Shwe Dagon

Shwe Dagon

Saturday, November 30, 2013

သူခိုးတွေ ဆီက အလှူ လက်ခံ ပြီး ဘာတရားတွေ များ ဟောပါသလည်း ဘုရား.



သူခိုးတွေ ဆီက အလှူ လက်ခံ ပြီး ဘာတရားတွေ များ ဟောပါသလည်း ဘုရား....။ သီလတော့ ကိုယ်တော်တို့ ပေးရမှာပေါ့နော်....။ အာဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ ဆိုတော့....ပါးစပ်က လှုပ်ရုံလှုပ် ...စိတ်ထဲ မတော့ ... ခဏ သီးခံပါဘုရား.....ခိုးလက်စလေး မပြတ်သေးလို့ နောင်များမှ အာဒိန္နာ ပါတော့မယ် ဘုရားလို့ အောင်သောင်းကြီး စိတ်ထဲက ပြောနေမှာ ....သိနေသလို ရှိရဲ့...။ ကိုယ်တော်တို့ သူခိုးကို လက်ခံ ...ပြည်သူကို ရန်တိုက် ...ရွာဆူအောင် လုပ်နေတာ.... စိတ်ထဲ မှာ သင်္ဃန်းကြီး အားနာ မနာ သိချင်ပါရဲ့...။ ပြည်သူတွေ နှိပ်စက်တဲ့ သူခိုးတွေ လက်ခံရင်...မြတ်စွာ ဘုရားသက်တော်ထင်ရှားရှိရင်.... အရှင်ဘုရာကို ချီးမွှမ်းမယ် လို့ ထင်လို့လား ကိုယ်တော်....။ ရှင် ဒေ၀ဒတ်ကြီး အဇ္ဖာသတ် ကို အဖေသတ်ဘို့ သင်ညာပေးသလို ....ကိုယ်တော့် အဖြစ် ဖြစ်နေတယ်လို့ မထင်ဘူးလားဘုရား...။ ဘာလို့ ဆို အရှင်ဘုရား လေးစားလှပါချီရဲ့ လို့ ဇန်းတင်နေတဲ့ ဦးသိန်းစိန်ကြီး ကိုယ်တိုင်က..... လစဉ် လတိုင်း ရေဒီယိုက ပြည်သူလူထုကို ...မိဘပြည်သူတွေ....မိဘပြည်သူတွေလို့....ထပ်ချီတလည်းလည်း ဖော်ကျူးနေတာ....သတိမထားမိလေရော့ သလား ဘုရား....။ ကိုယ်တော် ဒီပုံ ဒီတိုင်း ဆက်သွား....ကိုယ်တော်...ဂိုဏ်းသင့်တော့မယ်....။ ရှင်ဒေ၀ဒတ်ကြီး လို ဖြစ်လာရင်တော့ ...မိဘပြည်သူလည်း မကယ်နိုင်ဘူးနော....။ Photo Credit- Thunder Pa Yit



မနေနိုင်လို့ ၀င်ပြောမိတာပါ။ နိုင်ငံရေး နဲ့ ပါတ်သတ်ပြီးတော့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အားနည်းချက်တွေ၊ အားသာချက် တွေ ဆိုတဲ့ ကိစ္စကိုတော့ ၀င်ရောက်မဆွေးနွေးချင်ပါဘူး။ဒါပေမယ့် ဘုန်းတော်ကြီး ဦးဝီရသူ ပြောတဲ့ စကားတစ်ခွန်း က တော်တော်လေးကို ပဲ ရယ်စရာကောင်းပါတယ်။ စောင့်လေမျိုးနွယ်လို့ ဘုရားဟောခဲ့တယ် လို့ ဆိုပါတယ်။ ဒေါ်စုက နိုင်ငံခြားသားကို ယူလို့ အမျိုးမစောင့်ဘူး ဆိုတဲ့ သဘောပြောတာပါ။ ဟုတ်ကဲ့ ဘာသာရေး နဲ့ ပြောလို့ ဘာသာရေး နဲ့ပဲ ကျွန်မပြောပါ့မယ်။ မြတ်စွာဘုရားလက်ထပ်မှာ လည်း အင်မတန် ဘုရားကို ကြည်ညိုတဲ့ သောတာပန် ဖြစ်ပြီးတဲ့ သူတွေ ဘာသာခြားနဲ့လက်ထပ်တာရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ကိုးကွယ်မှုကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ မိဘ တွေ ဆိုရင် လည်း ဗုဒဘာသာမဟုတ်ပါဘူး။ ဒေါ်စု ရဲ့ ခင်ပွန်းဖြစ်သူဟာ ပါဠိ စာပေကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်ပြီးတော့ ဗုဒဘာသာဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။ နိုင်ငံခြားသား ဖြစ်ပေမယ့် ဗုဒ္ဒဘာသာဝင်ပါ။ ဒေါ်စု ဟာ ဆိုရင် လည်း မိရိုးဖလာ ယုံကြည်မှု မျိုးထက်ပိုတဲ့ ဗုဒဘာသာ ၀င်တစ်ယောက်ဖြစ်ပါတယ်။ ပဏိတာရာမ ရွှေတောင်ကုန်းနဲ့ ချမ်းမြေ့ဆရာတော်ဘုရား ရဲ့ တရားပြသမှု ကို ခံယူထားပြီးတော့ သတိပဌာန် တရားကို ကောင်းကောင်းအားထုတ်နားလည် ထားသူပါ။ ဒေါ်စုသားတွေက အဖြူစပ်တာမို့ ဒေါ်စု သမတ မဖြစ်သင့်ဘူး ဆိုတဲ့သူတွေကိုလည်း ကျွန်မပြောချင်ပါသေးတယ်။ ဟိုးအရင် ဘုရင်ခေတ်ကလိုမျိုး ဘုရင်သေ ရင် သားတွေ ဘုရင်ဖြစ်တဲ့ခေတ်မှမဟုတ်တာပဲ။ ဒါဟာ လူတစ်ယောက်ကိုအပြစ်မရှိအပြစ်ရှာ ပြီး အောက်လမ်းနည်းသုံးပြီးတော့ ထိုးနှက်တိုက်ခိုက်တဲ့ နည်းမျိုးပါ။ အလကားနေရင်း ကျွန်မတို့ရဲ့ မြတ်စွာဘုရား(ဗုဒဘာသာကို ) ထိခိုက်စေမယ့် ၊ ဘုရားကို " ဒိုင်း "လိုကာပြီးတော့ ပြောတဲ့ အပြောမျိုးတွေကို မပြောစေချင်ဘူး။ သိက္ခာရှိရှိ၊ အဆင့်တန်းရှိရှိ ပဲ ဒေါ်စုရဲ့ နိုင်ငံရေး နဲ့ပါတ်သတ်လို့ ကြိုက်တာ၊ မကြိုက်တာ၊ အားရတာ၊ မအားရတာကို ဆွေးနွေးဝေဖန်သင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသားနဲ့ယူထားလို့ဆိုတဲ့စကားလုံးတွေကိုကြားရတာ အင်မတန်အော်ဂလီဆန်မိပါကြောင်း............................................ ref .. pan yeik phyu . ဖီလော်ဆိုဖာမောင်မြသာ

No comments:

Post a Comment