Shwe Dagon

Shwe Dagon

Wednesday, November 20, 2013

ဦးသန်းရွှေ နဲ့ လက်ရှိ စစ်တပ်ထဲက ထိပ်ပိုင်းခေါင်းဆောင်တွေ ကတောက်ကဆ ဖြစ်တယ်သတင်းကြောင့်တေဇရဲ့ AGD ဘဏ်ကငွေတွေ နေပြည်တော်ဘက်မှာ ပြန်ထုတ်နေကြပြီ

Photo: ယုံပါလို့တော့ မပြောလိုပါဘူး ၊ ခံရဘူးတဲ့သူတွေတော့ စလှုပ်နေပြီ ၊ ဦးသန်းရွှေသတင်းကြောင့်တေဇရဲ့ AGD ဘဏ်ကငွေတွေ နေပြည်တော်ဘက်မှာ ပြန်ထုတ်နေကြပြီတဲ့ ၊

(နေပြည်တော်သတင်း)

ဦးသန်းရွှေ နဲ့ လက်ရှိ စစ်တပ်ထဲက ထိပ်ပိုင်းခေါင်းဆောင်တွေ ကတောက်ကဆ ဖြစ်တယ်လို့ စနေနေ့က တီးတိုးသတင်းတွေထွက်ပေါ်လာအပြီးမှာ ဒီသတင်းကို ဆက်ကြားရတော့တာပါပဲ ၊

တနင်္လာနေ့ က သိပ်မသိသာပေမယ် အဂါင်္နေ့မှာတော့ နဲနဲ သိသာစပြုလာပါတယ် ၊ စစ်တပ်အထဲက အပ်ထားတဲ့သူတွေ ပြန်ထုတ်တာ များကြတယ်လို့ ပြောပါတယ် ၊

AGD ဘဏ်ကတော့ သိပ်မှုပုံမပေါ်သေးပါဘူး ၊ ခပ်တည်တည်နဲ့ပြန်ထုတ်ပေးနေသေးပါတယ် ၊

ဦးသန်းရွှေ အာဏာ မလွဲခင်မှာ ၅၀၀၀ တန်တွေကို ဘယ်လောက် အတိုင်းအတာ အထိ ထုတ်ခဲ့သလဲ ဆိုတဲ့ အချက်အလက် က အားလုံး စိတ်ဝင်စားနေတဲ့ အချက်အလက်ပါ ၊ 

ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ငွေစက္ကူရိုက်ထုတ်ခဲ့တယ် ဆိုတဲ့ အရေအတွက်ကို ဘယ်သူကမှ မယုံကြည်ပါဘူး ၊ ဒါကလည်း သဘာဝကျပါတယ် ၊

ဟိုးအရင်ထုတ်ထားတဲ့ ၅၀၀ တန် နဲ့ ၁၀၀၀ တန်တွေဟာ ဆိုက်တွေကြီးနေတယ် ဆိုတာ အကြောင်းပြပြိး ၅၀၀ တန်အသစ် ၁၀၀ တန် အသစ် ဆိုက်သေးတွေကိုလည်း ထပ်ထုတ်ခဲ့ပါသေးတယ် ၊ အဲဒီမှာ ဆိုက်ကြီးတွေကို ဆိုက်သေးတွေ နဲ့ ပြန်လဲဖို့ ထုတ်တာလိုလိုနဲ့ 

ဆိုက်ကြီးရော ဆိုက်သေးပါ အသစ်တွေ ထပ်ထုတ်တာကို တွေ့ခဲ့ရပါတယ် ၊ လှည့်လည်သုံးစွဲငွေ အထဲမှာ စာရင်းရှိရော စာရင်းမရှိပါ ရိုက်ထားတဲ့ စက္ကူပိုက်ဆံတွေ ပဲ များလာတဲ့ သဘောရောက်နေပါတယ် ၊

ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ အချိန်မှာ ငွေရေးကြေးရေး အရှုပ်ထုတ်တွေကို ပြန်ရှင်းသင့်တယ်ဆိုပြီး ပညာရှင်တွေက ထောက်ပြဝေဖန်ခဲ့ပေမယ့် ဦးသိန်းစိန်က ဒါကို အရေးတယူ ဆောင်ရွက်ခဲ့တာ မရှိပဲ ကျပ် တစ်သောင်းတန် ငွေ စက္ကူကိုပါ 

ထပ်ထုတ်လိုက်ခဲ့ပါတယ် ၊ အဲဒီလိုလုပ်လိုက်လို့ တရားမဝင် စာရင်းမရှိ တိတ်တိတ်ရိုက်ထုတ်ထားခဲ့တဲ့ ၁၀၀၀တန် နဲ့ ၅၀၀၀တန် ငွေစက္ကူတွေဟာ ဒီဘက်အစိုးရလက်ထက် မှာ တရားဝင်စာရင်းနဲ့ထုတ်ခဲ့တဲ့ တစ်သောင်းတန်တွေ နဲ့ တိတ်တိတ် ပြန် လဲခွင့်ရသွားတော့ တာပါပဲ ၊

ဒီလို ၁၉၈၈ ကနေ ၂၀၁၀ အထိ တပ်မတော် တာဝန်ယူတဲ့ကာလမှာ ဦးသန်းရွှေ အမိန့်နဲ့ ပိုက်ဆံတွေ ဘယ်လောက်ရိုက်ထုတ်ခဲ့သလဲဆိုတာက လက်သည်ပေါ်အောင် စစ်လို့ရနေတဲ့ အခွင့်အရေးကြီး တစ်ခု ဆုံးရှုံးခဲ့ရတာပေါ့ ၊

၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြု လိုက်တဲ့ အချိန်ကနေ ၂၀၁၀ အတွင်း ဈေးကွက်ထဲကို စာရင်းမရှိ အင်းမရှိ ရိုက်ထုတ်လိုက်တဲ့ ပိုက်ဆံတွေ အဆမတန်အောင်ရှိခဲ့ပါတယ် ၊ အဲလို ငွေစက္ကူတွေ လှည့်လည်သုံးစွဲနေတဲ့ ဈေးကွက်အထဲကို ရောက်လာတာသာပြောနေတာ 

အဲဒီအချိန်အတွင်းမှာ မြန်မာကျပ်ငွေ နဲ့ အမေရိကန် ဒေါ်လာလဲနှုန်း သိပ်အပြောင်းအလဲမဖြစ်ခဲ့ပါလားလို့ စောဒက တက်စရာရှိပါတယ် ၊ ဒါက ဒီလိုပါ ၊ တစ်ဖက်က ငွေစက္ကူတွေကို စာရင်းမရှိ ရိုက်ထုတ်ပြီး ဈေးကွက်ထဲကို ပို့နေပေမယ့် တစ်ဖက်က 

ဆိုက်ကယ်တွေပေးသွင်းပြိး အခွန်တွေကောက်ခဲ့တယ် ၊ မော်တော်ကားလေလံတွေ နေရာအနှံ့လုပ်ပြီး အခွန်တွေကောက်ခဲ့တယ် ၊ မီတာခခွန် တယ်လီဖုန်းပြောခ အခွန် စတဲ့ အခွန်မျိုးစုံတွေကို မြန်မာငွေတွေ နဲ့ ပဲကောက်ခဲ့ပါတယ် ၊ 

စာရင်းအင်းမရှိ ရိုက်ထုတ်လိုက်တဲ့ငွေတွေက ဈေးကွက်ထဲကို ဘယ်လိုရောက်လာတာလဲလို့မေးရင် ဥပမာတစ်ခုအနေနဲ့ အိမ်ခြံမြေ ဈေးတွေ တက်လာတာပါပဲ ၊ စာရင်းအင်းမရှိ ရိုက်ထုတ်ထားတဲ့ ပိုက်ဆံစက္ကူတွေ နဲ့ ဦးသန်းရွှေရဲ့ အနီးကပ်အုပ်စုဝင်တွေဟာ 

မရွှေ့မပြောင်းနိုင်တာတွေကို မြန်မာနိုင်ငံ အနှံ့လိုက်ဝယ်ကြတော့တာပါပဲ ၊

နောက်ထူးခြားချက်တစ်ခုပြောရမယ်ဆိုရင် ရိုက်ထုတ်ထားတဲ့ FEC ငွေစက္ကူပါ ၊ အဲဒီ FEC ငွေစက္ကူတွေကိုလည်း အများကြီးရိုက်ထုတ်ခဲ့တာ နောက်ဆုံး ဘာနဲ့ပြန်သိမ်းတာလဲဆိုတော့ တစ်လခံ သုံးလခံ ဟန်းဖုန်းဆင်းကဒ်တွေ ထုတ်ရောင်းပြီး ပြန်သိမ်းလိုက်တာပါပဲ ၊ 

ဦးသန်းရွှေ အကွက်ရွှေ့တာ အရမ်းသေသပ်ပိရိတာပဲလို့ နိုင်ငံတကာက ပညာရှင်တွေက သြချပြောရတဲ့ အဆင့်ကိုရောက်ခဲ့တာပါ ၊ 

အစိုးရ အလွှဲအပြောင်း မလုပ်ခင် လမ်းကြေးတံတားကြေးကောက်တာတွေကို နှစ်ဆယ်နဲ့ချီပြီး လိုင်စင်တွေ ချပေးခဲ့တာတွေ ၊ အစိုးရပိုင် မြေတွေ စက်ရုံတွေ အဆောက်အဦးတွေကို ရောင်းခဲ့တာတွေက မြင်အောင်ကြည့်ရင် မြင်ရတဲ့ သာဓကတွေပါ ၊ 

အဲဒီလို ဦးသိန်းစိန်လက်ထက်မှာ ကျပ်တစ်သောင်းတန် ငွေစက္ကူအသစ်ကို ကမန်းကတန်း ရိုက်ထုတ်လိုက်ပြီး ဈေးကွက်ထဲရောက်တော့မှ ဦးသန်းရွှေက လက်ထဲမှာ အောင်းထားတဲ့ ၅၀၀၀ တန် ၁၀၀၀ တန်တွေ နဲ့ ဖြေးဖြေးချင်း လဲ သိမ်းလိုက်ကြပါတယ် ၊

အဲလို ၅၀၀၀တန် ၁၀၀၀တန်တွေကို တစ်သောင်းတန် ငွေစက္ကူ အသစ်နဲ့ လဲလို့လည်းပြီးရော ဒေါ်လာလဲလှယ်တဲ့ဈေးကို ၈၀၀ ၈၅၀ ဝန်းကျင်ကနေ ၁၀၀၀ ဝန်းကျင်ရောက်အောင် ဆွဲတင်လိုက်တော့ တာပါပဲ ၊ မရှေးမနှောင်းပါပဲ ငွေစက္ကူအတု သတင်းတွေ ငွေစက္ကူ 

အတုမိတာတွေကို ကြားလာရတော့တာပါပဲ ၊ ထူးခြားချက်က အဲဒီငွေစက္ကူ အတုထွက်တဲ့ သတင်းမှာ ၅၀၀၀တန် နဲ့ ၁၀၀၀တန်ပဲထွက်လာပါတယ် ၊ တစ်သောင်းတန်အသစ်ကိုတော့ အတုလုပ်တဲ့သတင်းထွက်မလာသေးပါဘူး ၊

အခုလည်း ဦးသန်းရွှေ နဲ့ လက်ရှိစစ်တပ်ခေါင်းဆောင်တွေ ကတောက်ကဆဖြစ်ကြတဲ့ သတင်းလဲထွက်လာရော ၊ ဦးသန်းရွှေ ပိုက်ဆံတွေနဲ့ လည်ပတ်နေတဲ့ ဘဏ်လို့ ယူဆရတဲ့ တေဇရဲ့ AGD ဘဏ်က ငွေတွေ ပြန်ထုတ်နေပြီဆိုတာ ဖြစ်လာတာပါပဲ ၊

ယုံပါလို့တော့ မပြောလိုပါဘူး ၊ ခံရဘူးတဲ့သူတွေတော့ စလှုပ်နေပြီ ၊ တေဇရဲ့ AGD ဘဏ်ကငွေတွေ နေပြည်တော်ဘက်မှာ ပြန်ထုတ်နေကြပြီတဲ့ ၊ ရွှေဈေးကျနေတာနဲ့တော့ အတော်ပေါ့ ၊

(နေပြည်တော်မှ ပေးပို့လာခြင်းဖြစ်ပါတယ်) 
Hawdeka Khalaylay 

ယုံပါလို့တော့ မပြောလိုပါဘူး ၊ ခံရဘူးတဲ့သူတွေတော့ စလှုပ်နေပြီ ၊ ဦးသန်းရွှေသတင်းကြောင့်တေဇရဲ့ AGD ဘဏ်ကငွေတွေ နေပြည်တော်ဘက်မှာ ပြန်ထုတ်နေကြပြီတဲ့ ၊

No comments:

Post a Comment