Shwe Dagon

Shwe Dagon

Friday, November 8, 2013

တိုင်းပြည်၏ ခေတ် နှင့် စနစ်







တိုင်းပြည်၏ ခေတ် နှင့် စနစ်

*သခင်က သုဘရာဇာဖြစ်သွားတဲ့ ခေတ်မှာ 
ဗိုလ်နေ၀င်းတို့ စစ်ဘုရင်ဖြစ်လာတယ်

*ကျောင်းသားတွေက သူပုန်နဲ့ ထောင်ထွက် ဖြစ်တဲ့ခေတ်မှာ 
ဗိုလ်သိန်းစိန်တို့ သမ္မတဖြစ်လာတယ် 

*တိုင်းရင်းသားတွေ သောင်းကျန်းသူဖြစ်တဲ့ခေတ်မှာ
နေပြည်တော် ဘဘရွှေနဲ့ မင်းအောင်လှိုင်က စစ်ဘုရင်ဖြစ်လာတယ်

*မင်းမျိုးမင်းနွယ်တွေက ဇနပုတ်တောသူတွေဖြစ်တဲ့ခေတ်မှာ 
ခွေးဝဲစားတွေ မိုးပျံတိုက်တွေနဲ့ ခရိုနီဖြစ်လာတယ်

*သံဃာတွေက ဆူပူသူတွေဖြစ်တဲ့ခေတ်မှာ
ဘုန်းကြီးကျောင်းတွေ ဖာခန်းဖြစ်လာတယ်

*လက်လုပ်လက်စားတွေ လမ်းဘေးမှာ ကုတ်တွယ်နေသူတွေဖြစ်တဲ့ခေတ်မှာ
ထောက်လှမ်းရေး သတင်းပေးတွေက စည်ပင်သာယာဌာနမှူးတွေဖြစ်လာတယ်

*မြေပိုင်ရှင်တွေက မြို့သစ်မှာ ဖာတွေဖြစ်တဲ့ခေတ်မှာ
မြေသိမ်းခဲ့သူတွေက အရင်းရှင်ဖြစ်လာတယ်

*လယ်ပိုင်ရှင်တွေက ရင်ကွဲသွားတဲ့ ပုရစ်တွေဖြစ်တဲ့ခေတ်မှာ
ခရိုနီလက်ဝေခံတွေက စေတလုံးပိုင်ရှင် စစ်တပ်အလိုတော်ရိတွေဖြစ်လာတယ်

*ပညာတတ်တွေက ရုံးလှေကားထစ်မှာ ပြာတာတွေဖြစ်တဲ့ခေတ်မှာ 
စစ်တပ်ထွက် အရာရှိတွေက ရုံးအုပ် ညွန်ချုပ်တွေဖြစ်လာတယ်

*ခြေပြတ်လက်ပြတ်တပ်မတော်ထွက်တွေက သူတောင်းစားတွေဖြစ်တဲ့ခေတ်မှာ
ခြေလက်အစုံနဲ့ စစ်အရာရှိတွေက လူထုကို ဓားပြတိုက်လာတယ်

*မိဘမဲ့ကလေးတွေ လမ်းဘေးမှာ ပေါများလာတဲ့ခေတ်မှာ
စစ်သားစုဆောင်းရေးဌာနတွေအတွက် အားဆေးကြီးတခွက်ဖြစ်လာတယ်

*အလုပ်လက်မဲ့ တောသူတွေ မြို့တက်အလုပ်ရှာတဲ့ခေတ်မှာ
နိုက်ကလပ်တွေ ကေတီဗွီနဲ့ အနှိပ်ခန်းတွေမှာ အရောင်တောက်လာတယ်

*တက္ကသိုလ်ကျောင်းတွေ မြို့ပြင်ရောက်တဲ့ခေတ်မှာ
လူ ၁၅ ယောက်လောက်ကိုပဲ ဘွဲ့လွန်ပေးနိုင်တဲ့ တက္ကသိုလ်ကြီး မြို့လယ်ခေါင်မှာ ရှိလာတယ်

*ပျံကျဈေးသယ်တွေ တောင်ပုံရာပုံ ဖြစ်လာတဲ့ခေတ်မှာ 
စည်ပင်နှင့် ရဲဝန်ထမ်းတွေရဲ့ အိပ်ထောင်တွေ ဖေါင်းကားလာတယ်

*တောတောင်စိမ်းစိမ်းတွေ အညိုရောင်ပြောင်းတဲ့ခေတ်မှာ 
လေမုန်တိုင်းတွေ ပျော်ပွဲစားထွက်ရာနေရာဖြစ်လာတယ်

*မြေကြီးတွေ ချိုင့်ဝှမ်းလို တူးလိုက်တဲ့ခေတ်မှာ
ငလျင်တွေ ခုန်ပေါက်မြူးတူးလာတယ်

*ပြည်တော်ပြန်တွေ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ခေတ်မှာ
အညတရ ထောင်ထွက်တွေ ဆေးရုံတက်နေကြရတယ်

*ရိက္ခာပို့တယ်ဆိုပြီး လေယာဉ်နဲ့ ဗုံးကျဲတဲ့ခေတ်မှာ
ဒုက္ခသယ်တွေ တသိန်းနီးပါး မွေးဖွားလာတယ်

*ငြိမ်းချမ်းေ၇း စန်တာကြီး ခန်းနားလာတဲ့ခေတ်မှာ
ကားပါမစ်တွေ ဖေါင်းပွလာတယ်


*သန့်ရှင်းသာအစိုးရဆိုတဲ့ ကြေငြာမောင်းထုတဲ့ခေတ်မှာ 
ဝန်ကြီးဌာနအားလုံး သူခိုးတွေဖြစ်လာတယ်

*ကောင်းမွန်သောအစိုးရဆိုတဲ့ ကဗ္ဗည်းထိုးတဲ့ခေတ်မှာ 
တက်ကြွလှုပ်ရှားသူတွေ သံတိုင်အတွင်းဖက်မှာ ပုံစံထိုင်နေကြရတယ်……

တင်ပြရပါလျင် မကုန်နိုင်လောက်အောက်ပင် ဒုက္ခ ပုံကြီးများ ရှိနေပါသေးသည်


ကျေးဇူးတင်ပါသည် 

ဂိုလ်ရှယ်လေး


No comments:

Post a Comment