Shwe Dagon

Shwe Dagon

Saturday, November 30, 2013

ဒါ......အမျိုးချစ်တာလား..?





ဒါ...အမျိုးချစ်တာလား... ------------------------- တိုင်းပြည်ကို ချွတ်ခြုံကျအောင်လုပ်ပြီး.. ကိုယ့်ပြည်သူတွေကို စားဝတ်နေရေးချို့တဲ့အောင်ထားခဲ့တာ.. ဒါ....အမျိုးချစ်တာလား.. ? တိုင်းပြည်ရဲ့ သယံဇာတတွေရောင်းစားခဲ့ပြီး.. ပြည်သူ့မျက်နှာမကြည့်ပဲ.. ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာ.. ဒါ......အမျိုးချစ်တာလား..? လူငယ်တွေရဲ့ တိုးတက်ရာ .. ပညာရေးကိုနိမ့်ကျအောင်လုပ်ပြီး. ကိုယ့်လူမျိုး..ကမ္ဘာ့အလယ်မှာ မျက်နှာမွဲဖြစ်တာ.. ဒါ......အမျိုးချစ်တာလား....? လုပ်ငန်းကိုင်ငန်းအဆင်မပြေလို့.. မြန်မာလူမျိုး သန်းနဲ့ချီပြီး... နိုင်ငံတကာမှာ မျက်နှာအောက်ချ.. ရရာအလုပ်တွေ သွားရောက်လုပ်ကိုင်စေခဲ့တာ.. ဒါ......အမျိုးချစ်တာလား.....? ကိုယ့် လာဘ်လာဘရရှိရေးကိုပဲ ရှေ့ရှုပြီး.. လူမျိုးခြားဘာသာခြားတွေကို လုပ်ပိုင်ခွင့်ပေးလို့.. နိုင်ငံသားကဒ်တွေ ထုတ်ပေးခဲ့တဲ့အတွက်.. မြန်မာပြည်ရဲ့ နောက်ဆုံးမင်းနေပြည်တော်နေရာမှာ.. မြန်မာစကားမတတ်တဲ့ တရုတ်တွေ ပွထနေတာ.. ဒါ......အမျိုးချစ်တာလား.....? အနောက်တံခါးက ခိုးဝင်ဘင်္ဂံလီတွေကို... အဖြူကဒ်ပေးကာလို့.... တိုင်းရင်သာရခိုင်ပါတီကို ရှုံးနိမ့်စေအောင်မဲပေးစေပြီး ဘင်္ဂံလီ လွှတ်တော်အမတ်တွေကို မွေးထုတ်ပေးခဲ့တာ.. ဒါ........အမျိုးချစ်တာလား...? ကမ္ဘာ့သမိုင်းမှာ...တစ်ခါမှမကြုံဘူးခဲ့တဲ့.. သံဃာတော်တွေကို ...ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်က မီးလောင်ကျွမ်းစေခဲ့တာ... ရွှေဝါရောင်အရေးအခင်းမှာ... ဘုန်းကြီးကျောင်းတွေကို...ရန်သူ့စခန်းသိမ်းသလို.. ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့တာ.. ဒါ..........အမျိုးချစ်တာပါလား...? အလုပ်အကိုင်မယ်မယ်ရရမရှိတဲ့.. ကိုယ့်အမျိုးကောင်းသမီးတွေဟာ... တိုင်းပြည်အနှံ့မြို့ကြီးတွေမှာ.... မွစိတက်အောင် ပွထ လာပြီဖြစ်တဲ့.... ကေတီဗီ ၊မာဆတ် ၊ စင်တင် ...နိုက်ကလပ်.စတဲ့ အညှီအဟောက်..နေရာတွေမှာ... ဘ၀အပျက်ခံပြီး ရရာအလုပ်လုပ်နေစေခဲ့တာ.. ဒါ........အမျိုးချစ်...လို့လား....? ဒီလို အညှီအဟောက်လုပ်ငန်းကြီးတွေကို.. တရားဝင်..စီးပွားရေးလုပ်ငန်းကြီးတစ်ခုလို.. လုပ်ပိုင်ခွင့်ပေးတာတွေ... Backup ပေးနေတာတွေ... လိုင်းကြေးယူပြီး ခွင့်ပြုနေတာတွေဟာ.. ဒါ.............အမျိုးချစ်လို့လား...? အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးလို့.. တွင်တွင်အော်နေတဲ့.... လူတွေအုပ်ချုပ်တဲ့ခေတ်မှာမှ... အမျိုးဂုဏ်ဇာတိဂုဏ်ဟာ... မြောင်းထဲ ရောက်ခဲ့ကြတာဟာ.. တကယ်ကို........အမျိုးချစ်လို့လား ..? ကိုယ့်နိုင်ငံ...ကိုယ့်လူမျိုး...ကိုယ့်ပြည်သူ.တွေကို.. လက်ဝါးကြီးအုပ်....အမြတ်ထုတ်...ဂုတ်သွေးစုတ်ပြီး.. လယ်သိမ်း ၊ ယာသိမ်း...၊ အလုပ်သမားတွေကို ခေါင်းပုံဖြတ်.. ဘာသာတူချင်းဖြစ်ပေမဲ့...အမြတ်ကြီးစား..၊ ဇာတ်တူသားစားတာ အဲဒါလဲ...............အမျိုးချစ်လို့လား...? ကိုယ့်တိုင်းပြည်သယံဇာတ ..ရောင်းချရုံနဲ့အားမရပဲ. ကိုယ့်ပြည်သူအတွက်မဟုတ်တဲ့... တရုတ်လို နိုင်ငံကြီးတွေကို..သူခိုးဈေးနဲ့..၀ ကွက်အပ်နေတာဟာ.. အမျိုးကို............ချစ်ကြလို့လား ...? တစ်နှစ်ကို....သူတို့သမီး သန်း ၂၀ လိုအပ်နေတဲ့.. နိုင်ငံကြီးတစ်ခုဆီကို... တို့တိုင်းရင်းသားအမျိုးသမီးငယ်... ၃၀၀၀၀ လောက် နှစ်စဉ်....လူမှောင်ခိုကုန်ကူးပြီး...ရောင်းစားနေရတာဟာ.. အမျိုး.........ချစ်ကြလို့လား... ? တို့တိုင်းပြည်က ပြည်ပရောက် မြန်မာအလုပ်သမားတွေအရေး မဖြေရှင်းပေးရုံတင်မက...၊ တာဝန်ကျရာနိုင်ငံတွေမှာ.. အလုပ်လုပ်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို..ဇတ်တူသားစား အောက်ဆိုက်ရှာတဲ့...သံရုံးတွေဟာလည်း... အမျိုး.....ချစ်လို့လား..? --------------------------- သေချာတာကတော့... အထက်ပါအချက်တွေကို ပွင့်လင်းစွာဝေဘန်ထောက်ပြရဲသူ.. အထက်ပါ သမိုင်းတရားခံတွေကို ဖေါ်ထုတ်ရဲသူတွေမှ အမျိုးတကယ်ချစ်တဲ့သူတွေအဖြစ်...လက်ခံပါတယ်.။ ဒါပေမဲ့ .....အခုတလော တွေ့မြင်နေရတဲ့ အစွန်းရောက်အမျိုးချစ်ဆိုသူအချို့ဟာ... အဲဒီအချက်တွေကို မဝေဘန်ရဲတဲ့အပြင်. ကာကွယ်....ဖုံးဖိပေးနေပြီး.. မဆိုင်တဲ့သူဘက်ကို.. .အာရုံလွှဲနေတာကိုမြင်တွေ့ရတော့.. လိုင်းတစ်ခုခု လွဲနေတယ်လို့..ယူဆပါကြောင်း........ Credit To >Thunder Pa Yit

No comments:

Post a Comment