Shwe Dagon

Shwe Dagon

Thursday, October 24, 2013

မူးယစ်ဆေးဝါးနှင့်တပ်မတော်

WEDNESDAY, 23 OCTOBER 2013 16:48 သျှမ်းသံတော်ဆင့်
E-mailPrint
ယခုလဆန်းပိုင်းက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးကြောင့် တာချီလိတ်ခရိုင်အတွင်းရှိ တပ်ပိုင်းအရာရှိ အချို့နှင့် အပေါင်းအပါ ၁၀ ယောက်ကျော် ခေါ်ယူစစ်ဆေးခံနေရကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာ အုပ်စု
  ရဲတပ်ဖွဲ့မှ ယခုလ ၃ ရက်နေ့က ဖမ်းမိ သော မူးယစ်ဆေး ဝါးကိစ္စကြောင့် ဒေသအတွင်းအခြေစိုက် ခမယ ၅၇၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော် လင်း နှင့် စပ်ဆိုင်သူ ၁၇ ဦးအား ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဆင့်ခေါ်ကာ စစ်ဆေးမှု ပြုလုပ် နေကြောင်းနီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။
(ဓါတ်ပုံ-http://www.tachileik.net)

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့စစ်တပ်ဖွဲ့ဝင် လားဟူအမျိုးသားတဦးက - “၁၈ ရက်နေ့ လောက် တုန်းက ခေါ်သွားတယ်။ ခမယ ၅၇၂ တော့ မပါဘူး။ ၅၇၁ ရင်းမှူး နဲ့ သူ့အဆက်တွေ အားလုံး တြိဂံတိုင်း ရုံးက တိုက်ရိုက် ဆင့်ခေါ်တာ။ အားလုံးကို ဖမ်းထားတယ်လို့ ကြားတယ်။” - ဟု ပြောသည်။

ထို့အတူ နီးစပ်သည့်အသိုင်းအဝိုင်းတဦးကလည်း တာချီလိတ်အခြေစိုက် စစ်ဗျူဟာက ပြည်သူ့စစ်ခေါင်း ဆောင် ဦးဂျလောဘိုအား လိုအပ်သည့်အချိန်ခေါ်ယူစစ်ဆေးနိုင်ရန် ခြေချုပ်သဘောဖြင့် ခရီးဝေး သွားလာခြင်းမပြုဖို့ ဝန်ခံလက် မှတ်ထိုးခိုင်းထားသည်ဟု ပြောသည်။

ဖေဖော်ဝါရီလကုန်က တာချီလိတ်အခြေစိုက် ခမရ ၃၃၁ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးဇေယျာဝင်း နှင့် ဒုတပ်ရင်းမှူးတို့ မူးယစ်ဆေး(တြိဂံဒေသ ဝမ့်ဆမ်ဖူးရွာ၌ ဖမ်းဆီးရမိ ရာဘဆေးပြားအစည်းပေါင်း ၇၀၀ ၊ တထုပ်လျှင် ရာဘအပြားနှစ်ထောင်၊ တစည်းလျှင်အပြားပေါင်း နှစ်သောင်း) ကိစ္စကြောင့် ပစ်ခတ်မှုဖြစ် ပွားပြီး တပ်ရင်းမှူး သေဆုံးခဲ့ရ၏။ အဆိုပါ ကိစ္စကြောင့် တာချီလိတ် စစ်ဗျူဟာမှူးလည်း တြိဂံစစ်တိုင်းရုံး မှ ခေါ်ယူထိန်းသိမ်းခြင်းခံခဲ့ရသည်။

တြိဂံဒေသတွင်း မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းမရှိသော်ငြားလည်း တရုတ်အစိုးရပြောဆိုသကဲ့သို့ မူးယစ်ဆေးဝါး ပပျောက်သွားခြင်း မရှိဘဲ ပိုမို၍ပင် များပြားလာနေသေးသည်ဟု မြန်မာ့မူးယစ် အရာ ရှိကြီး တဦးက သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့သို့ ဇွန်လက ပြောပြဖူးပါသည်။

No comments:

Post a Comment