Shwe Dagon

Shwe Dagon

Tuesday, November 19, 2013

ဦးခင်ညွန့်မှ အင်တာဗျူးတွင်ပြောကြားခဲ့ခြင်း

 
သမ္မတ၏ သယံဇာတ အဓိပ္ပါယ်ဖွင့်ဆိုမှုသည် လူသားအရင်းအမြစ်မပါဝင်၍ မပြည့်စုံ ၊ လက်ပံတောင်းတောင်ကိစ္စမှာ ဒေသခံများကို မျက်နှာချင်းဆိုင် တင်ပင်ဆွေးနွေးအဖြေရှာသော နည်းလမ်းကို အသုံးပြုရမယ့်အစား အမိန့်ထုတ် အတင်းအကျပ်လိုက်နာစေသော

နည်းလမ်းကို အသုံးပြုနေခြင်းက အကျပ်အတည်းကို တမင်အချိန်ဆွဲ သလိုဖြစ်နေ ဟု ဦးခင်ညွန့်ပြောကြား

ဦးခင်ညွန့်မှ အင်တာဗျူးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်

ကိုယ်မနေ့ညနေက ကြားတယ် ၊ နေပြည်တော် လက်ပံခါးလှပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်တဲ့ ဘာလဲ တပ်မတော် နဲ့ သူတို့ ကို စိတ်ဝမ်းကွဲအောင် လုပ်နေတာတွေ ရှိတယ်တဲ့ ၊ အဲဒါပြောချင်တာ အဲဒါ မပြည့်စုံဘူး ၊ တပ်မတော် နဲ့ ပြည်သူတစ်ရပ်လုံးကို

စိတ်ဝမ်းကွဲအောင် လုပ်နေတာတွေ ရှိတယ် ၊ တကယ်ရှိတယ် ၊ မျက်စိထဲမှာ တွေ့နေရတယ် ၊ အမြင်မတော်အောင်ကိုရှိနေတာ ၊ အဲဒီလိုပြောမှ ပိုပြည့်စုံတယ် ၊

နောက် သမ္မတ ပြောသွားသေးတယ်တဲ့ ၊ ဘာလဲ ၊ တိုင်းပြည်၏ သယံဇာတများကို ဖျက်ဆီးသူသည် တိုင်းပြည်ကို ဖျက်ဆီးသူဖြစ်သည် ၊ သိပ်ကောင်းတဲ့ စကားပဲ ၊ ဒါပေမယ့် သူ(သမ္မတ) အဓိပ္ပါယ်လဲဖွင့်ရော အရေးကြီးဆုံးကျန်သွားတယ် ၊ လိုသွားတာပေါ့ ၊အဲဒါ

လူ့စွမ်းအားအရင်းအမြစ်လေ ၊ ဒါ တိုင်းပြည်ရဲ့ အဓိကကျဆုံး အရင်းအမြစ် မဟုတ်လား ၊

လက်ပံတောင်းတောင် ကိစ္စကိုပြောရမှာလား ၊ ဒါက သိပ်ခက်တဲ့ ကိစ္စမှ မဟုတ်တာ ၊ ဖြေရှင်းပုံဖြေရှင်းနည်း လွဲနေတာလေ ၊ ဒေသခံတွေကို မျက်နှာချင်းဆိုင်ထိုင်ပြီး သူတို့ရင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ နှံ့စပ်အောင် အရင်လေ့လာရမှာပေါ့ ၊ လိုအပ်ရင်

ဒေသခံတွေကို မျက်စိကျယ် နားကျယ် ဖြစ်လာအောင် မျက်စိဖွင့် နားဖွင့်လုပ်ပေးရမှာပေါ့ ၊ ခုဟာက အမိန့်ထုတ် ဒါကို အတင်းအကျပ်လိုက်နာအောင် ဖိအားပေး ဆိုတာမျိုးတွေ လုပ်နေတော့ ဒါ တမင်ပဲ လိပ်ခဲတည်းလည်းဖြစ်နေအောင် အချိန်ဆွဲလုပ်နေသလားလို့

မေးခွန်းထုတ်စရာ ဖြစ်နေပြီလို့ ပြောရမယ် ၊

ဘာမှာချင်သေးလဲ ဆိုတော့ မှာစရာရှိတယ် ၊ ခု လက်ရှိတာဝန်ယူထားတဲ့ သူတွေ အများစုက ကိုယ်တာဝန်ယူစဉ်ကဆိုရင် ကိုယ့်အောက်အငယ်တွေလေ ၊ သူတို့ကို အဓိက ပြောချင်တာ အားလုံးပါတာပေါ့လေ ၊ အခုကိုယ့်ကိုယ်ကိုယ်ဘယ်နေရာရောက်နေတယ်

ဘယ်အချိန်ရောက်နေတယ် ဘယ်ခေါင်းစဉ်အောက်ရောက်နေတယ်ဆိုတာ သတိပြုကြပါလို့ ၊ အစိုးရသက်တမ်း လွှတ်တော်သက်တမ်း က တစ်ဝက်ကျော်နေပြီ ၊ ကိုယ့်အချိန်ကုန်ဖို့ သိပ်မလိုတော့ဘူး ဆိုတာ သတိရကြပါလို့ ၊ အရင် အစိုးရခေါင်းစဉ်အောက်မှာ

ဘာလုပ်ခဲ့လုပ်ခဲ့ ၂၀၀၈ ဥပဒေကြီးနဲ့ တားထားလို့ လုံသွားပြီလို့ ယာယီပြောလို့ရပေမယ့် ၊ အဲဒီအရင်အစိုးရကနေ ဒီကနေ့ ဒီမိုကရေစီခေါင်းစဉ်အောက်က အစိုးရအဖြစ် လက်လွှဲပေးလိုက်တဲ့ အချိန်ကစပြီး ဘဝပြောင်းသွားပြီလို့ မှတ်ယူရမှာ ၊ ခုတော့

ဘဝပြောင်းသွားတာကို မေ့နေကြတဲ့ပုံ ၊ ဒါမှမဟုတ် အနောက်က ဘာလုပ်လိုက်မယ် ညာလုပ်လိုက်မယ် ဆိုတာကို ကြောက်နေတဲ့ပုံ ၊ ဒါတွေ မရှိသင့်တော့ ဘူး ၊ ကိုယ်က အခုမီးရောင်အောက်ရောက်နေပြီ ၊ ပြည်သူတွေရှေ့ရောက်နေပြီ ၊ ပြည်သူ့မျက်နှာကိုကြည့်ပြီး

ဒီမိုကရေစီကျကျ ဆောင်ရွက်ရမှာ ၊ နေ့စဉ် ကိုယ့်လုပ်ရပ်တွေ အတွေးအကြံတွေ အပြောအဆိုတွေက မှတ်တမ်းဝင်နေပြီး ၊ သမိုင်းတွင်မယ့် အလုပ်တွေ ဖြစ်တယ် ၊ အခုဟာက သူတို့လုပ်နေတာတွေက ဒါကို သတိမထားမိသလိုဖြစ်နေတယ် ၊ ဒါအရေးကြီးတယ် ၊ ဒါကို

သိကြမြင်ကြပါလို့ အထူးပြောချင်တယ် ၊ ကိုယ်လုပ်သင့်တာကိုလုပ် ဘာမှ နောက်ဆံတင်းစရာ စိုးရိမ်နေစရာမရှိဘူး ၊ ဒီဘက်ခေတ်မှာ ကိုယ့်သမိုင်းကို ပြည်သူနဲ့ ပညာရှင်တွေက အဆုံးအဖြတ်ပေးမှာလေ ၊

လက်ရှိစစ်တပ်ခေါင်းဆောင်တွေကို ပြောစရာရှိလား ၊ ရှိတာပေါ့ ၊ ဒါပေမယ့် ဒီနေ့တော့ မပြောတော့ဘူး ၊ ပြောတာတွေ များသွားပြီ ၊ ဒီနေ့တော့ တော်လောက်ပြီ

ဦးခင်ညွန့်မှ အင်တာဗျူးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

Hawdeka Khalaylay

No comments:

Post a Comment