Shwe Dagon

Shwe Dagon

Saturday, November 30, 2013

ဦးသန်းရွှေ ဆက်ပြီးလောဘဇောတိုက်နေအုံးမယ်ဆိုရင် သူ့အတွက်ရွေးစရာလမ်း သိပ်ကျန်မှာမဟုတ်တော့ဘူး



 (နေပြည်တော်သတင်းရပ်ဝန်း) ဦးသန်းရွှေ ဆက်ပြီးလောဘဇောတိုက်နေအုံးမယ်ဆိုရင် သူ့အတွက်ရွေးစရာလမ်း သိပ်ကျန်မှာမဟုတ်တော့ဘူး ဟုထမင်းဆိုင်ဖွင့်ရောင်းနေသော အငြိမ်းစားဗိုလ်ချုပ်လွန်းမောင်က ပြောကြားလိုက်သည်ဟု သတင်းရရှိသည် ၊ ဒီအတိုင်းဆက်ပြီး လောဘဇောတိုက်နေရင် ဆက်ပြီးချုပ်ကိုင်ထားမယ်ဆိုရင် သူ့အတွက် ရွေးစရာလမ်း သိပ်ကျန်မှာ မဟုတ်တော့ဘူး ၊ အခုလည်း သူ့ကို တပ်ထဲမှာရော အပြင်မှာရော ဘယ်သူမှ လက်မခံကြတော့ဘူးလေ ၊ ဒါအဖြစ်မှန်လေ ၊ မဟုတ်တာလုပ်ထားရင်တော့ ပြန်ခံရမှာပဲ ၊ ဒီသဘာဝကြီးကိုတော့ ဘယ်သူမှ လွန်ဆန်လို့မရဘူး ၊ တစ်ခုတော့ ရှိတယ် သူ့အမှားတွေကို ဝန်ချတောင်းပန်ပြီး စစ်တပ်ကို နေရာမှန်ရောက်အောင် သူကိုယ်တိုင်က ပြန်တည့်ပေးလိုက်တာမျိုးဆိုရင်တော့ တမျိုးပေါ့ ၊ ဒီအတိုင်းဆက်သွားလို့ကတော့ ဟိုမှာ ကျန်ဇီးမင်းတို့ ဟူကျင်တောင်တို့ကြည့်ပါလား ၊ သူ့ထက် အဆက်တစ်ရာတစ်ထောင်လောက် သြဇာပါဝါရှိခဲ့တာလေ ၊ အခု တရားရုံးမှာလာရင်ဆိုင်ဖို့ ဖမ်းဝရမ်းအထုတ်ခံထားရပြီမဟုတ်လား ၊ သူ ဒါကို သဘောပေါက်သင့်ပြီ ၊၊ (နေပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာသော အင်တာဗျူးသတင်းဖြစ်သည်)

No comments:

Post a Comment