Shwe Dagon

Shwe Dagon

Thursday, November 14, 2013

ဓါတ်ပုံဖြင့်ပြောချင်သောစကားများ

Photo: ကျွန်တော့်ကိုမိတ်ဆွေ တစ်ယောက်က မေးလာတယ် ...

"မြန်မာပြည် ဒီမိုကရေစီ နိုင်ငံ ဖြစ်နေပြီ" ... လို့ ဆိုနိုင်လား ... တဲ့။

ကျွန်တော်က သူ့ကိုပြန်မေးမိတယ်။

မြန်မာပြည်က သမ္မတကို သာမန် မြန်မာပြည်သူတွေက ရွေးချယ်ခဲ့တာလား .... လို့။

သူပြန်ဖြေတာက "ဟင့်အင်း" ပေါ့။

(ဟုတ်တယ်လေ ... ဦးသိန်းစိန်ကိုသမ္မတ ဖြစ်ပါစေဆိုပြီး ဘယ်ပြည်သူက ရွေးခဲ့သလဲ။)

ဒါနဲ့ ကျွန်တော်က ဆက်မေးမိတယ်။

မြန်မာပြည်က အစိုးရ အဖွဲ့ဝင်တွေကို သာမန် မြန်မာပြည်သူတွေက ရွေးချယ်ခဲ့တာလား ... လို့ .. (ဥပမာ .. ပြည်ထဲရေး ဝန်ကြီး)

သူ ပြန်ဖြေတာက ... "ဟင့်အင်း" ပေါ့။

ကျွန်တော်လည်း သူ့ကို ထပ်မေးမိတာက ...

ဒါတွေကို သိရက်နဲ့ "မြန်မာပြည် ဒီမိုကရေစီ နိုင်ငံ ဖြစ်နေပြီလား" ... လို့ ဘာဖြစ်လို့ လာမေးရတာလဲလို့ .... ။

ဒီမိုကရေစီ နိုင်ငံဆိုတာ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ သမ္မတနဲ့ အစိုးရက အုပ်ချုပ်တာ လို့ ... ခပ်ရိုးရိုးပဲ ပြန်ဖြေမိပါတယ်။

(ကိုထိုက်)Photo: *** အဆင်း ရဲ ဆုံး နိုင်ငံဖြစ်ရတာဘယ်သူတွေကြောင့်လဲ……????? ***

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကနေပြီး… ဟို အရင် စစ်အစိုးရ လက်ထက် မှာ ဆို အနစ်နာခံ ၊ အရှုံးခံ ပြီး ပြည်သူ ကို လုပ် ပေးတယ်၊ ရထား ဆွဲ တာ လဲ အရှုံးခံ ပြီး ဆွဲတာ ပဲ၊ ဆီ တို့  ဘိလပ်မြေ၊ အစား အသောက် အကုန် အရှုံး ခံ ပြီး လုပ်ပေးတာ ၊ အဘက်ဘက် က အရှုံး ခံ ပြီး လုပ်ပေးတာ နောက် ဆုံး အဆင်း ရဲ ဆုံး နိုင်ငံ ဘ၀ ရောက် သွား တယ်။ ဒီလောက် ကျေးဇူး တင် စရာ ကောင်းတဲ့ အစိုးရ ဟာ ကမ္ဘာ မှာ မရှိ သေးဘူး… လို့ ပြောဆိုခဲ့ပါတယ်….။

ပြည်တွင်းစစ်များဖြစ်ပွားနေမှုကြောင့်စစ်အင်အားကိုတိုးချဲ့လာသဖြင့်စစ်အသုံးစရိတ်မှာတနှစ်ထက်တနှစ်ပိုမိုမြင့်မားလာခဲ့တာကိုတော့ထည့်မပြောဘူး…။၁၉၅၈ခုနှစ်ကထဲက နိုင်ငံ၏အသုံးစရိတ်အစုစုတို့၏ လေးပုံတပုံ ခန့်ကို စစ်အသုံးစရိတ် အဖြစ်အသုံးပြုလာကြပါတယ်။တိုင်းပြည်အခြေအနေ ငြိမ်သက်လာသည့်တိုင် စစ်အသုံးစရိတ်မှာပြန်လျော့ကျသွား ခြင်းမရှိခဲ့တဲ့အပြင် ပိုလို့သာ တိုးလာခဲ့ပါတယ်။ စစ်အသုံးစရိတ်များပြားမှူကြောင့် တနေ့တခြား စီးပွားရေးကျဆင်းလာပြီး အဆင်းရဲဆုံးနိုင်ငံ ဖြစ်လာရတော့တာပါ။ အရည်းအချင်းမရှိပဲ ရာထူးလိုချင်တဲ့ အရှက်ကင်းမဲ့တဲ့ အချောင်သမား၊ တွေပြန်အုပ်ချုပ်လိုက်တဲ့ နှစ်ငါးဆယ်ကျော်မှပဲ အဆင်းရဲဆုံးနိုင်ငံထဲ မှာထိပ်ဆုံးစာရင်းရောက်ခဲ့ရတော့တာပါပဲ...။

တပ်ချုပ်ကြီးနဲ့ အလိုတူအလိုပါ ခေတ်ပျက်သူဌေးတွေ ဝက်ဝက် ကွဲအောင် တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြလို့ တိုင်းပြည် ပြာပုံထဲရောက်၊ သဘာဝ ဘေးဒဏ်တွေကျ၊ ၂၀၀၂ ခုနှစ်ကစ၍ သဘာဝ ဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာငွေ ၅ ဘီလီယံခန့် (သန်း ၅၀၀၀) ထိုင်းနိုင်ငံအစိုးရထံမှအတိုးရောအရင်းပါရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နှစ်စဉ်ပုံမှန်ရရှိခဲ့ကြပါတယ်။ ဦးပိုင်လီမိတက် ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထင်သလို ငွေကိုသုံးနိုင်ရန် စာရင်းစစ်၍မရသော အဖွဲ့စည်းတခုဖြစ်နေပြီး စစ်တပ်ကို ကျောထောက်နောက်ခံပြုထားသော စီးပွားရေးလက်ကိုင်ဒုတ် တခုလည်း ဖြစ်နေပါတယ်။ န.အ.ဖ လက်ထက်မှာ မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေးကြီးတွေပေါ်လာခဲ့ကြပါတယ်။စစ်တပ်ဟာ ဦးပိုင်အနေနဲ့နိုင်ငံတော်စီးပွားရေးကိုလက်ဝါးကြီးအုပ်ရတာ နောက်ကျောမလုံဘူးလေ။ဒီတော့နောက်တနည်းတီထွင်ပြန်တယ်။ ခရိုနီစီးပွားရေး လောကပင်ဖြစ်ပါ တယ်။ မြန်မာပြည်ရဲ့ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ်သားသမီးတွေရှယ်ယာ ပါပြီးသား။ ဤသို့ ဤပုံ မြန်မာစစ်ဗိုလ်ချုပ်များက ကွက်ကျော်မြင် ဂွင်ကျော် ရိုက်ထားတတ်ကြပါတယ်။ သူတို့ ပြုတ်ကျခဲ့ရင်တောင်မှ မြန်မာပြည်အား အခွံဘဲ ချန်ခဲ့မယ်ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့် စိတ်ဓါတ်မျိုးဘဲ ဖြစ်ပါတယ်။

သယံဇာတပေါကြွယ်ဝလှတဲ့ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဟာ ကိုယ်ကျိုးရှာ စီးပွားရေးသောင်းကျန်းသူ စစ်အာဏာရှင် များကြောင့် ဖွတ်ဖွတ် ညက်ညက် ကြေနေရပါပြီ။ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး စသဖြင့် အဖက်ဖက်က နိမ့်ကျနေပေမဲ့ ထိထိရောက်ရောက် ပံ့ပိုး ကြည့်ရူခြင်း မရှိဘဲ နအဖရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး စီမံကိန်းအရတော့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အထိ ရူးသွပ်ခဲ့ကြပါတယ်..။နိုင်ငံရဲ့ သယံဇာတတွေကို ပြည်သူလူထု ကောင်းကျိုးအတွက် လုံးဝ အသုံးမပြုဘဲ ကိုယ်ကျိုး စီးပွါးနဲ့ အာဏာရှင်စနစ် အထောက်အကူ ပြုမဲ့ စစ်တပ်နဲ့ စစ်လက်နက် တိုးချဲ့ ထုတ်လုပ်ဖို့ အတွက်သာ ကြံဆောင် အသုံးပြုခဲ့ကြပါတယ်…။

နိုင်ငံတော်ကိုဦးဆောင်နေတဲ့သူတွေက နားဂစ်မုန်တိုင်းဘေးဒဏ်သင့် ပြည်သူလူထုကို “ချောင်းတွေ မြောင်းတွေက ငါးတွေ ဖားတွေ ရှာစားကြ” ၊ လျှပ်စစ်မီးတွေ မလာလွန်းလို့  အမှောင်ဘ၀ထဲ နေ့ စဉ်နဲ့ အမျှ နေထိုင်နေကြရတဲ့ ပြည်သူလူထုကို "မီးမလာရင် ဖယောင်တိုင်ထွန်းနေကြ” နဲ့  ပြောဆိုကြသလို၊ နိုင်ငံအရေး တိုင်းသူပြည်သားများအရေး ဝေဖန်သုံးသပ် ဆွေနွေးအဖြေရှာ ပြောဆိုကြရမယ့် ပြည်သူ့ လွှတ်တော်ထဲမှာ "လွှတ်တော်ထဲမှာ နိုင်ငံရေးစကား မပြောရ" “သမ္မတကြီး စိတ်ညစ်စေမယ့် မေးခွန်းတွေ မမေးရ” "ချောင်ပိတ်မယ့် အဆိုတွေတော့ မတင်ကြနဲ့" ပြောဆိုတာတွေဟာ ပြောဆိုသူတွေဟာ တိုင်းကျိုးပြည်ကျိုးအတွက် ဦးထိပ်ထားဆောင်ရွက်ရတဲ့ လွှတ်တော်ထဲမှာ မနေကြပါနဲ့ ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မလုပ်နေကြပါနဲ့လို့ပြောရမှာပါဘဲ။
ဇော်ဝမ်းမောင်….။

Zaw Wonn MaungPhotoPhotoPhoto: ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး ကျန်းမာရေး ယိုယွင်း

စစ်ခေါင်းဆောင်ဟောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးရဲ့ ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေများထံမှ သိရပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့ သင်္ကန်းကျွန်းမြိုနယ်ရှိ ပုညနိမိတ္တာရာမ ရွှေသုဝဏ်ကျောင်းမှာ ပြုလုပ်တဲ့  မိသားစု ကထိန်ကိုတောင်မှ တက်ရောက်နိုင်ခြင်း မရှိတော့ဘဲ ဆရာတော်ကို အိမ်သို့ ပင့်ဆောင်ပြီး တရားနာယူခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေလည်း ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဂါရ၀ပြုခဲ့ကြတယ်လို့ သိရပါတယ်။

DSA အပတ်စဉ် ၁၉ ဆင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး မောင်အေး အပေါ်မှာ လေးစားသူတဦးဖြစ်သလို၊ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ရရှိအောင် ထောက်ခံပေးသူတဦးလို့လည်း ယုံကြည်ထားသူလို့ သိရှိရပါတယ်။

သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ အချက်ကတော့ စစ်သားစိတ် အပြည့်ရှိခြင်းနဲ့ လက်အောက်ငယ်သားများ အပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခြင်းတို့ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအ၀န်းက အသိအမှတ်ပြုကြပါတယ်။

မိသားစု ကထိန်ကိုတော့ ဇနီးဖြစ်သူ ဒေါ်မြမြစန်းကပဲ ဦးစီးကျင်းပခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၊ န၀တ အစိုးရလက်ထက် အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်တို့ အပါအ၀င် စစ်ဘက်၊ နယ်ဘက်မှ အရာရှိများလည်း လာရောက်တယ်လို့ သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးဟာ  ၁၉၅၅ ခုနှစ်က ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ကာကွယ်ရေး စစ်တက္ကသိုလ် (Defense Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊ စစ်ဥပဒေချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊ နိုင်ငံတော် ကောင်စီရုံး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်မြင့်ဘော် တို့နဲ့ တပတ်စဉ်ထဲ ဆင်းခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် မတ်လမှာ နိုင်ငံတော် အကြီးအကဲနဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ အနားယူခဲ့ပါတယ်။

အနားယူပြီးတဲ့ နောက်မှာတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ လွတ်လပ်စွာ ခရီးသွားရောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲနှစ် မေလမှာတော့ ရုတ်တရက် လေဖြန်းသွားတဲ့အတွက် စင်ကာပူနိုင်ငံကို သွားရောက် ဆေးကုခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကတော့ နေပြည်တော် နေအိမ်မှာပဲ စာဖတ်နေကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး သူ စိုးရိမ်တယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလက သွားရောက်ကန်တော့ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပြောဆိုခဲ့ပါသေးတယ်။

IrrawaddyPhoto: မြန်မာပြည်က သဘာဝသံယံဇာတကျိမ်စာသင့်နေတာ မဟုတ် ၊ လူယုတ်မာ ဦးသန်းရွှေ ရဲ့ ကောက်ကျစ်ရက်စက်မှု ဒဏ်တွေကို ခံနေရတာ ၊

ကျွန်းပင်ကြီးတွေ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကနေ မြန်မာပြည်သူပြည်သားတွေ ထမင်းတစ်လုပ်မှ မစားဖူးသေးပါဘူး

သဘာဝဓါတ်ငွေ့ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကနေ မြန်မာပြည်သူပြည်သားတွေ ထမင်းတစ်လုပ်မှ မစားဖူးသေးပါဘူး

ကျောက်စိမ်းတုံးကြီးတွေ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကနေ မြန်မာပြည်သူပြည်သားတွေ ထမင်းတစ်လုပ်မှ မစားဖူးသေးပါဘူး

ကျောက်သံပတ္တမြားတွေ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကနေ မြန်မာပြည်သူပြည်သားတွေ ထမင်းတစ်လုပ်မှ မစားဖူးသေးပါဘူး

သဘာဝဓါတ်ငွေ့တွေ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကနေ မြန်မာပြည်သူပြည်သားတွေ ထမင်းတစ်လုပ်မှ မစားဖူးသေးပါဘူး

တွင်းထွက်ရွှေတွေ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကနေ မြန်မာပြည်သူပြည်သားတွေ ထမင်းတစ်လုပ်မှ မစားဖူးသေးပါဘူး

တွင်းထွက် ဓါတ်သတ္တုတွေ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကနေ မြန်မာပြည်သူပြည်သားတွေ ထမင်းတစ်လုပ်မှ မစားဖူးသေးပါဘူး

ပုလဲတွေ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကနေ မြန်မာပြည်သူပြည်သားတွေ ထမင်းတစ်လုပ်မှ မစားဖူးသေးပါဘူး

မြန်မာပြည်သူပြည်သားတွေက ကိုယ်လုပ်အားနဲ့ ကိုယ့်ထမင်းကိုယ်ရှာစားခဲ့တာပါ ၊

ဒီကနေ့အထိ မြန်မာပြည်က သံယံဇာတ ဆိုတာတွေ နဲ့ မြန်မာပြည်သူပြည်သားတွေ ထမင်းတစ်လုပ်မှ မစားဖူးသေးပါဘူး

ကဲ ဘယ်သူပြောချင်သေးသလဲ မြန်မာပြည်ဟာ သဘာဝသံယံဇာတကျိမ်စာ သင့်နေပါတယ်လို့ .

Hawdeka Khalaylay

No comments:

Post a Comment