Shwe Dagon

Shwe Dagon

Thursday, November 21, 2013

သရဲကြီးသန်းရွှေ

Photo: စစ်သည် ရဲဘော်များအကြား ဦးသန်းရွှေကို သရဲကြီးသန်းရွှေဟု နာမည်ပြောင်လုပ်၍ ခေါ်ဝေါ်နေကြ

(နေပြည်တော် အထူးသတင်း)

နေပြည်တော်ရှိ လမ်းဆုံလမ်းခွများတွင် တာဝန်ကျလျှက်ရှိသော စစ်သည် ရဲဘော်များအကြား ဦးသန်းရွှေကို သရဲကြီးသန်းရွှေဟု နာမည်ပြောင်လုပ်၍ ခေါ်ဝေါ်နေကြကြောင်း သိရသည် ၊

ယခင်တပ်မတော် အတွင်းရှိစဉ်ကလည်း အာဏာကိုမက်မော အာဏာနဲ့အုပ်ချုပ် ယခုတပ်မတော်မှ အငြိမ်းစား ယူသွားပြီဖြစ်သော်လည်း ယခင်ရာထူးကို မစွန့်လွှတ်နိုင်ပဲ အာဏာပါဝါပြချင်နေသော ဦးသန်းရွှေကို အာဏာကို မစွန့်နိုင်သဖြင့် သေပြီးမကျွတ်မလွတ်ဖြစ်ကာ 

သရဲဘဝကို အရှင်လတ်လတ်ရောက်နေသူအဖြစ် သရဲကြီးသန်းရွှေဟု ဝင်္ကဝုတ္တိ အလင်္ကာဆင်၍ ခိုင်းနှိုင်းခေါ်ဆိုနေကြကြောင်း သိရသည် ၊

တယ်လီဖုန်းဖြင့် ပြောဆိုရာတွင်မူ သန်းရွှေ ကို ဖျြုတ်၍ ( သရဲကြီး အခြေအနေ ဘာကြားသေးလဲဟေ့ ) ဟူ၍ ဦးသန်းရွှေကို သရဲကြီးဟု နာမ်စားဖလှယ် ခေါ်ဝေါ်ကြကြောင်း ကြားသိရသည် ၊

(ကျက်သရေ မရှိတဲ့ သရဲကြီးသန်းရွှေ ဓါတ်ပုံကို အိမ်ဦးခန်း မှာ မထားကြနဲ့ ဟေ့ ၊ ရှုပ်ပါတယ်ကွာ ဘယ်နေရာမှာမှ မထားကြနဲ့ဟေ့) ဟု အချင်းချင်း လက်တို့ကာ တပ်ရင်းတပ်ဖွဲ လိုင်းခန်းများ အတွင် ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြူတ်ချခြင်း ဆုတ်ဖြဲလွှင့်ပစ်ခြင်း စုပုံမီးရှို့ခြင်းများ ပြုလုပ်နေကြကြောင်းလည်း ကြားသိရပါသည် ၊

(နေပြည်တော်မှ ပေးပို့လာသောအထူးသတင်းဖြစ်သည်) 

Hawdeka Khalaylay 

စစ်သည် ရဲဘော်များအကြား ဦးသန်းရွှေကို သရဲကြီးသန်းရွှေဟု နာမည်ပြောင်လုပ်၍ ခေါ်ဝေါ်နေကြ

No comments:

Post a Comment