Shwe Dagon

Shwe Dagon

Saturday, October 26, 2013

ဦးသန်းရွှေကို ဦးသူရရွှေမန်း စိန်ခေါ်လိုက်ပြီ

5 hours ago
ဦးသန်းရွှေကို ဦးသူရရွှေမန်း စိန်ခေါ်လိုက်ပြီ

ဖြစ်ပုံက ဒီလိုပါ . . .

ဦးသူရရွှေမန်းဟာ တပ်ထဲမှာ ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ ရှိစဉ်က သူ့ကို လက်အောက်ငယ်သားတွေက လေးစားကြည်ညိုကြပါတယ် ၊

သူ့ကိုယ်သူလည်း ဦးသန်းရွှေ ပြီးရင် ကာကွယ်ရေးဦးစီချုပ်ဖြစ်မယ်လို့ ယုံကြည်ထားသူပါ ၊

ကာကွယ်ရေး ဦးစီးချုပ် မလုပ်ပါ နဲ့ တော့ ဆိုပြီး ဦးသန်းရွှေက အကွက်ရွှေ့တဲ့ပုံစံ နဲ့ သူ့ကိုဖယ်ထုတ်လိုက်တာကို ဦးသူရရွှေမန်း အမြင်မကြည်ခဲ့ပါဘူး ၊

ဦးသူရရွှေမန်း တပ်ထဲကထွက်သွားပြီးတဲ့ နောက်မှာ သူ့ကို မဟုတ်မတပ်ဇာတ်လမ်းတွေထွင်ပြီး တပ်ထဲမှာ ဝါဒဖြန့်တိုက်ခိုက်တာကို ပြန်သိရတော့ သူတော်တော် အံ့အားသင့်သွားပါတယ် ၊

အဲဒီနောက်မှာ မြောက်ကိုးရီးယား နဲ့ ညူကလီယားလက်နက် ကိစ္စတွေမှာ ဦးသူရရွှေမန်းက သူလုံးဝမပါဝင် မပါတ်သတ်ပါဘူးလို့ အတိအလင်းငြင်းဆိုပါတော့တယ် ၊

လွှတ်တော် အထက်မှာ ကောင်းကင်ကြီးပဲရှိပါတယ်လို့လဲ ဦးသူရရွှေမန်းက ပြောထားပါတယ် ၊

အဲဒီနောက်မှာ ဦးသူရရွှေမန်းဟာ ဖွဲ့စည်းပုံမှာ လွှတ်တော်ရဲ့ အရိပ်အောက်ကနေ ရှောင်ထွက်လို့ ရနေတဲ့ အစိုးရကို နည်းမျိုးစုံနဲ့ ဝက်အူရစ်တော့ တာပါပဲ ၊

အစိုးရက လက်ဝါးကြီးအုပ်ထားတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကိုလည်း နှိပ်ကွပ်နိုင်ခဲ့ပါတယ် ၊

အစိုးရ ဘတ်ဂျက်တွေကိုလည်း ဖြတ်တောက်ပစ်နိုင်ခဲ့ပါတယ် ၊

သူ့ကိုခင်မင်လေးစားတဲ့ စာရင်းစစ်ချုပ် ဦးလွန်းမောင်ဆီက သတင်းအချက်အလက်တွေ နဲ့ ဌာနဆိုင်ရာတွေကို ကိုင်တွယ်ခဲ့နိုင်လို့ အခုလက်ပံတောင်းတောင် အရေးအခင်းကြီးဖြစ်နေပါတယ် ၊

ဒီကနေ့ကာလမှာ ယခင်ထောင်လှမ်းရေးအဖွဲ့ အကြီးအကဲ ဗိုလ်ခင်ညွန့်နဲ့လည်း သင့်မြတ်အောင်နေနိုင်သူလည်း ဖြစ်ပါတယ် ၊

ဦးသန်းရွှေရဲ့ လူရင်းတွေလို့ လူသိများတဲ့ ဦးအောင်သောင်း ဦးဌေးဦးတို့ အုပ်စုနဲ့လဲ တောက်လျှောက် အဆင်မပြေခဲ့ပါဘူး ၊

အသိအသာဆုံးက ၂၀၁၀ ကတည်းက ဦးသန်းရွှေက သူ့ကို သီခြားခေါါ်တွေ့တဲ့ အကြိမ်ရေဟာ လက်တစ်ဖက်တောင် မပြည့်ပါဘူး ၊ 

ဦးရွှေမန်းဟာ စစ်တပ်ထဲကနေ မတရားသဖြင့် ဖိအားပေး အငြိမ်းစားယူခိုင်းလိုက်တဲ့ အရာရှိတွေကို သူ့သားတွေ ဦးဆောင်နေတဲ့ ကုမ္ပဏီတွေမှာ အလုပ်ခန့်ထားပြီး နေရာချပေးနေတဲ့သူပါ ၊

ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်ကသတင်းစာရှင်းလင်းပွဲမှာ ဦးသူရရွှေမန်းပြောခဲ့တဲ့ စကားတွေဟာ ရန် ငါ ဖြတ်တဲ့ စကားပုံစံမျိုးတွေ ဖြစ်နေပါတယ် ၊

ဦးသန်းရွှေကို စိန်ခေါ်နေတဲ့ စကားမျိုးတွေ ဖြစ်နေပါတယ် ၊

ဦးသန်းရွှေဟာ အငြီမ်းစားယူသွားပြီ ဖြစ်တဲ့ အတွက် အုပ်ချုပ်ရေးပိုင်း ဥပဒေပြုရေးအပိုင်း နဲ့ တရားစီရင်ရေး အပိုင်းတို့မှာ ဝင်ရောက်စွက်ဖက်ဆောင်ရွက်ခွင့် မရှိတော့ပါဘူး လို့ ပြောလိုက်တာဟာ ဦးရွှေမန်းက ဦးသန်းရွှေကို အတိအလင်း ကန့်သတ်လိုက်တာပါ ၊

သူ့စီပွားရေးလုပ်ငန်းတွေကို အချိန်မရွှေးဝင်ရောက် စစ်ဆေးနိုင်တယ်လို့ အတိအလင်းကြေငြာလိုက်တာဟာလဲ ဦးသန်းရွှေ ၊ ဦးအောင်သောင်း နဲ့ အပါးတော်မြဲ ခရိုနီတွေ အစိုးရနဲ့လွှတ်တော်အထက စစ်ဖက်အရာရှိဟောင်း ဦးသန်းရွှေဘက်တော်သား အမတ်တွေကို 

သူ့လိုလိုက်ကြေငြာရဲသလားလို့ စိန်ခေါ်လိုက်တာပါ ၊

ဖွဲ့စည်းပုံကို
မဖြစ်မနေပြင်မှဖြစ်မယ် လို့ ပြောတာဟာလည်း နောက်ပြန်ဆွဲချင်နေတဲ့ စစ်တပ်အထဲက ဦးသန်းရွှေရဲ့ ကေဒါတွေကို စိန်ခေါ်လိုက်တာပါပဲ ၊


မည်သည့် အဖွဲ့ အစည်း ၊ မည်သည့်နိုင်ငံ ၊ ပြည်တွင်းပြည်ပ မည်သည့်နေရာကပင်ဖိအားပေးတာဖြစ်ပါစေ ဖွဲစည်းပုံပြင်ဆင်ရေးကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ဆက်သွားမယ်ကြေငြာလိုက်တာက တရုတ်ကို ဝင်မပါနဲ့လို့ သတိပေးလိုက်တာပါ ၊

ဦးသန်းရွှေဟာ လက်ရှိမြန်မာံနိုင်ငံရေးအပေါ် စိုးရိမ်မှုရှိနေတယ်လို့ြေုပာဆိုလိုက်တာဟာ စစ်တပ် အစိုးရ နဲ့ လွှတ်တော် တို့ကို နောက်ကျောကနေ ထိန်းချုပ်ဖို့ 
ဦးသန်းရွှေကြိုးစားနေတယ်လို့ အတိအလင်းပြောလိုက်တာပါပဲ ၊

ဦးသန်းရွှေ လက်ထက် တိုင်းပြည်စုတ်ပြတ်သတ်သွားတာကိုလည်း စာကားလုံးလှလှလေးသုံးပြီ ဖြေခဲ့တာကိုလည်း တွေ့ရမှာပါ ၊

သေသေချာချာ အာရုံစိုက် စဉ်းစားလိုက်ရင်တွေ့နိုင်ပါတယ် ၊

ဦးသူရရွှေမန်းတစ်ယောက် ဦးသန်းရွှေကို စိန်ခေါ်လိုက်ပါပြီ . . .

No comments:

Post a Comment