲ့။ တိုင်းလုံးကျော်တို့ အတွက် စဉ်းစားစရာအချက်ကတော့ ”ယခုလို ဘယ်မီဒီယာမှ မကျင့်သုံးမရေးသားခဲ့တဲ့ အဝါရောင် ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကား မှုများအတွက် လည်း လူကြီးလူကောင်းပီသစွာ ဥပဒေဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်း ဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိ ဥပဒေ ဘောင်အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ် စော်ကားရေးသားသော တခြားသော စာစောင်များ ကိုလည်း ဥပဒေကြောင်းအရ တုံ့ပြန်သွားပါမည်။

”၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါ သည်”ဆိုတာကိုပါ။

ဒါမီဒီယာပြဿနာပဲဗျ။ ပထမ တစ်ခါက တည်းက တိုင်းလုံးကျော် ပြောခဲ့တယ်။ မီဒီယာဆို ပေမယ့် ဂုဏ်သိက္ခာရှိတဲ့ လုပ်ရပ်နဲ့ သတင်းမီဒီယာ ရဲ့ကျင့်ဝတ်ဖြစ်တဲ့ မှန်ကန်၊ တိကျ၊ မျှတဆိုတဲ့ မူ တွေမပါရင်မီဒီယာဆိုတဲ့အနေအထားကနေ ဝင် ပြောဖို့ခက်မယ်ဆိုတာ။ ပုဂ္ဂိုလ်ရေးပြဿနာတွေ အတွက် မီဒီယာကို ခုတုံးလုပ်ပြီး ပြည်သူကိုပါ အသုံးချခဲ့မယ်ဆိုရင်တော့ သမိုင်းလှမှာမဟုတ်ဘူး ဆိုတာ သိစေချင်ပါတယ်ဗျာ။ ဒါ တိုင်းလုံးကျော်တို့ ဆုံးဖြတ်စရာ မလိုပါဘူးခင်ဗျ။ အစမှာဆိုခဲ့သလိုပါ ပဲ။ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ ၄၆ လမ်းဂျာနယ် အရောင်းဆိုင်နံရံမှာ ကပ်ထားတဲ့ စာထဲကလိုဆိုရင် ပြဿနာ နေဝန်းဂျာနယ် ဤဆိုင်တွင် လုံးဝ (လုံးဝ) ဖြန့်ချိရောင်းချခြင်း မလုပ်ပါ။ မရောင်းပါ”တဲ့။ ဒါ ပြည့်သူ့စကားပါခင်ဗျာ။

ပြည်သူဆိုတာ ဘာမှနားမ လည်တဲ့ သူတွေလို့ ထင်ရင်တော့ မှားသွားပါမယ်။ ဒီနေရာမှာ ဘယ်သူဘယ်ဝါဘက်မှ လိုက်ခြင်း မ ဟုတ်ဘဲ ပြည်သူကိုလျှော့မတွက်ဖို့ကိုပဲ တိုင်းလုံး ကျော် သတိပေးချင်တာပါပဲ။ တကယ်တော့ဒါဟာ အစပါ။ 

ဂုဏ်သိက္ခာမဲ့တဲ့ အဝါရောင်ဂျာနယ်တွေ ရှိသလို ဘယ်သူဘယ်ဝါ ကျောထောက်နောက်ခံနဲ့ ရည်ရွယ်ချက်ရှိရှိ အကွက်ချခြယ်လှယ်ဖို့ မီဒီယာ လောကအတွင်းဝင်ရောက်နေတဲ့ စိမ်းနီပြာသတင်း မီဒီယာများသည်လည်း ခလုတ်ထိမှ အမိမတကြဘဲ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုး၍၊ ကောင်း ကျိုးကိုယ်၌ တည်စေမင်းဟု သတိတရား လက်ကိုင် ထားနိုင်ကြပါစေသော်…။

တိုင်းလုံးကျော်
Popular Myanmar News JournalPhoto: ပေါက်ကွဲချက်
-------------
၂၀၀၈ ခုနှစ်အခြေခံဥပဒေကိုပြင်ဖို့အတွက်..
ကာချုပ် နဲ့ သမ္မတက တွေ့ဆုံဖို့ငြင်းတယ်.ပေါ့..။
ဇာတိတွေပြလာမှာပဲဆိုတာသိနေလို့..
ထူးထူးထွေထွေ ၀မ်းနည်းဒေါသဖြစ်မနေတော့ပါဘူး..။
အကုန်လုံးက အတုတွေပဲကိုး..
အကျီပြောင်းပေမဲ့..
လူမပြောင်း..
မူမပြောင်း..
ခံယူချက်မပြောင်း..
အတွေးအခေါ်မပြောင်း..
ကျေးဇူးရှင်လို့ သတ်မှတ်ထားတဲ..
့ပထွေးတွေမပြောင်း..
အကျိုးစီးပွားအကာအကွယ်ပေးနေတဲ့.
အနေအထားတွေမပြောင်း..
အားကိုးအားထားပြုပြီးပေါင်းစားနေတဲ့
ခရိုနီတွေလည်းမပြောင်း..၊
တပ်မတော်ရဲ့ ဖခင်..
အမျိုးသားခေါင်းဆောင်..
ဗိုလ်ချုပ်အောင်ဆန်းကို ..
ခုထက်ထိ..ပွင်းလင်းစွာ...ပွဲမထုတ်ရဲတဲ့..
စိတ်ဓာတ်တွေမပြောင်း..
ပြည်သူကိုနားလှည့်ပါးရိုက်လုပ်တဲ့..
သောက်ကျင့်တွေလဲမပြောင်း
(၁၅၀၀ ဖုန်းကို ၁၅၀၀ နဲ့တကယ်ဝယ်လို့ရမရပဲကြည့်ကြလေ)
ဌာနဆိုင်ရာတွေ..လာဘ်စားနေတာတွေလဲမပြောင်း..
အာဏာရှင်မိသားစုတွေကို..
အကာအကွယ်ပေးချင်တဲ့စိတ်ယုတ်တွေလဲမပြောင်း..
နည်းနည်းလေးပြော...အမှတ်တွေယူပြီး..
ပြီးမှ သောက်တလွဲလုပ်ချင်စိတ်တွေလဲမပြောင်း..၊
ပြည်သူတွေကို အာဏာနည်းဖိနှိပ်ချင်စိတ်တွေလည်းမပြောင်း..
လက်အောက်ငယ်သားတွေမွဲချင်မွဲပြာကျနေပါစေ..
အကြီးအကဲတွေက ထားစရာနေရာမရှိအောင်..
ချမ်းသာနေကြတဲ့ ဖြစ်စဉ်တွေလဲမပြောင်း..၊
တရုတ်အားထားချင်စိတ်တွေလဲမပြောင်း..
ပထွေးက ၀ှိုက်ကဒ်ပေးထားတဲ့ဘင်္ဂံလီကို..
တရားဝင် ပန်းရောက်ကဒ် ထုတ်ပေးမဲ့အစီအစဉ်လဲ
မပြောင်း...။
--------------
မင်းတို့ အကာအကွယ်ပေနေတာက.
ပြည်သူကိုမဟုတ်ဘူး..
လက်တစ်ဆုတ်စာလူတစ်စုနဲ့ သူတို့မိသားစုတွေကိုပဲ...

မင်းတို့ကြည့်နေတဲ့အကျိုးစီးပွားက..
ပြည်သူလူထုအကျိုးစီးပွားမဟုတ်ဘူး..
လက်တဆုတ်စာလူတစ်စုနဲ့..
သူတို့နဲ့ပေါင်းစားဖေါ်ပေါင်းစားဖက်
ခရိုနီတွေရယ် ၊ အလကားနီးပါးရလို့..
မင်းတို့ကို ကော်မရှင်ပေးနေတဲ့...တရုတ်ရယ်ကိုပဲ..

မင်းတို့ အနစ်နာခံနေရတာက..
တိုင်းပြည်အတွက်မဟုတ်ဘူး...
မင်းတို့ထမင်းအိုးမကွဲရေးနဲ့ မင်းတို့မိသားစုစားဝတ်နေရေး
ချမ်းသာသုခရရှိရေး ၊ရာထူးတည်မြဲရေအတွက်
အနစ်နာခံနေရတာပဲ..၊

မင်းတို့သစ္စာစောင့်သိနေတာ..
တိုင်းပြည်ကိုမဟုတ်ဘူး..၊ အာဇာနည်တွေကိုမဟုတ်ဘူး..
မင်းတို့ကို အရိုးကျွေးပြီး လူလားမြောက်စေခဲ့တဲ့..
တကမ္ဘာလုံးက နှာခေါင်းရှုံ့တဲ့...တံတွေးနဲ့တောင်လှည့်မထွေးတဲ့
အာဏာရှင်အုပ်စုကိုပဲ..
------------------------------------
ပုဂ္ဂိုလ်ရေးအရကျေးဇူးသိတဲ့ သိတတ်မှုဟာ..
တရားသလား.....
ဒါမှမဟုတ်..တိုင်းပြည်အတွက်ကျေးဇူးသိတဲ့ သိတတ်မှုဟာ..
တရားသလား...၊

အမဲရိုးကျွေးပြီးရင်...
ခွေးလိုသဘောထားပြီး..
သူများကိုကိုက်အောင်..
ရှူးတိုက်တတ်တဲ့သခင်မျိုးကို..
ကျေးဇူးရှင်လို့..လက်ခံမှာလား...
ဒါမှမဟုတ်..ဘာမှမကျွေးသော်လည်း..
လူလိုသူလို နှူးညံ့ကြင်နာစွာဆက်ဆံတဲ့လူမျိုးကို
လေးစားစရာလို့မြင်မှာလား.
ပညာတတ်တွေ အဆင့်အတန်းရှိတဲ့သူတွေက..
လက်ခံလေးစားတဲ့သူမျိုးကို....ခေါင်းဆောင်လို့မြင်သလား..

ဒါမှမဟုတ်..ကမ္ဘာ့ငပွ..၊ ကမ္ဘာ့အော်ကြောလန် ၊ ကမ္ဘာ့ နလပိန်းတုံး..
တိုင်းပြည်သယံဇာတတွေ ပြောင်သွားအောင်စွမ်းဆောင်နိုင်သူ၊
ပြည်သူတွေကို အဖိနှိပ်ဆုံးသောသူ..၊
တိုင်းပြည်ကို ဒေသတွင်းမှာပါ...ဘိတ်ချေးဖြစ်အောင်လုပ်ခဲ့သူ
အဲဒီသူတွေကို ခေါင်းဆောင်လို့မြင်နေတာလားး.
ကိုယ့်ကိုယ်ကိုယ်စဉ်းစားကြည့်ကြပေါ့..၊
ဒါပဲ...။

( ကာတွန်း - ဟန်လေး)
Thunder Pa YitPhoto: D လိုမျိုး ပြန်ပေးနေတာPhoto: မဟုတ်တာ လုပ်ထားတော. တွေးပြီး ကြောက်နေရှာတာPhotoPhotoPhotoZaw Min Latt's photo.

No comments:

Post a Comment