Shwe Dagon

Shwe Dagon

Sunday, November 10, 2013

ကလိမ်ချုံတွေထဲမှာ ယုံငယ်တွေ ၀င်အောင်းကြသတဲ့



                

          ကလိမ်ချုံတွေထဲမှာ ယုံငယ်တွေ ၀င်အောင်းကြသတဲ့
ဒီကနေ့ နိုင်ဝင်ဘာ ၈ ရက်မှာ စာရေးသူမိတ်ဆွေတဦး နေပြည်တော် သမ္မတ ရုံးခန်းထဲကို ရောက်သွားတယ်၊ သမ္မတရုံးခန်းဆိုပြီး ကြီးကြီးကျယ်ကျယ် လိုက်မကြည့်ပါဘူးတဲ့…တိုင်းပြည်မှာ သမ္မတ လုပ်နေသူက သူ့ရုံးခန်းထဲမှာ ဘယ် ဓါတ်ပုံတွေကိုထားပြီး တိုင်းပြည်အတွက် သူရှေ့ဆက်ဖို့ သင်္ကေတ တခုခုအနေနဲ့ ရှိသလားလို့လိုက်ကြည့်တာ သူစစ်မှုထမ်းဘ၀က ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ၆ လက်္မ ပတ်လည် မှန်ဘောင်နဲ့ထည့်ထားတဲ့ပုံနဲ့ မိသားစု သမီးနှစ်ယောက်ပုံရယ် ပြီးတော့ မြန့်မာ့ ပုဂံလက်ရာ ယွန်းပန်းကနုတ်ပုံတွေတော့တွေသတဲ့…. ပြီးတော့ ခတ်လှမ်းလှမ်းအခန့်ထောင့်ရဲ့တနေရာမှာ အနံ ၉ လက်္မ အလျား တပေလောက်ရှိမယ့် ဓါတ်ပုံတခုကို ၄၅ ဒီဂရီ စောင်းစောင်းလေးထောင်ပြီးထား ထားတယ်…အဲဒီပုံက သမ္မတကြီး ဗိုလ်ချုပ်ဘ၀က ယခု စာဖတ်နေသူ ချဉ်ပတ်ကြီး ဗိုလ်သန်းရွှေ့နဲ့ တွဲရိုက်ထားတဲ့ပုံဖြစ်နေတယ်..
စာရေးသူမိတ်ဆွေက တခု အသိဝင်သွားလို့ မှတ်မှတ်ရရ ရှာကြည့်နေတဲ့ပုံက သမ္မတကြီးရဲ့ နောက်ကျောတည့်တည့်မှာ ချိပ်ထားတဲ့ သခင်အောင်ဆန်း ဦးအောင်ဆန်း ခေါင်းပေါင်းနဲ့ပုံကြီးကို တခန်းလုံး ၃၆၀ ဒီဂရီနဲ့လှည့်ကြည့်လိုက်တာ မတွေ့ရပါဘူးတဲ့….

မှတ်ပြီလား ကလိမ်ချုံတွေ ဘာအရည်ခြုံထားသလဲ? ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တဲ့ အချိန်က သမ္မတကြီးရုံးခန်းထဲမှာ သခင်အောင်ဆန်းပုံကို ထည်ထည်ဝါ၀ါ ချိပ်ပြထားတာ စာဖတ်သူများ တွေ့ဖူးကြမယ်ထင်ပါတယ်။ အမှန်တော့ ယာယီသဘောလားပဲ…
လွန်ခဲ့တဲ့ (၂) လောက်က လွှတ်တော် ဥက္ကဌကြီးက သူ့ရုံးခန်းထဲမှာပဲ နိုင်ငံခြားသတင်းထောက်တဖွဲ့ကို အင်တာဗျူးပေးဖို့ စီစဉ်ထားလို့ အရေးပေါ် သန့်ရှင်းရေးနဲ့ အခန်းနား ပြင်ဆင်ဖို့ လုပ်ပါတယ်….သန့်ရှင်းရေး တွေက နိုင်ငံရေးနားမလည်ကြပါဘူးတဲ့…ဒါပေမယ့် လွှတ်တော် ဥက္ကကြီး ရုံးခန်းထဲမှာ ဗိုလ်သန်းရွှေပုံကြီးချိပ်ဆွဲထားတာကိုတော့ တွေ့ကြရသတဲ့……….
မှတ်ပြီလား ကလိမ်ချုံတွေ ဘာအရည်ခြုံထားသလဲ? ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်း သူ၏ ရုံးခန်းထဲတွင် ၂ ကြိမ် ဖိတ်ခေါ်တွေ့ဆုံဖူးသည် သို့သော် ထိုအချိန်ဝယ် ဗိုလ်သန်းရွှေ၏ ဓါတ်ပုံအားဖြုတ်ချထားပြီး တွေ့ဆုံခဲ့ကြောင်း စာရေးသူ ပြောလိုသည်။

ထိုသို့ဆိုလျှင် လက်ရှိ အန်အယ်ဒီ ဥက္ကကြီး ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အသက်နှင့် နိုင်ငံ၏ အခက်ကို ကြည့်ဖို့လိုလာသည်…သူမပါတီတွင်းဝယ် သူမအနေဖြင့်၎င်း သူမ၏ပါတီတွင်းမှ ဗဟိုကော်မတီများအနေဖြင့်၎င်း ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယလိုင်း ..ခေါင်းဆောင်အဖြစ် အသင့်ပြင်ဆင်ထားခြင်းမရှိသေးပါ…ကြံဖွတ်တွင် တိုင်းပြည်အား ဆက်လက်ကိုင်တွယ်ရန် အဆင့်ဆင့် အဖွဲ့ပေါင်း များစွာဖွဲ့ထားပြီးဖြစ်သည်။ (မယုံလျင် အနားပေးခံရသော ဗိုလ်ချုပ်ဝင်းမြင့် ပြောဆိုထားချက်များ စာရေးသူတွင် အထောက်ထား ရှိပါသည်။)

အန်အယ်ဒီအား ယုံငယ်လေးလိုသဘောထားကြသလားပင်.. စစ်ဗိုလ်ချုပ်ကြီးများက အာဏာရှင်ကြီး၏ အစီမံဖြင့် လွှတ်တော်ဆိုသော၂၀၀၈ အမိုးကာအောက်တွင် ချုံကြီးတခု တည်ဆောက်ပေးခဲ့ပြီး ထိုချုံပုတ်အတွင်းသို့ အန်အယ်ဒီ ယုံငယ်ပေါင်းများစွာ ၀င်ရောက်ခိုအောင်းနေကြလေသည်။ 
ယခုအခါ အန်အယ်ဒီမှ ၄င်း၏ ရွေးကောက်ပွဲဝင် ခေါ်သံအတိုင်း ၂၀၀၈ ကို ပြင်ဆင်မည့်လိုင်းပေါ်သို့ တက်လေပြီ အသစ်ပြန်ရေးဆွဲရေးလိုင်းအား လိုက်ကာချကာ အများပြည်သူ ထောက်ပြလာမှုမရှိအောင်ပင် စကားလုံးကြီးကြီးများဖြင့် ချိမ်းခြောက် ကာ စကားပြောပြီး ပြင်ဆင်ရေးကိုသာ စည်းရုံးနေလေသည်။

ပြည်သူများ သနားဖို့ကောင်းလေစွ ..အန်အယ်ဒီမှာနီးသောခရီးအား လမ်းရှည်ရှည်ဖြင့် လျောက်နေပေမည်…၂၀၀၈ အခြေခံ နာဂစ် ဥပဒေအာ ပြင်ဆင်ကြသည်ဆိုရာဝယ်…အပိုက်ပေါင်း ၁၆၂ ပိုဒ်နှင့် အခန်း ၇ ခန်းအား ပြင်ဆင်ရန် ပြုလုပ်ကြရမည်ဖြစ်ပြီး ထိုပြင်ဆင်ဖို့ ကာလသည် လက်ရှိ လွှတ်တော် စည်းမျဉ်းများအရကိုပင် ပြင်ဆင်စရာတခုအား ၂ ပတ်ကြိုတင်ကာ တင်ပြထားပေးပြီးမှ လွတ်တော်မှ ဆွေးနွေးခွင့် ပြုခြင်းမပြုခြင်း သိရမည်ဖြစ်ပြီး …ဆွေးနွေးခွင့်နှင့် ပြင်ဆင်ရန် လွှတ်တော်တွင်း ထောက်ခံမဲရယူရန် ၂ ပတ်ထပ်ကြာမည်ဖြစ်ရာ စုစုပေါင်း ၁ လ အနည်းဆုံးကြာလေမည် ။

အပိုက်ပေါင်း ၁၆၂ ခုအတွက် လပေါင်း ၁၆၂ ကြာမြင့်မှသာလျင် ပြင်ဆင်မှုပြီးဆုံးနိုင်မည်ဖြစ်ရာ ၂၀၁၅ ရွှေးကောက်ပွဲ ဖြစ်လာစရာမရှိပဲ အခြေခံဥပဒေ ပြင်ဆင်ရေးကာလနှင့် လုပ်ငန်းများကြောင့် နောက်ထပ် ၁၄ နှစ်ကြာမှသာ…ရွှေးကောက်ပွဲတခု ဖြစ်လာနိုင်စရာရှိပါကြောင်း …………မယုံလျင် စောင့်ကြည့်နိုင်ပါသည်..စာရေးသူတွင် အချက်လက် အခိုင်မာ ရှိပါ၏… မယုံလျင် ယနေ့ မန္တလေးမှာ ရွှေမန်း ဘာပြောသလဲ အပြည်စုံကို ပြည်သူသိအောင် ဟိုက်လိုက်လုပ်ပါ….စကားကြွင်းကိုဖေါ်ပြပြီး ..စကာကျန်ကို မြုပ်ထားတာမျိုး မီဒီယာများမလုပ်သင့်ပါ…

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

No comments:

Post a Comment